Wednesday, April 18, 2012

ကမ္ဘာ့ဘဏ်ဥက္ကဌ အမေရိကန် အဆိုပြုသူကိုပဲ ရွေး

သမ္မတ အိုဘားမားက Jim Yong Kim ခန့်ဖို့ အဆိုပြုခဲ့



ကမ္ဘာဘဏ် ဥက္ကဌ ရာထူးအတွက် အမေရိကန် နိုင်ငံသား မဟုတ်သူတွေလည်း ထူးထူးခြားခြား ဝင်ပြိုင်ခဲ့ပေမယ့် ကိုရီးယားမှာ မွေးပြီး အမေရိကန် ပညာတက် တယောက်ဖြစ်တဲ့ Jim Yong Kim ကိုဘဲ ရွေးချယ် လိုက်ပါပြီ။
ဒေါက်တာကင်မ်ဟာ ကမ္ဘာ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ကျန်းမာရေး ကိစ္စတွေကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်သူ တယောက်ဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့ဘဏ် ဥက္ကဌ ရာထူးအတွက် အမေရိကန်က အဆိုပြုတဲ့သူကိုချည်း အမြဲခန့်ထားခဲ့တာ ဖြစ်ပေမယ့် ဒီတခေါက်တော့ နိုင်ဂျီးရီးယား ဘဏ္ဍာရေး ဝန်ကြီးဟောင်း နဂိုဇီ အိုကန်ဂျို အိုင်ဝေလာကိုလည်း ခန့်ထားဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။
မစ္စ အိုင်ဝေလာကို ခန့်ဖို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတော်များများက ထောက်ခံခဲ့တာ ဖြစ်ပေမယ့် မဲပေးစံနစ် အရ အမေရိကန်နဲ့ ဥရောပ မဲပေးခွင့် ပိုများတာကြောင့် ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာဘဏ် ဥက္ကဌ ရောဘတ် ဇိုးလ်လက်ခ်ဟာ လာမယ့် ဇွန်လမှာ ရာထူးက အနားယူတော့မှာ ဖြစ်ပါတယ်။

No comments: