ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ဦးအောင်သောင်း ဦးဆောင်သော မြန်မာအစိုး ရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ဟာ ၂၀၁၂ခုနှစ် မတ်လ ၈ ရက်နေ့ တွင် ရွှေလီ မြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။ အဲဒီဆွေးနွေးပွဲမှာတော့ -
- ထာဝရတည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်အလို့ငှာ ပင်လုံကတိက၀တ်နှင့် ပင်လုံစာချုပ် ကိုအခြေခံ၍ အမျိုးသားတန်းတူမှုနှင့် တိုင်းရင်းသားများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်များအား အလေးအ နက်ထား ဆွေးနွေးသွားရန် ၊
- KIA စခန်းများနှင့် မြန်မာအစိုးရစစ်တပ်စခန်းများ အလွန်နီးကပ်စွာတည်ရှိနေသဖြင့် ပြသနာများ ဖြစ်ပေါ် လာနိုင်သဖြင့် KIA နယ်မြေအတွင်းရှိ မြန်မာအစိုးရစစ်တပ်စခန်းများအား ပြန်လည်ရုတ်သိမ်းပေးရန် ၊
- KIA နှင့် မြန်မာအစိုးရစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း KIA မှ အထိအခိုက် / အကျအဆုံး များပြားသည့်အပြင် အင်အားနည်းလာပြီဖြစ်၍ တိုက်ပွဲများတွင် ဖမ်းဆီးရမိထားသော KIA တပ်သားများ အား ပြန်လည်လွှတ်ပေးရန်၊
- ကချင်ပြည်နယ်အတွင်း တိုက်ပွဲများစတင်ဖြစ်ပွားချိန်တွင် KIA မှ ကချင်ပြည်နယ်အတွင်းရှိ လမ်း ၊ တံ တားများအား ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ကချင်ပြည်နယ်သားများ၏ လူမှုစီးပွားဘ၀များကို ထိခိုက်စေခဲ့မှုများ အား
လမ်းပန်းဆက်သွယ် ရေးလုံခြုံကောင်းမွန်ရေးနှင့် လူမှုစီးပွားဘ၀မြင့်တင်တိုးတက်ရေးအတွက် လို အပ်သောပြုပြင် တည်ဆောက်ရေး လုပ်ငန်းများကို နှစ်ဘက်ညှိနှိုင်းဆောင်ရွက်သွားမည် ” စသည့် အချက် များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြ တယ်လို့သိရပါတယ်။
ဆွေးနွေးပွဲကိုတော့ မနက် (၈) နာရီမှာစမယ်လို့ပြောထားပေမယ့်လည်း KIO ဘက်က ကိုယ်စား လှယ်အဖွဲ့တွေ အနေနဲ့ အလုပ်မအားလပ်ဟုဆိုပြီး မနက်(၁၀)နာရီမှသာ ပြုလုပ်ဖြစ်ခဲ့ပါတယ်။ ကချင်ပြည် နယ်ငြိမ်းချမ်းရေးရရှိရန် (ယမ်းခိုးယမ်းငွေ့ကင်းစင်ရန်) အတွက် ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စုတစ်ခုလုံးက လိုလားတောင့်တနေတဲ့အချိန်မှာ အခုလို KIAရဲ့ လုပ်ဆောင်မှုဟာ ငြိမ်း ချမ်းရေး ဆွေးနွေးမှုအပေါ် မထီမဲ့မြင် ဂရုမစိုက်တဲ့ပုံစံ ဖြစ်နေပါတယ်။ ကချင်ပြည်သူတွေရဲ့ဆန္ဒကိုမကြည့် ဘဲ လက်နက်ကိုင်စီးပွားရှာပြီး အာဏာယစ်မူးနေတဲ့ စိတ်ဓာတ်တွေနဲ့ ငြိမ်းချမ်းရေးကို ယောင်ပြပြုလုပ်သည့် သဘောလားဆိုတာကိုတော့ ကချင်ပြည်နယ်ရှိတိုင်းရင်းသားတို့ကိုယ်တိုင် ဝေခွဲမရဖြစ်နေပါတယ်။
ဒါ့အပြင် မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းကိုလည်း အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ထင်မှတ်ခြင်းမရှိဘဲ တစ်ဦးပေါ်တစ်ဦး အထင်ကြီးလေးစားမှု မရှိ သည့်လုပ်ရပ်တစ်ခုပင်ဖြစ်ပါတယ်။ လတ်တလောမှာလည်း ဦးအောင်သောင်းဟာ အကျင့်စာရိတ္တချစား မှုတွေနဲ့ပက်သက်ပြီး အင်တာနက် သတင်းစာမျက်နှာတွေမှာ ဝေေ၀ဆာဆာပေါ်ထွက်လာခဲ့ တာကြောင့် ခေါင်းဆောင်ချင်း အလေးမထားတဲ့သဘော ၊ မလေးစားတဲ့သဘောပင် ဖြစ်ပါတယ်။ ဦးအောင်သောင်းဟာ အရင်တုန်းကစက်မှု(၁)၀န်ကြီးဟောင်းဖြစ်ပြီး စက်မှု(၁)စက်ရုံတွေကို ပွဲစားခသန်းနဲ့ ချီးပြီး ကော်မရှင်ယူ လုပ်ကိုင်ခဲ့တဲ့အပြင် အဂတိလိုက်စားမှုတွေကိုလည်း အကြီးအကျယ်လုပ်ကိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း KIO ခေါင်းဆောင်တွေက “ သတ်မှတ်ထားတဲ့အချိန်မှာ လုပ်ချင်မှလုပ်မယ် ၊ ငါတို့ အားတဲ့အချိန်မှာလုပ်မယ် ” ဆိုတဲ့ပုံစံနဲ့ ဆက်ဆံခံခဲ့ရတဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းအတွက်တော့ ခံရခက်ခက်ဖြစ်နေမှာ အမှန်ပါဘဲ။
KIO အဖွဲ့ကို မြစ်ကြီးနားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ မြန်မာအစိုးရက ညှိနှိုင်းခဲ့ပေမယ့် KIO ခေါင်းဆောင်များအနေနဲ့ လက်မခံဘဲ သူတို့ကိုယ်တိုင် တိုက်ရိုက် Control လုပ်နိုင်တဲ့ ရွှေလီမြို့ မှာဘဲ လုပ်ခဲ့တာဖြစ်တယ်လို့ တရုတ်-မြန်မာ နယ်စပ်ရှိ နိုင်ငံရေးအကဲခတ်တစ်ဦးမှ KDN သတင်းဌာနသို့ ပြောဆို လာခဲ့ပါတယ်။


No comments:
Post a Comment