Wednesday, April 18, 2012

ဘာရိန်း လူ့အခွင့်အရေး မလိုက်နာလို့ Amnesty ဆို

 
ဘာရိန်းက လူ့အခွင့်အရေး လိုက်နာမှု မရှိလို့ Amnesty International က ဆိုပြီ



ဘာရိန်း နိုင်ငံမှာ လူ့အခွင့်အရေး ဆိုင်ရာ လတ်တလော သဘောတူထားတာတွေကို လိုက်နာခြင်း မရှိဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကြီး Amnesty International က ပြောပါတယ်။
ဖမ်းဆီးနှိပ်စက် ညှင်းပမ်း ခံရမှုတွေ အတွက် သူတို့ဆီမှာ တိုင်ကြားထားတာတွေ ရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့ကြီးရဲ့ အစီရင်ခံစာ အသစ်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လုံခြုံရေး တပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အင်အား အလွန်အကျွံသုံး နှိမ်နင်းတာ ၊ သင့်တင့် လျောက်ပတ်တဲ့ တရားစီရင်မှု မရှိဘဲ လူတွေကို ဖမ်းဆီး ထောင်ချထားတဲ့ အရေအတွက် အများအပြား ရှိပြီး အခုထိ ပြန်လွှတ် မပေးသေးဘူးလို့ ရေးသားထားပါတယ်။
ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဘာရိန်း အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေ အပေါ် အများ အာရုံစိုက်မှု ရစေဖို့ လန်ဒန်က ဘာရိန်း သံရုံးခေါင်မိုးပေါ်ကို ဆန္ဒပြသမား နှစ်ယောက် တက်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

No comments: