သင်္ကြန်ရေ ကစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
ဒီကနေ့ သင်္ကြန်အကြတ်နေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်aဒ်ါအောင်ဆန်းစုကြည်ဟာတက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ အတာရေပက်ဖြန်းနေပုံပါ။ဦးတေဇလည်း စာဖတ်နေပြီ
မြန်မာပြည်မှာ ခါတိုင်းထက်ပိုပြီး စာအုပ်တွေ အရောင်းသွက်နေပုံရပါတယ်။ဗိုလ်သန်းရွှေကြီး စာဖတ်နေ တယ် ဆိုတဲ့ သတင်း ထွက်လာအပြီးမှာ အခုတခါ စာဖတ်နေသူကတော့ ဦးတေဇ ဖြစ်ပါတယ် တဲ့။သူဌေးကြီး ဦးတေဇက ရေခဲတောင်ကအပြန်မှာ စာဖတ်သူဖြစ်လာတော့တာပါပဲ လို့ သူ့ သားတော်မောင် ပြည့်ဖြိုးတေဇ က ပြောဆိုတဲ့အကြောင်း Reuters သတင်းဆောင်းပါး တပုဒ်မှာရေးထားပါတယ်။"သူက (စီးပွားရေး) ဘာမှ မလုပ်တော့ဘူး။ မန်နေးဂျင်းဒါရိုက်တာကိုပဲ ကိုယ်စားလှယ်လွှဲထားလိုက်ပြီး အိမ်မှာ နေတယ်၊ စာအုပ်တွေ ဖတ်တယ်၊ အားရင် စာပဲ ဖတ်နေတာပဲ" လို့ ဆိုတယ်။ဦးတေဇရဲ့ အပြောင်းအလဲက အရင်နှစ် ရေခဲတောင် မှာ ရဟတ်ယာဉ်ပျက်ကျအပြီး ဖြစ်လာတာပါ။ကျောက်ကပ် ထိခိုက်နေပြီး ကချင်ပြည်နယ် ရေခဲတောင်မှာ ၃ ရက်ကြာပိတ်မိခဲ့တဲ့နောက်ဆက်တွဲရလဒ်တွေကြောင့်လည်းကျန်းမာရေးချို့ယွင်းနေတယ်လို့သားတော်မောင် က ဆိုပါတယ်။သူ့ဖောင်ဒေးရှင်းနဲ့ လုပ်နေတာတွေ အများကြီး ရှိတယ်၊ ရဟတ်ယာဉ်ပျက်ခဲ့တဲ့ဒေသအတွက် လုပ်နေပါတယ် တဲ့။Reuters သတင်းဆောင်းပါးက ဦးတေဇတယောက်တည်းအကြောင်း ရေးထားတာ မဟုတ်ပါဘူး။ခရိုနီလို့ ဆိုကြတဲ့ ဗိုလ်ချုပ်ကြီးများနဲ့ နီးစပ်သူများအကြောင်း အရှည်ကြီး ရေးထားတာပါ။"ဘယ်သူနဲ့ဖြစ်ဖြစ် မိတ်ဆွေဖွဲ့နိုင်တယ်" လို့ ဆိုတဲ့ လုပ်ငန်းရှင်ကြီး ဦးဇော်ဇော်က မိတ်ဆွေတွေဆီက အခွင့်အရေးတွေရတယ် ဆိုတာကို မငြင်းပါဘူး တဲ့။ နေပြည်တော်ကုမုဒြာဟိုတယ် ဆောက်လုပ်ရေးကို တာဝန်ယူရတော့သူ ပိုက်ဆံမရပါဘူးတဲ့။ သို့သော် ... ကားတင်သွင်းခွင့်ပါမစ် ဆယ်ခုရတယ်၊ တခု ကို ဒေါ်လာ တသိန်းရှစ်သောင်းတန်တယ်လို့ ဆိုတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံပိုင်လုပ်ငန်းကြီး ၃၀၀ ၀န်းကျင်ကို ပုဂလိကပိုင်တွေ လုပ်တဲ့ယ်၊ လုပ်ပိုင်ခွင့်တွေ ချတဲ့ ကာလမှာ စစ်အုပ်စုနဲ့ နီးစပ်သူများ ထီပေါက် ကြပါတယ်။ ဦးဇော်ဇော်က ဘဏ်လုပ်ငန်းတခု နဲ့ ဘိလပ်မြေစက်ရုံတရုံ လုပ်ခွင့် ရပါတယ်။
"ဒီနှစ်ခုက တကယ့်ကို ကျေးဇူးတင်စရာပါပဲ။ အရင်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်" တဲ့၊ ဦးဇော်ဇော်က Reuters သတင်းဌာနကို ပြောပါတယ်။အရင် စစ်အုပ်စုနဲ့ နီးစပ်သူတဦးကတော့ ကမ္ဘောဇဘဏ် ဦးအောင်ကိုဝင်း ဖြစ်ပါတယ်။ သူ နဲ့ ဗိုလ်ချုပ်သန်းရွှေကြီး ကျောက်စိမ်းတုံးတွေ စစ်ဆေးနေ ဟန် ဓာတ်ပုံတွေကို သူ့ရဲ့ဘဏ်ခွဲတွေမှာ ချိတ်ထားတယ် တဲ့။၂၀၀၈ ခုနှစ် အမေရိကန်သံတမန်တွေနဲ့ ဦးအောင်ကိုဝင်းတွေ့ရာမှာကျောက်စိမ်းတွင်းတွေ၊ကျောက်တွင်းတွေလုပ်ကိုင်ခွင့်တွေကိုဗိုလ်ချုပ်မောင်အေး ဆီက ရခဲ့ကြောင်း ၀န်ခံခဲ့တယ် တဲ့။ထင်ရှားသူများအကြောင်းထဲက ဟိုတတို့ ဒီတတို့ ကောက်ယူ ဖောက်ပြ လိုက်တာပါ။ တခြားသော လုပ်ငန်းရှင်ကြီးများ သူဌေးကြီးများအကြောင်းကိုလည်း ရေးထားပါသေးတယ်။
ဘယ်လို သတင်းထောက်လဲ?????
ဖေ့စ်ဘုတ်က တွေ့လိုက်ရတဲ့ အကြောင်းအရာလေး တခုဆိုပေမယ့် အလွန်စဉ်းစားစရာဖြစ်ခဲ့လို့ ချရေးမိ လိုက်ပါတယ်။လင်းဘိုဘိုဆိုတဲ့ သူရဲ့ ဖေ့ဘွတ်မှာ ဖော်ပြထားတာကတော့“အမေရိကန်သံရုံးက ဆီနိတ်တာ ဂျင်မ်ဝက်ဘ်ရဲ့ သတင်းစာရှင်းလင်းပွဲအပြီး သံရုံးရှေ့မှာ စောင့်နေတဲ့ SB တွေကို ရီကော့ဒါ( အသံဖမ်းစက်) သွားပေးတဲ့ သတင်းထောက် တွေ့ရတယ်။ ဘယ်သူရယ် ဘယ်ဝါရယ် လက်ညှိုးထိုးပြော ချင်ပေမယ့် မပြောတော့ဘူး။ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့က SB တွေ ခြံထဲကို ဝင်တဲ့သတင်းထောက်တွေ ကို ရီကော့ဒါယူသွားဖို့၊ ဓါတ်ပုံပြန်ပေးဖို့ တောင်းတယ်။ရိုးပုံရိုးလက် အေးပုံအေးလက်ရှိတဲ့ သူတွေကို ချဉ်းကပ်တာများပေမယ့် တချို့သတင်းထောက်တွေ စိတ်ပါ လက်ပါကြီး ကူညီပေးနေတာတွေ့တော့ စိတ်ပျက်မိတယ်” တဲ့။ကဲ ကောင်းကြသေးရဲ့လား စတ္တုတ္ထ မဏ္ဍိုင်ရဲ့ အားကူပေးသူတွေလုပ်ရပ်။လောကမှာ မိမိရဲ့ သမိုင်းကို သစ္စာဖောက်သူလောက် နိမ့်ကျယုတ်ညံ့တာ ရှိမယ် မထင်ပါ။
ဒီထက်ပိုဆိုပြီး လူမသိလိုက်တာတွေ ဘာတွေများ ရှိနေမလဲ စဉ်းစားခန်း ၀င်နေမိတယ်။
ပုံပြောင်းလာတဲ့ ထိုင်းသင်္ကြန်
ဒီနေ့ထုတ် ဘန်ကောက်ပို့စ်မျက်နှာဖုံးက ဂျပန်မင်းသမီး Sora Aoi ရဲ့ သင်္ကြန်ခရီးသွားလုပ်ငန်း မြှင့်တင်နေပုံကို ဖော်ပြထားပါတယ် (ဓာတ်ပုံ - bangkokpost)
ထိုင်းသင်္ကြန်အတွင်း ခရီးသွားလုပ်ငန်းကနေ ဘတ် လေးသန်းခွဲ ရမယ်လို့ ယူဆနေကြပါတယ် တဲ့။ ဒီလုပ်ငန်း မြှင့်တင်ရေးအတွက် Newin ဆိုတဲ့ ထင်ရှားတဲ့နိုင်ငံရေးသမား တယောက်ကဆိုရင် ကာလသား ကြိုက် ဂျပန်မင်းသမီး Sora Aoi ကို သင်္ကြန်အတွက် ဖိတ်ခေါ်/စင်ပေါ်ပို့ခဲ့ပါသေးတယ်။ဂျပန်မင်းသမီးကို စင်ပေါ်တင်တဲ့အတွက် ဝေဖန်ခံနေရပြီ။ထိုင်းသင်္ကြန်က စီးပွားရေးဆန်လာပြီ။ ထိုင်းပုံစံပွဲတော်လို့ြေ ပာနိုင်တာက တန်ဆောင်တိုင်ပဲ ကျန်တော့တယ်။ ကိုယ့်အတွက် အရေးကြီးတဲ့နေ့ကို ဘယ်လို အဓိပ္ပာယ် ရှိရှိ၊ လေးလေးစားစား ကျင်းပရမယ် ဆိုတာကို မသိတော့ဘူး လို့ ဆိုသူလည်း ရှိပါတယ်။မြန်မာ၊ လော၊ ကမ္ဘောဒီးယား၊ ယူနန်ပြည်နယ် (တရုတ်)၊ ဗီယက်နမ်ရဲ့ ဒေသတချို့ စတဲ့ နေရာတွေမှာလည်း ထိုင်းလိုပဲ ရေ သဘင်ပွဲလုပ်ကြတယ်လို့တယောက် ကထောက်ပြပြီး အားလုံးထဲမှာ အကြီးအကျယ် ပြောင်းလဲနေတာ ကတော့ ထိုင်းသင်္ကြန်ပါပဲ လို့ ဆိုပါတယ်။ထိုင်းသင်္ကြန်ဟာ ပိုက်ဆံရှာတဲ့၊ လူလယ်ခေါင်မှာ ချွတ်ဖော်တဲ့၊ ယာဉ်တိုက်မှုတွေဖြစ်တဲ့ ပွဲတော် ဖြစ်နေပြီ လို့ ဝေဖန်သူလည်း မနည်းပါဘူး။သင်္ကြန်ဟာ နည်းမျိုးစုံ နဲ့ ပေါက်ကရလုပ်ဖို့ အခွင့်အရေးကြီးတခုဖြစ်လာတာကြောင့် သင်္ကြန်ရဲ့ ရိုးရာ၊ အဓိပ္ပာယ်တွေ မြောင်း ထဲရောက်ကုန်ပါပြီ လို့ ညည်းတွားနေကြပါတယ်။
No comments:
Post a Comment