ရန်ကုန်၊ ဧပြီလ ၁၆ ရက်
ဧပြီလ ၁၆ ရက်နေ့၊ သင်္ကြန်အတက်နေ့၊ မြန်မာနှစ်တနှစ်ရဲ့ နောက်ဆုံးနေ့မှာ ဧရာဝတီ website ( www.irrawaddy.org ) ကို တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ web defacement နည်းပညာကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သတ်ပြီး သတင်း ၁ ပုဒ်၊ KIA တိုင်းရင်းသားအဖွဲ့အစည်းနဲ့ ပတ်သတ်ပြီး သတင်း ၁ ပုဒ်၊ စုစုပေါင်း သတင်း ၂ ပုဒ်ကို တင်ပေးထားပါတယ်။ ဒီသတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည် မကြာခင်သေတော့မှာဖြစ်ကြောင်းနဲ့ သားအိမ်ကင်ဆာဖြစ်နေတာ ငယ်စဉ်ဘ၀မှာ လိင်ဆက်ဆံမှုများလို့ ဖြစ်တာဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။ ဒီလိုမျိုး သတင်းဌာနတစ်ခုကနေ ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်းကို ပက်ပက်စက်စက် ရေးထားတော့ အများအမြင်မှာ တမျိုးဖြစ်သွားပါတယ်။ ဧရာဝတီ Admin များကလည်း သိသိချင်း ပြန်လည် ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းတွေဟာ အင်တာနက်ပေါ်မှာ ၁ နာရီလောက် ဖော်ပြခဲ့ပြီး ရန်ကုန်မှာတော့ တော်တော်ဂယက်ရိုက်ခတ်သွားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ဖုန်းများဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို လှမ်းမေးကြပါတယ်။ “ကျွန်တော်တို့ကတော့ ဒီသတင်းကို မမှန်ဘူးဆိုတာ ပြည်သူတွေကို ရှင်းပြရပါတယ်။ အမေစုမှာ သားအိမ်ကင်ဆာမရှိကြောင်းနဲ့ အသက်ကြီးပြီး ခရီးကလည်း ဆက်တိုက်သွားနေတော့ နည်းနည်းပင်ပန်းပြီး နားနေတာပါလို့ ပြန်ဖြေပေးရတယ်” လို့ NLD ဆက်ဆံရေးရုံးမှ ပြန်လည် ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အသက်အရွယ် ကြီးရင့်လာမှုကြောင့်သော်လည်းကောင်း၊ ခရီးစဉ်များ ဆက်တိုက်ထွက်နေရခြင်းကြောင့်သော်လည်းကောင်း ကျန်းမာရေး ထိခိုက်ရခြင်းကို အကြောင်းပြုပြီး ဒီသတင်းများထွက်ပေါ်လာတာဖြစ်ပါတယ်။
![]() |
ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ အမေစု ရောဂါသတင်း |
2 comments:
အေဒီသတင်ကအမှန်ဆိုရင်တော တော်လိမ့်မည်ဧရာဝတီရယ်မမှန်ဘူးဆိုရင်တော
မင်ဟာပြည်သူအမုန်စရင်ထဲဝင်သွားလိမ့်မည်nycia
အမေစု ကို သားအိမ် ကင်ဆာ ဖြစ်နေတယ် ပြောရအောင်က အမေစုသည် နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း အာရှတော်ဝင်ဆေးရုံမှာ တက်ပြီး သားအိမ်ထုတ်လိုက် ရတာ မေ့သွားကြပြီလား ။ သားအိမ်မှမရှိတော့တာ ဘယ်လိုလုပ် သားအိမ်ကင်ဆာဖြစ်မှာတုန်း။
Post a Comment