Tuesday, March 20, 2012
သမ္မတကြီးဦးသိန်းစိန်မရပ်နိုင်သော ကချင်ပြည်နယ်ထိုးစစ်
        ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း(၁၂)နယ်မြေ အင်ပေါင်ကျေးရွာ အနီးတွင် မတ်လ(၁၈) မနေ့ က ကေအိုင်အေ တပ်ရင်း(၁၂)မှ မျိုးချစ်တပ်ဖွဲ့ ဝင်များ နှင့် အဆိုပါဒေသသို့ စစ်အင်အားဖြည့်တင်းရန်စစ်ကြောင်းထိုးလာသော အင်အား(၅၀၀)ခန့် ရှိ မြန်မာစစ်ကြောင်းတို့  တစ်ရက်လုံးနီးပါး တိုက်ပွဲပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအား အသေးစိတ်မသိရသေးသော်လည်း မြန်မာစစ်တပ်ဘက်မှ စစ်ကြောင်းအား ဦးဆောင်သူ အရာရှိကြီးတစ်ဦး သေလုမျောပါး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်းထပ်မံ သိရသည်။
 ကာချုပ် မင်းအောင်လှိုင် က ဘယ်လိုလဲ လူ
 ဒီနှစ် တပ်မတော်နေ့ မှာ  ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် စကားပြောရပါတော့မယ်။သူ
ဟာ နိင်ငံတော်လုံခြုံရေးတို့ ၊ ပြည်ပကျူးကျော်မှုတို့ ၊ နိင်ငံကြီးတနိင်ငံက ခြိမ်းခြောက်နေတယ်။
ပြည်တွင်းအဖျက်သမား၊ လွတ်လပ်ရေး၊အချုပ်အခြာအာဏာ၊ အစဉ်အလာကြီးမားတဲ့တပ်မတော်
စတဲ့ ရိုးအီနေပြီး အသုံးမ၀င်လှတဲ့ စကားလုံးတွေကို  ကြက်တူရွေးအာခေါင်နီလို ရွတ်နေမလား
ဆိုတာကို လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် နိင်ငံရေးအင်အားစုတွေပါဝင်နိင်ဖို့ ၊ တိုင်းရင်းသားတွေ 
နဲ့  လက်တွေကျတဲ့ အပြစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတွေ ကို တပ်မတော်အနေနဲ့ တက်ကြွ
စွာ ပါဝင်လှုပ်ရှား ရေးအခြေခံပေါ်မှာ ရပ်တည်ဖို့ လိုနေပါတယ်။ 
တပ်မတော်ဦးစီးချုပ်မင်းအောင်လှိုင်ဟာ ပြည်သူ တွေ ရဲ့  မျော်လင့်ချက် အလင်းရောင်တခုဖြစ်လာ မှတော့မဟုတ်ပဲ။ အမုန်းကိုခံရသူဖြစ်လာပါလိမ့်မယ်။  ဗိုလ်ချုပ်မင်းအောင်လှိုင် ဟာ အများသူငါယူ ဆနေသလို ဦးသန်းရွှေ နဲ့ ဒေါ်ကြိုကြိုင် တို့  နဲ့ နီးစပ်သူလား  ပြည်သူနဲ့ နီးစပ်သူလားဆို တာ မတ်လ ၂၇ ရက်နေ့ မှာအဖြေပေါ်တော့မှာဖြစ်ပါတယ်။
စောင့်ကြည့်ကြပါစို့ ။ 
No comments: