Tuesday, April 03, 2012

အစိုးရနှင့် KNU ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစီအစဉ်များ

မြ၀တီ၊ ဧပြီလ ၃ ရက်
         ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း KNU အဖွဲ့သည် အစိုးရနှင့် ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် နော်စီဖိုးရာစိန် ဦးစီးသော ၂၁ ဦးအဖွဲ့သည် မဲဆောက်မှ ဘားအံ၊ ရန်ကုန်မြို့သို့ ထွက်ခွာလာပြီး ရန်ကုန်တွင် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ပြုလုပ်ရန် ဧပြီလ ၄ ရက်နေ့တွင် မဲဆောက်မှ တဆင့်ထွက်ခွာမှာ ဖြစ်ပါတယ်။
         ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့အနေဖြင့်  ၆ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ပြုလုပ်မည်ဖြစ်ပါတယ်။ ဧပြီလ ၅ ရက်နေ့ ဘားအံတွင် ပြည်တွင်းရှိ NGO အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ၆ ရက်၊ ၇ ရက်နေ့များတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်မည် ဖြစ်ပြီး၊  ၈ ရက်နေ့တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည်ဖြစ်ပါသည်။

No comments: