NLD အဖွဲ့မှ မဲဆွယ်စည်းရုံးရေးဆင်းသည့် ဒေါ်စုခရီးစဉ်အတွင်း ကားများ၊ ဆိုင်ကယ်များ လမ်းပြောင်းပြန်မောင်းလို့မောင်း၊ လမ်းအပြည့်မောင်းလိုမောင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို မလိုက်နာ ချိုးဖောက်နေသည့် အပြင် အချင်းချင်း ဆိုင်ကယ်တိုက်မှုများဖြစ်ပျက်နေကြသည့် ဓာတ်ပုံများကို ပြည်သူများ မကြာခဏတွေ့နေကြရသည်။
ယခုလည်း NLD မှ ကားတစ်စီးနှင့် ပြည်သူတစ်ဦးမောင်းလာသော ဆိုင်ကယ်တစ်စီးတို့ တိုက်မိကြရာ ကားပေါ်ပါလာသော NLD ပါတီဝင်များမှာ ကားပေါ်မှ ဆင်း၍ လဲကျနေသည့် ဆိုင်ကယ်နှင့်လူကို မကူညီဘဲ ကိုယ်နှင့် မပတ်သက်သလို နေနေကြသည်။ စည်းမဲ့ကမ်းမဲ့ ကားခေါင်မိုးပေါ်တက်စီး၊ ကားဘေးက ခို လိုက်၊ မောင်းချင်သလို မောင်း၍ ယာဉ်မတော်တဆမှုများ ဖြစ်လာကြသော်လည်း လူမှုရေး စိတ်ဓာတ်ကင်းစွာဖြင့် ကူညီရကောင်းမှန်းမသိကြပေ။ ထိုသို့သော NLD ရှိ လူမှုရေးစိတ်ဓာတ်မရှိ ၊ စာနာကူညီစိတ်မရှိ၊ စည်းပျက်ကမ်းပျက်နိုင်သော စိတ်ဓာတ်ရှိသူများက မည်ကဲ့သို့ တိုင်းပြည်နှင့် ပြည်သူ အကျိုးအတွက် ကိုယ်ကျိုးစွန့် လုပ်ဆောင်ပါမည်ဟု ယုံကြည်ရပါမည်နည်း။ ထို ယာဉ်တိုက်မှုတွင် တိုက်သောကားသည် ပြည်ခိုင်ဖြိုးပါတီမှ ကား သို့မဟုတ် တခြားအရာရှိကြီးတစ်ဦးဦး၏ ကားဖြစ်ခဲ့ပါမူ တရားမျှတမှုရှိပါသည်ဟု ကြွေးကြော်နေသော မီဒီယာများ နှင့် ဝေဖန်ရေးသမားများ မည်သို့ ပြောကြမည်နည်း။ ဝေဖန်ကဲ့ရဲ့ သံများ ကြွက်ကြွက် ညံဆူညံနေပေလိမ့်မည်။ သို့သော် ထိုကားမှာ NLD မှ ကားဖြစ်သွား၍ မည်သည့် မီဒီယာမှ မဖော်ပြကြသလို လူ့သားချင်းစာနာရေး၊ ဥပဒေလိုက်နာရေးဟု အော်နေကြသူများထံမှလည်း မည်သည့်အသံမျှ ထွက်မလာပါ။

လူသားချင်းစာနာကူညီမှု ဆိုတာ NLD မှာ မရှိဘူးလား?
စည်းမရှိကမ်းမရှိ ဆိုင်ကယ်တွေမောင်း၊ တိုက်မိတော့လည်း
အချင်းချင်း ကူညီဖေးမစိတ်မရှိ
ဥပဒေသည် ပြည်ခိုင်ဖြိုးပါတီမှ မဟုတ်၊ NLD မှ မဟုတ် အားလုံးလိုက်နာရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။ တခြားပါတီများမှ စည်းကမ်းတကျ မဲဆွယ် စည်းရုံးနေချိန်တွင် NLD မှလူများသည် စည်းမဲ့ကမ်းမဲ့ဖြင့် အများပြည်သူ
အနှောင့်အယှက် ဖြစ်အောင် လုပ်ဆောင်နေသည်။ ထိုကဲ့သို့ လုပ်ရပ်များဖြင့် စည်းကမ်းပျက်နေသော NLD မှ လူများကို စည်းကမ်း ရှိကြပါ ၊စည်းကမ်း ရှိကြပါဟု တကြော်ကြော် အော်နေသော ဒေါ်စု စကားအတိုင်း အမှန်တကယ် စည်းကမ်းလိုက်နာဖို့ လိုအပ်ကြောင်း ရွှေမြန်မာ အဖွဲ့မှ တိုက်တွန်းလိုက်ရပါသည်။
စည်းပျက်ကမ်းပျက် ကားတွယ်စီးနေသာ NLD အဖွဲ့သားများ
No comments:
Post a Comment