Wednesday, April 18, 2012

မြန်မာ့အရေးမှာ စီးပွားရေးထက် နိုင်ငံရေးကို ဦးစားပေးသင့်


ဗြိတိန်ဝန်ကြီးချုပ် မြန်မာသမ္မတနဲ့ဆွေးနွေးစဉ်
အခုအခါ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲ မှုတွေကို တုန့်ပြန်တဲ့အနေနဲ့ သြစတြေးလျ နိုင်ငံက သမ္မတ ဦးသိန်းစိန် အပါအဝင် လူပေါင်း၂၆၀ ကျော်ရဲ့ ခရီးသွားလာခွင့် ကန့်သတ်တာကို ရုပ်သိမ်း ပေးလိုက်ပါ တယ်။ လက်နက်တင်ပို့မှုကို ဆက်လက် ပိတ်ဆို့ ထားပြီး တပ်မတော် အရာရှိတွေ အပါအဝင် လူ၁၃၀ ကိုလည်း ခရီးသွားခွင့် ဆက်ပိတ် ထားပါတယ်။ နော်ဝေး နိုင်ငံကလည်း လက်နက်တင်ပို့မှုနဲ့ စစ်ရေးပူးပေါင်း မှုကလွဲလို့ ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်း မယ်လို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

 
မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ အမေရိကန်ဘက်ကတော့ ဥပဒေ၅ခု သမ္မတအမိန့် ၄ခုနဲ့ ကလေး စစ်သားပြဿနာ မူးယစ်ဆေးဝါး ပြဿနာတို့အတွက် သီးခြားပိတ်ဆို့ ထားပါတယ်။
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းမှာတော့ အပြောင်းအလဲကို အထောက်အကူ ပြုမယ့် ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးလုပ်ငန်းအချို့ကို အမေရိကန်က ဖြေလျှော့ ခဲ့ပါတယ်။
အခု နိုင်ငံတကာက နောက်ဆုံး မြန်မာအပေါ် ဖွင့်ပေးလာတာကို အမေရိကန်ဘက်က ဘယ်လိုတုန့်ပြန် သင့်ပါသလဲလို့ Gerald Ford School of Public Policy မှ လက်ထောက်ပါမောက္ခ John Ciorciari ကို မေးကြည့်တော့ သူက
'ကျနော် ယုံကြည်တာကတော့ အခုချထားတဲ့ ဘက်စုံပိတ်ဆို့မှုတွေကို ဘယ်ဟာဆက် ထားမယ် ဘယ်နေရာတွေတော့ လျှော့ပေါ့ပေးမယ် ဆိုတာတွေကို ပြန်စဉ်းစား တုန့်ပြန် သင့်တယ်လို့ မြင်ပါတယ်။ တဖြည်းဖြည်းနဲ့ သူ့အဆင့်နဲ့သူ ယေဘူယျကျတဲ့ ဆန်ရှင်တွေ ရုပ်သိမ်း သင့်ပါတယ်။ စစ်ဆင်ရေးလိုမျိုး စိုးရိမ်စရာကိစ္စမျိုးတွေ ပပျောက်အောင် ရည်ရွယ်တဲ့ တာဂက်တစ် ဆန်ရှင်တွေကိုတော့ သိသာပြီး ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေ လုပ်မှ ရုပ်သိမ်း သင့်တယ်လို့ John Ciorciari က ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးကြောင့် နိုင်ငံတကာက အရေးယူထားတာကို သဘော ထားအမြင်အမျိုးမျိုးထွက်နေပြီး အချို့ကတော့ ဒီလိုပိတ်ဆို့မှုတွေကြောင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတယ်လို့ မြင်ကြသလို တချို့ကတော့ လက်ရှိ တိုင်းပြည် စီးပွားရေး မတိုးတက်ဟာ အနှစ်၅၀လောက် စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ ဖြစ်ရတာလို့လည်း ပြောဆိုနေကြပါတယ်။

No comments: