ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီး မဟုတ်တော့ဘူး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ဖြစ်သွားပါပြီ။သူ့ဟာသူ ဒီရာထူး ဖန်တီးယူတာလား၊ သူ့ကို ဒီရာထူး တယောက်ယောက်က ပေးလိုက်တာလား ဆိုတာ သေသေ ချာချာ မသိရသေးပါ။ဒီကနေ့ထုတ် အစိုးရအာဘော်သတင်းစာထဲက သတင်းတွေထဲမှာ သူ့ကို ရာထူး အသစ်နဲ့ တွေ့ရတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လုပ်ခဲ့တဲ့ နေပြည်တော်စစ်ရေးပြချီတက်ပွဲသတင်းမှာ ဗိုလ်ချုပ်ကြီး သရေစည်သူ မင်းအောင်လှိုင်လို့ ဖော်ပြခဲ့ပါသေးတယ်။
အကောင်ကြီးကြီးတွေရဲ့ ရာထူးအပြောင်းအလဲ ဘွဲ့အပြောင်းအလဲကို သတင်းစာဖတ်မှပဲ သိရပါတယ်။ ဒါကြောင့်နိုင်ငံရေးစိတ်ဝင်စားသူများကပျင်းစရာသတင်းစာကိုနေ့စဉ်ကြည့်ရှုကြတာ ဖြစ်ပါလိမ့်မယ်။ရာထူး အဆင့် အသစ်က အင်္ဂလိပ်လို Vice-Senior General တဲ့။မတ်လ ၂၈ သတင်းစာမှာ Commander-in-Chief of Defence Services General Thayay Sithu Min Aung Hlaing လို့ ဆိုခဲ့ပါတယ်။သူ့အရင် ကာချုပ် ၂ ယောက် (ဦးစောမောင်၊ ဦးသန်းရွှေတို့)က ဗိုလ်ချုပ်မှူးကြီးရာထူး ခုန်တက် ယူပါတယ်။ ဗိုလ်မင်းအောင်လှိုင်ကတော့ တဆင့်ချင်း ယူတယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။
သမီးလေး(ကော့မှူး)ကို စိတ်ချမ်းသာအောင်ထားပါတဲ့
ကော့မှူးမြို့ဒေသခံများ စိတ်ချမ်းသာရေး လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်အား ပြိုင်ဘက် အမတ်ေ လာင်း ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်းက ယနေ့နံနက်ပိုင်း ထုတ်လွှင့်သွားသည့် ဘီဘီစီသတင်းဌာ နနှင့် မေးမြန်းခန်းတွင် တိုက်တွန်းလိုက်သည်။ဒေါက်တာစိုးမင်းက ကော့မှူးမြို့အား သူ၏ သမီးအဖြစ် တင်စား ပြောဆိုလိုက်သည်။"ဆရာ့မှာ ကော့မှူး ဆိုတဲ့ သမီးပျိုလေးတစ်ယောက် ရှိတယ်၊ ဒီသမီးပျိုလေးဟာ သူ အိမ်ထောင်ပြုချင်တဲ့ဆန္ဒနဲ့ အိမ်ထောင်ပြုသွားတယ်၊ သူ ပိုယုံလို့ အိမ်ထောင်ပြု သွားတာလေ။ ဆရာ့ရဲ့ သမီးပျိုလေးကို စိတ်ချမ်းသာအောင်ထားပါလို့ ပြောချင်ပါတယ်"ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်းသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ ကိုယ်စားလှယ်အဖြစ် ဧပြီ ၁ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ မဲဆွယ်သည့် ကာလအတွင်း ဒေါက်တာစိုးမင်း သည် ဒေသခံအများအပြားကို အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။သို့သော်လည်း ရွေးကောက်ပွဲ ကာလတွင် ကော့မှူးမြို့သူ မြို့သား တို့၏ မဲအပြားအများကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့သည်။
NLD အောင်မြင်မှုအတွက် ၈၈ ပို့တဲ့ သ၀ဏ်လွှာ
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လက်ရှိအစိုးရနှင့် တွေ့ဆုံဆွေးနွေး မှုများမှတဆင့်ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်ဆုံးဖြတ်ခဲ့ခြင်းသည်အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ယခုရွေးကောက်ပွဲရလဒ်သည် ပြည်သူများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ယုံကြည်အားကိုးမှုကို ပြသခြင်ြး ဖစ် သကဲ့သို့ လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုအား ထောက်ခံကြောင်းလည်း ပြသခြင်ြး ဖစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ပြည်သူများ၏ ထောက်ခံ ယုံကြည်မှုနှင့်အတူ အနာဂတ်တာဝန်များကို လည်း အပ်နှင်းလိုက်ပြီဖြစ်၍ ယင်း တာဝန်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ထမ်းဆောင်နိုင် လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ယခုရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ကြသော နိုင်ငံရေး ပါတီများ၊ မဲဆန္ဒရှင်များ၊ နိုင်ငံသားများ အားလုံးနှင့်အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ အောင်မြင်မှု အတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် အလေး အနက် ဖော်ပြအပ် ပါသည်။၈၈မျိုးဆက်ကျောင်းသားများ
Press Release 14/2012(88)
The 88 Generation Students
88generation@gmail.com
3 April 2012
The 88 Generation Students
88generation@gmail.com
3 April 2012
Yangon, Myanmar
Message Congratulating
the Victory for the National League for Democracy in the By-election
Sent by The 88 Generation Students
the Victory for the National League for Democracy in the By-election
Sent by The 88 Generation Students
We, the 88 Generation Students, trust the decision of the National League for Democracy (NLD) led by Daw Aung San Suu Kyi, to participate, for the sake of national reconciliation, in the by-election following step by step negotiations with the ruling government.
The election outcome is viewed to be the indication of the people’s trust in the National League for Democracy and Daw Aung San Suu Kyi, and also a sign of agreement to the attempts to work collaboratively in the Hluttaws.
The National League of Democracy is believed to be able to perform the obligations given by the trust of the people, along with future responsibilities.
We, the 88 Generation Students, deeply express our congratulation for the victory, not only of the National League for Democracy, but also the conquest of the competing political parties, voters, and the people.
The 88 Generation Students
သံသယနဲ့ဆက် မချစ်နိုင်တော့ လို့ ....
စာဖတ်သူများ ဗဟုသုတနှင့် ရယ်မောရစေလိုသော ဆန္ဒကြောင့် အခုပိုစ့်အား ကိုပီတာဘလော့ဂ်မှ တဆင့် ပြန်လည်ဝေငှခြင်းဖြစ်ပါတယ်....ဆော်ဒီမှာ ဖြစ်ပျက်ခဲ့တာပါ။
အိမ်ထောင်သက် ၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ခင်ပွန်းဖြစ်သူ အံ့အားသင့်ကာ ချစ်မိုးစွေ၊ ချစ်လက်ဆောင် ပေးနိုင်ရန်အတွက် တရုတ်နိုင်ငံထုတ် အပျိုစင်အဖြစ် ပြန်လည် ဖန်တီးပေးမည့်အမျိုးသမီး သုံးပစ္စည်းတစ်ခု ၀ယ်ယူ အသုံးပြုထားကြောင်း အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ခင်ပွန်းဖြစ်သူအား ဖွင့်ဟပြောပြခဲ့ပါတယ်...
သူမရဲ့ရင်ခုန် ယစ်မူးဖွယ်ရာ ကြိုတင် ပြင်ဆင်မှုအတွက် ချီးကျူး ဂုဏ်ပြုရမည့်အစား ခင်ပွန်းဖြစ်သူက သူမအား ကွာရှင်းခဲ့ပါတော့တယ်...
မင်္ဂလာ နှစ်ပါတ်လည်ပွဲကို ဆော်ဒီနိုင်ငံ၊ မြို့တော် ရီယဒ်တွင် ကျင်းပခိုက် အမျိုးသမီးဖြစ်သူက သူမရဲ့ငယ်မူငယ်သွေး၊ အပျိုလေးပြန်ဖြစ်အောင်ဖန်တီးမှုကိုဝမ်းသာပျော်ရွှင်စွာဖြင့် ဖွင့်ဟ ပြောကြားခဲ့ လိုက်တာ ဖြစ်သော်လည်း ခင်ပွန်းဖြစ်သူကတော့ဝမ်းမြောက်ဝမ်းသာ မဖြစ်သည့်အပြင် ဇနီးဖြစ်သူအား ချက်ချင်းလက်ငင်းကွာရှင်းခဲ့လိုက်ခြင်းဖြစ်ပါတယ်...
ဂြိုလ်မွှေတဲ့အပျိုရည်...
ယခုကဲ့သို့အပျိုစင်အဖြစ် နောက်တစ်ကြိမ် အတုအယောင်ပြုလုပ်ခြင်းဟာ ၎င်းတို့လက်မထပ်ခင်ကလည်း ဇနီးဖြစ်သူဟာ အပျိုမစစ်ပဲ အပျိုစင်အဖြစ် သက်သေပြနိုင်မည့်ဤကဲ့သို့ပစ္စည်းသုံးပြီး လှည့်ဖျားနိုင်ခဲ့ တယ်လို့ခင်ပွန်းဖြစ်သူက သံသယ ရှိခဲ့တယ်လို့အဆိုပါ ဇနီးမောင်နှံနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းအား ကိုးကားပြီး The Sharq နေ့စဉ်သတင်းစာကဖော်ပြခဲ့ပါတယ်...
အာရပ်ဘာသာစကားဖြင့်ထုတ်ဝေသည့် အဆိုပါ သတင်းစာတွင် ဇနီးမောင်နှံနှစ်ဦး၏ အမည်နှင့် အဆိုပါ အမျိုးသမီး မည်သို့မည်ပုံ အတုအပ ဖန်တီးထားသည့်ပစ္စည်းအား ၀ယ်ယူရရှိသည်ကို
ဖော်ပြထားခြင်း မရှိပါဘူး...
ရှေးရိုးစွဲ့ဆော်ဒီနိုင်ငံ တွင် ယခုကဲ့သို့ လိင်မှုဆိုင်ရာ ပစ္စည်းများအား အထူး တင်းကြပ် တားဆီးထား ပါတယ်...အဆိုပါ အမျိုးသမီးများ အသုံးပြုသည့်ပစ္စည်းအနေဖြင့်ဇနီးမောင်နှံအတူ နေထိုင်သွားလာစဉ် အပျိုစင် တစ်ဦးကဲ့သို့ဖြစ်စေသည့်အထောက်အထားမျိုး ဖန်တီးပေးသည်ဟု ဆိုပါတယ်...စေတနာ ကနေ ဝေဒနာဖြစ်ရ တယ်ဆိုတာ ဒါမျိုးပေါ့ ...
ဒါကြောင့်လည်း စေတနာ လူတိုင်းနဲ့မတန် ဆိုတဲ့စကား ပေါ်ပေါက်ခဲ့တာဖြစ်မယ်...
A Saudi woman wanted to give her husband a pleasant surprise on their second marriage anniversary by telling him that she was a 'virgin again' by using a artificial hymen from China.
Instead of applauding his wife, he divorced her.
They were celebrating their wedding anniversary at home in the Saudi capital in Riyadh when the woman happily revealed her 'new virginity' secret.
The man, however, was not amused. He divorced her immediately.
The Sharq daily quoted sources close to the couple as saying that the man suspected his wife of not being a virgin before their marriage as she could have used an artificial hymen then too.
The Arabic language newspaper did not identify the couple nor did it say how the woman obtained the hymen.
Such items are strictly banned in Saudi Arabia, one of the most conservative Muslim nations.
During intercourse, the artificial hymen will begin to ooze out a red liquid that looks like blood.
Source: emirates247.com


No comments:
Post a Comment