Tuesday, March 06, 2012

ဟင်္သတမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်


ဟင်္သာတ၊ မတ်လ ၆ ရက်
        မတ်လ ၆ ရက်နေ့ မနက် ၉နာရီ ၄၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတ မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါဗုံးမှာ အုပ်ချုပ်ရေးဦးစီးဌာန အဆောက်အဦးမြောက်ဘက်ခြမ်းရှိ အစည်းအဝေးခန်းမအနီး အမိုးစွန်း အောက်ရေမြောင်းတွင်ခင်းထားသော ကျောက်ပြားအောက်ခြေမှ  ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့       ရာ လူများ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း အဆောက်အဦး အုပ်ကြွပ်အမိုးတွင် ၅ ပေပတ် လည်ခန့် ပျက်စီးခဲ့ပါတယ်။ တာဝန်ရှိသူတစ်ဦးမှ “ ဗုံးက ကျွန်တော်တို့ တန်းစီပြီးချိန်မှာ ပေါက် ကွဲခဲ့တာဖြစ်တယ်.. ဒါဟာ လူတွေကို ထိခိုက်အောင် တမင်တကာ အချိန် ကိုက်ပြီးဆောင်ရွက်တာ ဖြစ်မယ် ” လို့ ပြောကြားခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုနှင့် ပတ်သတ် ပြီးတော့ အသေးစိတ်ကို ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။

No comments: