ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်အပါအဝင် သားနှစ်ဦးသည် သိက္ခာထပ်၊ ရဟန်းခံရှင်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တာမွေမြို့နယ် တာမွေလေးရပ်ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့်နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့မှ အမှူးပြု၍ အလှူဒါနပြုလုပ်ခဲ့ပြီး ဦးခင်ညွန့် အပါအဝင်သားနှစ်ဦးနှင့် မြေး ၅ ဦး တို့မှ သာသနာ့ဘောင်သို့ ဝင်ရောက်ကာ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့် ဆရာတော်မှ ကိုယ်တော်တိုင်သာသနာ့ဘောင်သို့ သွတ်သွင်းပေးခဲ့သည်။ ''ဒါပထမဆုံး ရဟန်းခံတာပါ။ ရဟန်း ဘဝနဲ့ ၉ ရက်လောက်နေမယ်လို့ပြောတယ်'' ဟု ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက် တာဒေါ်ခင်ဝင်းရွှေက ဆိုသည်။ ယင်းရှင်ပြုရဟန်းခံပွဲသို့် တပ်မတော်မှအရာရှိများ၊ အငြိမ်းစား အရာရှိကြီးများနှင့် ၄င်းနှင့်ဆက်စပ်သောအရာရှိ အသိုင်းအဝိုင်းမှ ဧည့်ပရိသတ်ပေါင်း ၂ဝဝ ခန့်တရားနာလာ ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ ဧည့် သည်တော်များပါလာရောက်၍ သိမ်ဆင်းဆွမ်းလောင်း လှူခဲ့ကြသည်။
ဦးခင်ညွန့်သည် ဧပြီလ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရဟန်းဝတ်မှာ ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ကိုးန၀င်းကြေ ဆောင်ရွက်ထားကြောင်းသိရပါသည်။ ကိုးန၀င်းသည် တပ်မတော်ကို ကိုယ်စားပြုသော ဂဏန်းဖြစ်ပြီး တပ်မတော်မှ အရာရှိကြီးများသည် ကိုးဂဏန်းနှင့် ပတ်သတ်သော ပစ္စည်းများအား အသုံးပြုကြသည့်အပြင်၊ ယတြာချေရာတွင်လည်း ကိုးဂဏန်းကို အများဆုံး အသုံးပြုကြပါသည်။ ယခုဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် သည် ပထမဦးဆုံးအကြိမ် ရဟန်းဝတ်ရာတွင် ကိုးန၀င်းကိုက် ဆောင်ရွက်မှုကြောင့် ယတြာချေတာလည်း ဖြစ်နိုင်တယ်လို့ တပ်မတော်မှ အငြိမ်းစားအရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment