ရခိုင်ပြည်နယ်၊စစ်တွေမြို့၌ ယနေ့ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်ရခိုင်ပြည်လွှတ်မြောက်ရေး ပါတီနှင့် ရခိုင်ပြည်နယ်အစိုးရအကြားငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက်ပဏာမသဘောတူညီချက်(၅)ခု ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
လက်မှတ်ရေးထိုးနိုင်ခဲ့သည့် သဘောတူညီချက် (၅) ခုကို ရခိုင်ပြည်လွတ်မြောက်ရေး ပါတီမှ ငြိမ်းချမ်းရေး ဒုခေါင်းဆောင် ခိုင်သုခက ယခုကဲ့သို့ပြောသည်။" ဒီလ ၆ ရက်နေ့က စပြီးတော့ ရခိုင်ပြည် လွှတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာတပ်မတော်အကြားအပြန်အလှန် တိုက်ခိုက်နေမူကို ရပ်တန့် ရန်၊ နှစ်ဦးနှစ်ဘက် ဆက်သွယ်ရေး အတွက် ဆက်ဆံရေးရုံးတွေကို ကျောက်တော်နဲ့ ပလ၀က်ဝမှာ ဖွင့်လှစ်ရန်၊ ပစ်ခတ်မူ ရပ်ဆိုင်းတဲ့ ကာလအတွင်း နှစ်ဘက် သဘော တူညီထားသော နယ်မြေ များ အပ နယ်မြေ ကျော်လွန်ပြီး လက်နက်ကိုင်ဆောင် သွားလာမူကို နှစ်ဦး နှစ်ဘက် ကြိုတင် ညှိနိုင်းပြီး မှ ဆောင်ရွက်ရန်၊ အပစ်အခတ် ရပ်စဲထားစဉ် အတွင်း ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ အဖွဲ့ဝင်များ ကို မြန်မာ တနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့် ပြုရန်နဲ့ ပြည်ထောင်စု အစိုးရက ဖွဲ့စည်းထား တဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ငြိမ်းချမ်အဖွဲ့ တို့ နှစ်ဦး နှစ်ဘက်သဘောတူညီတဲ့ အချိန် သဘောတူညီတဲ့နေရာမှာ ရခိုင်ဒေသအတွင်း တည်ငြိမ် အေးချမ်းရေး နဲ့ ဖွံ့ဖြိုး တိုးတက်ရေး စတဲ့ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက် ညှိုင်း ဆွေးနွေးကြရန်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်" ဟု ပြောသည်။
ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အစိုးရဘက်မှ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ အနောက်ပိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဦးလှသိန်း - ပြည်နယ် ဥပဒေချုပ်၊ ဦးစိုးဝင်း ရခိုင်ပြည်နယ် နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့သည်။ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီဘက်မှ ပါတီ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်ပြီး ၁၈ ဦး တက်ရောက်ခဲ့သည်။
" ရခိုင်ပြည်နယ် အစိုးရဘက်ကတော့ ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်ပြီး လက်မှတ်ထိုးပါတယ်။ ကျွန်တော် ALP ဘက်ကတော့ ၄ ဦး လက်မှတ်ထိုးပါတယ်။ ကျွန်တော် တွဲဘက် အထွေထွေ အတွင်းရေးမှူး ၂ ခိုင်သုခု၊ ဗဟို အလုပ်အမူဆောင်ကော်မီတီဝင် ခိုင်ထွန်းလင်း ဒုဗိုလ်မှူးကြီး မိုးချမ်း၊ ဗိုလ်မှူး ခိုင်မျိုးချစ်တို့ လက်မှတ်ရေးထိုးထားပါတယ်" ဟု ခိုင်သုခမှ ဆက်ပြောသည်။ ဆွေးနွေးပွဲကို စစ်တွေမြို့ကမ်းခြေရှိ စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခု ဆွေးနွေးပွဲနှင့် ပတ်သတ်ပြီး အဖွဲ့ဒုခေါင်းဆောင်ဖြစ်သူ ခိုင်သုခက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။“ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်း နဲ့ ဖြေရှင်းဖို့အတွက် ဒါက ပထမအဆင့်လို့ ယူဆတယ်။ ဒါပေမဲ့ ဒီကနေပြီးတော့ နောက်ဆုတ်မသွား ဘဲ ရှေ့ကို အများကြီး ဆက်လက် ဆောင်ရွက် လာနိုင်မယ်လို့ ယူဆပါတယ်။”
သဘောတူညီချက်များမှာ မနက်ဖြန် (ဧပြီလ ၆ ) ရက်နေ့မှ စပြီး အသက်ဝင်မည် ဖြစ်သည်။
ဦးခိုင်စောနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ယမန်နေ့ နံနက်က ရန်ကုန်မှ တဆင့် စစ်တွေမြို့သို့ ရောက်ရှိလာရာ ဒေသခံ ပြည်သူ သိန်းနှင့်ချီ၍ ကြိုဆိုခဲ့ကြခြင်း အပေါ် ကျေးဇူး တင်ကြောင်းနှင့် ယခုကဲ့သို့ ပြည်သူများ ကြိုဆိုကြခြင်းမှာ ALP ပေါ်လစီ မူဝါဒများမှာ ပြည်သူများ လိုလားနေမူနှင့် တစ်ထပ်တည်း တစ်သားတည်း ဖြစ်သည်ကို ဖေါ်ပြနေခြင်း ဖြစ်ကြောင်း ခိုင်သုခမှ နိရဉ္စရာသို့ ပြောကြားသွားသည်။
လွှတ်တော်တွင် ရခိုင် ပြည်နယ်အလံ၊အမျိုးသားဝတ်စုံ ဆန်းစစ်ရေး အဖွဲ့ ဖွဲ့စည်းပြီ
ရခိုင်ပြည်နယ်လွှတ်တော်တွင်ရခိုင်ပြည်နယ်အလံနှင့်ရခိုင်အမျိုးသားရိုးရာဝတ်စုံဆန်းစစ်ရေးအဖွဲ့ကိုအဖွဲ့ဝင် (၅) ဦးဖြင့် ဧပြီလ (၃) ရက်နေ့က ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်းသတင်း ရရှိသည်။
အဖွဲ့ဝင်များမှာ (၁) ဦးလှသိန်း (တရားသူကြီး) အဖွဲ့ခေါင်းဆောင် (၂) ဦးထွန်းမင်း ( သမိုင်းဌါနပါမောက္ခ) အဖွဲ့ဝင်၊(၃) ဦးဇော်ဝင်းလှိုင် ( မြန်မာစာဌာန) အဖွဲ့ဝင်၊(၄) ဦးမွီးလှ (စာရေးဆရာ) အဖွဲ့ဝင် (၅) ဦးဇော်ဇော်ထွန်း (ဗမာ အမျိုးသား) ( ယဉ်ကျေးမှုပြတိုက်မှူး) အဖွဲ့ဝင်တို့ ဖြစ်ကြသည်။ ရခိုင်တိုင်းရင်းသား များ တိုးတက်ရေး ပါတီ ပြည်နယ် လွှတ်တော် အမတ်အများစု ကန့်ကွက်နေသည့် ကြားထဲမှ ယခုကဲ့သို့ ၅ ဦးပါ အလံနှင့် ဆန်းစစ်ရေး အဖွဲ့ကို ရခိုင်လွှတ်တော်တွင် ဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်။ " ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီ အမတ်တွေက အခုအချိန်မှာ အလံတွေ၊ အမျိုးသား ၀တ်စုံတွေကို ဆန်းစစ်ရေးထက် အရေးကြီးတဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့ တင်ပြတာကို လက်မခံဘဲ ကြံ့ခိုင်ရေး ပါတီ အမတ်တွေက မဲခွဲပြီး အလံနဲ့ အမျိုးသား ၀တ်စုံ ဆန်းစစ်ရေး အဖွဲ့ကို ဖွဲ့စည်းလိုက် ပါတယ်" ဟု ရတပ လွှတ်တော် အမတ် တစ်ဦးက ပြောသည်။
ဧပြီလ ၃ ရက်နေ့က ဆန်းစစ်ရေး အဖွဲ့ ဖွဲ့စည်းရေး၊ မဖွဲ့စည်းရေး အဆိုကို မဲခွဲ ဆုံးဖြတ်ရာ ကန့်ကွက်မဲ ၁၆ မဲ၊ ထောက်ခံမဲ ၂၄ မဲ၊ ကြားနေမဲ ၁ မဲ ဖြင့် ကြံ့ခိုင်ရေး ပါတီက အနိုင်ရရှိသွားခဲ့သည်။
ကြံ့ခိုင်ရေး ပါတီ အမတ်များ ဖြစ်ကြသည့် ဘူးသီးတောင်မြို့နယ် အမတ် ဦးမောင်စံရွှေနှင့် ရမ်းဗြဲ မြို့နယ် အမတ် သမ္မတ သင်္ကန်းတိုက် ပိုင်ရှင် ဦးသန်းနိုင်တို့မှလည်း မာန်အောင် ပြည်နယ် လွှတ်တော် အမတ် ဦးသာညွန့်၏ အဆိုကို ဧပြီလ ၃ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေးတွင် ထောက် ခံ ဆွေးနွေးခဲ့ကြပြီးနောက် ဆန်းစစ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၃ ရက်နေ့က ဆန်းစစ်ရေး အဖွဲ့ ဖွဲ့စည်းရေး၊ မဖွဲ့စည်းရေး အဆိုကို မဲခွဲ ဆုံးဖြတ်ရာ ကန့်ကွက်မဲ ၁၆ မဲ၊ ထောက်ခံမဲ ၂၄ မဲ၊ ကြားနေမဲ ၁ မဲ ဖြင့် ကြံ့ခိုင်ရေး ပါတီက အနိုင်ရရှိသွားခဲ့သည်။
ကြံ့ခိုင်ရေး ပါတီ အမတ်များ ဖြစ်ကြသည့် ဘူးသီးတောင်မြို့နယ် အမတ် ဦးမောင်စံရွှေနှင့် ရမ်းဗြဲ မြို့နယ် အမတ် သမ္မတ သင်္ကန်းတိုက် ပိုင်ရှင် ဦးသန်းနိုင်တို့မှလည်း မာန်အောင် ပြည်နယ် လွှတ်တော် အမတ် ဦးသာညွန့်၏ အဆိုကို ဧပြီလ ၃ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေးတွင် ထောက် ခံ ဆွေးနွေးခဲ့ကြပြီးနောက် ဆန်းစစ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment