Tuesday, April 17, 2012

ဦးသိန်းစိန်အတွက် သတင်းကောင်းတပုဒ်



အနောက်နိုင်ငံများရဲ့ ပစ်မှတ်ထားပိတ်ဆို့မှုခံခဲ့ရသူတဦးဖြစ်တဲ့ ဦးတေဇရဲ့ AGD ဘဏ် (အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်)

သင်္ကြန်အပြီး မြန်မာပြည် "အရပ်သား"အစိုးရအတွက် သတင်းကောင်းတပုဒ် ရှိနေပါတယ် -
မြန်မာနိုင်ငံအပေါ်ဒဏ်ခတ်ပိတ်ဆို့ထားမှုကို သြစတေးလျက ရုပ်သိမ်းလိုက်ပါပြီ တဲ့။

သမ္မတကြီး ဦးသိန်းစိန် အပါအ၀င် ယခင် စစ်အုပ်စု အ၀န်းအ၀ိုင်းထဲက လူပေါင်း ၂၆၀ ကျော်ရဲ့ ဘဏ္ဍာရေး နဲ့ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ သြစီနိုင်ငံခြားရေးဝန်ကြီး Bob Carr က ဒီနေ့ ပြောလိုက်တဲ့အကြောင်း AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

သို့သော် - စစ်လက်နက်ပစ္စည်း ရောင်းဝယ်ခြင်းကိုတော့ ဆက်ပြီး ပိတ်ထားပါတယ် တဲ့။

အခုရုပ်သိမ်းလိုက်တာက အရမ်းအိုကေမှာပါ။ သေနတ်နဲ့ ကျည်ဆံကတော့ အတိုင်းအတာတခုအထိ တခြားနေရာက ၀ယ်လို့ ရ၊ ကိုယ်တိုင်ထုတ်လို့ရနေတာပဲ မဟုတ်လား။

နှစ်သစ်မှာ သမ္မတကြီးတို့အတွက် စိတ်ချမ်းသာစရာတွေ ပေါ်လာပါပြီ။

သမ္မတကြီးတို့ဘက်ကလည်း အများပြည်သူ စိတ်ချမ်းသာအောင် လုပ်ဖို့ ကျန်နေပါသေးတယ်။

ပိတ်ဆို့ထားတာတွေ၊ ဖမ်းဆီးထားတာတွေ၊ တားမြစ် ကန့်သတ်ထားတာတွေကို နှစ်သစ်မှာ လျှော့ချလိုက်၊ ရုပ်သိမ်းလိုက်ရင်တော့ တကယ့် မင်္ဂလာပါပဲ။

http://www.irrawaddyblog.com/2012/04/blog-post_1964.html မှ ကူးယူဖော်ပြပါသည်။

No comments: