ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သည့် မော်ဒန်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံနှင့် မော်ဒန်ဂျာနယ်၏ မန္တလေး သတင်းထောက် သက်စုအောင်တို့အား သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက အသရေဖျက်မှုဖြင့် တရားစွဲဆိုထားကြောင်း မန္တလး သတင်းထောက် အသိုင်းအဝိုင်းထံမှ သိရသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်ထုတ် မော်ဒန်ဂျာနယ်ပါ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်အကြား ကားလမ်းပျက်မှုကို ရေးသားထားသည့် ” လမ်းလွှဲလေးတော့ ကောင်းစေချင် ” ဆောင်းပါးကြောင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း၊ ယခုအခါ မော်ဒန်ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံသည် မန္တလးမြို့သို့ ရောက်ရှိနေပြီး မနက်ဖြန်တွင် သပိတ်ကျင်းသို့ အာမခံကိစ္စသွားရောက် ဆောင်ရွက်မည် ဖြစ်ကြောင်း The Voice Weekly မန္တလး သတင်းထောက်က သတင်းပေးပို့သည်။
” ဒီဖြစ်စဉ်ဟာ သတင်းမီဒီယာ တစ်ရပ်လုံးကို စိန်ခေါ်လိုက်တာပါပဲ။ အစိုးရအဖွဲ့က ပြောင်းချင်ပေမဲ့ ဗျူရိုကရေစီ ယန္တရားက မပြောင်းသေးဘူး ” ဟု ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်ခုမှ သတင်းအယ်ဒီတာ တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်ကို ရန်ကုန်နှင့် မန္တလးမြို့တို့မှ သတင်းမီဒီယာ လောကသားများ အထူး စိတ်ဝင်တစား လေ့လာ စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။
The Voice Weekly
No comments:
Post a Comment