Sunday, April 15, 2012

မဖော်လည်း လှပါတယ် မမတို့ရယ်

  ဒီနှစ်မြန်မာ့ရိုးရာသင်္ကြန်မှာ သင်ဇာဝင့်ကျော်အပါအ၀င် တခြားသောအနုပညာရှင်မိန်းကလေးများနှင့်တကွ သာမန်အပြင်မှမိန်းကလေးအများစုအချို့၏ လက်လန်ရလောက်အောင်ဝတ်စားဆင်ယင်မှု.အပေါ်တွင် အမျိုး မျိုးသော ထင်မြင်ချက်ပေးမှုများရှိခဲ့ပါသည်။ မတင့်တယ်သောကြောင့် ဆန့်ကျင်ဘက်ယောင်္ကျားလေးအချို့မှ မကြိုက်နှစ်သက်ကြောင်း ဝေဖန်မှု.များတွေ့ရသလို ကြည့်ကောင်းပါ၏ လို့မှတ်ချက်ပေးကြသူများလည်းရှိ၏။
ပုရိသများဘက်မှ အမြင်မတော်ပါဟု ပြောကြားသည်ကိုမြင်ရသည်မှာ အတော်လေးတော့ ၀မ်းသာရမည့် အကြောင်းတရားလေးလို့တော့ ယူဆသည်။ ယောင်္ကျားဆိုသည်မှာ မြင်ရင်ကြည့်မည်။ ကြညိ့သောသူမှာ အပြစ်မရှိ ။ပြသောသူမှာသာ အရှက်ရရုံအပြင် ဘာအကျိုးမှမရှိ။ ယခုကဲ့သို့ အမြင်မတော်မှု.မျိုးကို ၀ိုင်းဝန်းဝေဖန်ခြင်းသည် မတရားသဖြင့် တစ်ဖက်သားကို ပြောဆိုနေခြင်းတော့ မဟုတ်ချေ။ မလုပ်သင့်၊ မ၀တ်သင့်၊ မပြုသင့်သည်ကို လုပ်သောသူမှာသာလျှင် ဤအပြောအဆိုကို ခံရုံသာရှိသည်။ ယဉ်ကျေးမှု ပျက်စီးနေသည်မှာ ယခုမှဖြစ်တာတော့မဟုတ်ပေ။ အတော်ကြာနေပေပြီ။ သို့သော် ဤအချိန်မှ သင်္ကြန်ရောက်မှသာ ၀တ်စားမှု.ဆိုးရွားခြင်းသည် ၀တ်ချင်နေသူများအတွက် အခွင့်ကောင်းဟု ယူဆထားပုံရသည်။ ၀တ်ချင်သူများဝတ်သည်။ အမြင်မတော်လျှင် ပြောကြမည်။ ကြိုက်သူများက အားပေးမည်။ ဒါအားလုံးအတွက် ရနေသည့်အခွင့်အရေး။ သို့သော် ထိုပျက်စီးမှု.များကို ရှေးယခင်ကကဲ့ သို့ ရှေ့ဆောင်လမ်းပြအနေဖြင့် လူသိများသော ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်များမှ ၀တ်ဆင်ပြသင့်သည်ဟု status တစ်ခုတွင် ဖတ်လိုက်ရပါသည်။ တစ်ခုတော့ရှိပါသည်။ သူများလုပ်တိုင်းလိုက်မလုပ်သူတွေ များလှသလို ကောင်းတာကိုအတုမခိုး၊ မကောင်းတာမှလိုက်တုချင်တာက ခပ်များများရယ်ပါ။ တစ်တိုင်းပြည် လုံးနီးပါး ချစ်ခင်လေးစားရပါသော ဒေါ်အောင်ဆန်းစုကြည် မည်သို့ဝတ်ဆင်သနည်း။ လိုက်ဝတ်ကြ ပါသလား အားလုံးသောမိန်းကလေးများ ? .....ဒီနေရာမှာ သူ့နေရာနှင့်သူ ၀တ်တတ်ဖို့လည်းလိုပါသည်။ ထမီ၊လုံချည်မှာ နေရာတိုင်းအတွက်တော့ ယခုခေတ်တွင် ၀တ်ဆင်ရအဆင်မပြေပါ။ သွားလာရ အဆင်မပြေဖြစ်ပါသည်။သို့သော် ထမီရင်လျား ပုံစံထက်တောင် မြင်ရအကျည်းတန်သည့် ၀တ်စားမှုသည် မည်သည့်ခေါင်းဆောင်ကောင်း ရှေ့ဆောင်လမ်းပြကောင်းများက လမ်းညွှန်ပြခဲ့၍ ၀တ်ဆင်နေကြပါသနည်း။ မည်သူမပြုမိမိမှုသာ။ ရှိသမျှမိန်းကလေးများကို သူတို့တွေဒီလိုဝတ်နေတယ် ။လိုက်ဝတ်ကြလို့ပြောကြည့်ပါ ။တစ်ယောက်မှနားထောင်မည်မဟုတ်။ ကိုယ်လုပ်ချင်ရာသာလုပ်ကြပေလိမ့်မည်။ လူတစ်ကိုယ်အကြိုက် တစ်မျိုးပေကိုး။ ဒီလိုဝတ်ဆင်ခြင်းကို သဘာဝ ဟုထင်မြင်နေလျှင်တော့ ဒီထက်ပိုပျက်စီးကြရုံသာရှိမည်။ မသင့်တော်ဟု ၀ိုင်းဝန်းပြောဆိုနေကြချိန်တောင် ၀တ်နေကြလျှင် သဘာဝပါကွာ ရှေ့ဆောင်လမ်းပြ လုပ်ပြရမယ်၊ သူတို့တွေပြောင်းလဲဖို့ဟု ပြောနေသူတွေများလာလျှင်တော့ နောင်တစ်ချိန် ကျွန်မတို့ မျိုးဆက်များလက်ထက်တွင် သင်္ကြန်မှမဟုတ် ပုံမှန်အချိန်များတွင်တောင် ရေကူးဝတ်စုံနှင့် အပြင်ထွက် ကြပေတော့မည်။ တန်ဖိုးဆိုတာ စာအုပ်ထဲမှာပြန်ရှာ၊ အာပေါက်အောင်ရှင်းပြရင်တောင် လက်မခံတော့မယ့် သားသမီးများနှင့် နပန်းလုံးနေရပေတော့မည်။ ထို့ကြောင့် ရှေ့ဆောင်လမ်းပြတွေ၊ မော်ဒယ်လ်တွေကို အားကိုးနေလျှင်တော့ ဒီတစ်သက်လုံခြုံလာမည်မဟုတ်။ ရှက်စရာကိစ္စကို ပြုလုပ်သူများမှ အနည်းငယ် သာဖြစ်စေသိနိုင်ရန် ၀ိုင်းဝန်းပြောဆိုမှသာလျှင် တော်ပေလိမ့်မည်။ ဒီထဲကမှ ကြီုက်တယ် ဘာပြောပြော ၀တ်တယ်ဆိုသူတွေလည်းရှိမည်သာ။ ၀တ်ကြပါစေပေါ့။ အနည်းဆုံးတော့ ကိုယ့်အစ်မ၊ညီမ၊ တူမ၊ သားသမီးတွေ ဒီလိုမ၀တ်ရင်ပဲ ၊ ရှင်းပြလျှင်လက်ခံနိုင်ရင်ပဲ တော်ကာကျပါသေးသည်။အမြင်မတော်သည်ကို လက်မခံပဲ ပြောဆိုမှသာ လူနည်းစုကျန်ပေမည်။ အဓိကမှာဝတ်ပြသောမည်သည့်နိုင်ငံခြားမင်းသမီးများ အပြစ်မဟုတ် ။ မစဉ်းစား မဆင်ခြင် အရှက်မဲ့သော ၀တ်ဆင်သူများအပြစ်သာဖြစ်သည်။ လူတိုင်းတွင် စဉ်းစားဆင်ခြင်နိုင်သော ဦးနှောက်တစ်လုံးစီပိုင်ဆိုင်ထားပါ၏။ ဤနေရာတွင်အသုံးချပါက အကျိုးရှိမည်သာ ဖြစ်သည်။ ပုရိသများဖြစ်ပါလျက် မသင့်တော်ဟုပြောသော မြင်သောသူများကိုလေးစားပါကြောင်း၊ ထိုသူများကြောင့်သာ ယဉ်ကျေးမှုပျက်စီးခြင်းဘေးမှ အနည်းငယ်သာဖြစ်စေ သက်သာရာရလိမ့် မည်ဖြစ်ပါကြောင်း မိန်းကလေးတစ်ချို့နှင့် လူမိုက်လုပ်ကာ ရေးသားလိုက်ရပါသည်။ ယောင်္ကျားတိုင်းသည် မိမိချစ်ခင်သော တန်ဖိုးထားသောမိန်းကလေးကို တန်ဖိုးရှိသလိုသာမြင်ချင်ကြသည်။ ဖော်မှကြိုက်တယ်ဟု အထင်မမှားစေလိုပါ။ မိမိ၏ အနေအထိုင်ကသာ မိမိတန်ဖိုးကိုပြပါသည်။ တန်ဖိုးမြင့်စေချင်ပါသည်။ ဆရာလုပ်တာမဟုတ်ပါ။ လုံခြုံပြီး လှပခေတ်မီ စတိုင်ကျရန် ၀တ်ဆင်၍ လူစိတ်ဝင်စားကာ မိမိချစ်သူ ချစ်ခင်မြတ်နိုးရန် နေထိုင်နိုင်ကြောင်း စေတနာဖြင့် ပြောပြလိုက်ပါသည်။
(status တင်ရန်သာရည်ရွယ်ရေးရာမှ ပြောချင်တာများပြီး နုတ်စ်ဖြစ်သွားပါတယ် ။ နားလည် ခံစားပေးနိုင်ရန်မျှော်လင့်မိပါတယ်..)
မေ၀င်းလဲ့ရီ

မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ၊ သေပျောက် ဒဏ်ရာရမှု မသိရှိရသေး

ည ၁၀နာရီခွဲ-ဧပြီ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်၊ ဆိုင်းဆွတ် YPI

မြစ်ကြီးနားမြို့ခံများ သင်္ကြန်အကြတ်နေ့ မဏ္ဍပ်များတွင် ဖျော်ဖြေပွဲများ ကြည့်ရှုနေခိုက် ည ၉နာရီဝန်းကျင်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သဖြင့် ဖျော်ဖြေမှုများ အားလုံး ရပ်ဆိုင်းပြီး မိမိတို့ နေအိမ်များသို့ အမြန်ဆုံး ပြန်နေကြသည်။

ပေါက်ကွဲသည့်နေရာမှာ စိမ်းမြဧရာ ပန်းခြံအနီး ထူးမဏ္ဍပ်တွင် ဖျော်ဖြေနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းမဏ္ဍပ်မှာ လီဒိုလမ်းမကြီးပေါ်တွင်တည်ရှိပြီး ယုဇနနှင့် ရန်ကြီးအောင် ရပ်ကွက်အနီးဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရရှိမှုနှင့် အသေအပျောက်စာရင်းကိုမူ မသိရှိရသေးပေ။

ယခုနှစ် မြစ်ကြီးနားမြို့ သင်္ကြန်မှာ အစည်ကားဆုံး နှစ်တနှစ်ဖြစ်၍ မဏ္ဍပ်ပေါင်း ၂၇ ခုရှိသည်ဟု လည်းသိရှိရသည်။

No comments: