မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်မှာ ၂၀၁၁ ဇွန်မှစ၍ တပ်မတော်စစ်ကြောင်းတစ်ကြောင်းမှ အရာရှိ ၊ စစ်သည် ၃ဦး အားအကြောင်းမဲ့ဖမ်းဆီးခဲ့ရာမှ စတင်ဖြစ်ပေါ်လာတဲ့ KIAနှင့်မြန်မာစစ်တပ်ကြား တိုက်ပွဲများ ဟာ တဖြည်းဖြည်းအရှိန်မြင့်လာကြရာ ပြည်တွင်းမီဒီယာသာမက ပြည်ပမီဒီယာများပါ စိတ်ဝင်တစားဖြစ်လာ ခဲ့ရတာဟာရနေ့တိုင်ပါ။
မြန်မာစစ်တပ်ရဲ့ပိတ်ဆို့တိုက်ခိုက်မှု၊KIAရဲ့ ခံစစ်အားကောင်းမှု နယ်မြေစိုးမိုးကျွမ်းကျင်မှုတွေေ ကြာင့် တမြေ့မြေ့လောင်ကျွမ်းခဲ့တဲ့ ဖွဲမီးလိုတိုက်ပွဲတွေဟာဖြစ်ခြဲ့ ကပါတယ်။
အပြစ်မယ့်တဲ့ပြည်သူတွေဟာ ဒုက္ခသည်တွေဖြစ်ခဲ့ကြတယ်လို့ KIO ဘက်ကလဲပြောသလို မြန်မာစစ်တပ်မှ အရာရှိတစ်ဦးကလဲ ဒုက္ခသည်ဆိုတာ KIO မိသားစုဝင်တွေသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထာဝရငြိမ်းချမ်းရေးသည်သာအကောင်း ဆုံးဖြစ်တယ်ဆိုတာကို နှစ်ဦးနှစ်ဖက် သိဖို့လိုပါတယ်။အစိုးရနဲ့ ညှိနှိုင်းနေစဉ်မှာဘဲ KIO ဘက်ကတပ်ကြပ် အဆင့်ရှိကျော်ဆန်း ခေါင်းဆောင်သော တပ်မဟာ(၅) လက် အောက်ခံ တပ်ဖွဲဝင် ၃၅ယောက် ဟာ မြစ်ကြီးနားမြို့နယ် တာလောကြီးနယ်မြေရှိ တပ်မတော် စခန်းသို့ ဧပြီ ၁၆ ရက် နေ့က လက်နက်ကြီးလက်နက်ငယ်မျိုးစုံဖြင့် ငြိမ်းချမ်းရေးဝင်ရောက်ခဲ့ကြတယ် လို့ သိရှိရပါတယ်။
ယနေ့ဧပြီလ(၁၇)ရက်နေ့တွင်လဲ မြစ်ကြီးနားမြို့တပ်စခန်းသို့ KIAတပ်ဖွဲ့ဝင် (၂)ဦး တာလောကြီးတပ်စခန်းသို့ တပ်ဖွဲ့ဝင်(၅)ဦး ထပ်မံဝင်ရောက်လာ ကြောင်း စုစုပေါင်းတပ်ဖွဲ့ဝင် ၄၂ ဦးအလင်းဝင်ရောက်ခဲ့ကြကြောင်း သိရှိ ရပါတယ်။
အစိုးရ၊တပ်မတော်၊လူထုခေါင်းဆောင်တို့ ပေါင်းပြီးငြိမ်းချမ်းရေး ဖော်ဆောင် သင့်ပါပြီ။နိုင်ငံတကာမှာခေတ်မီ တိုးတက်နေတဲ့ပြောင်းလဲနေတဲ့ဖြွံ့ ဖိုးနေတဲ့ အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ သူတစ်လူ ငါတစ်မင်းမြန်မာအကျင့် ဖြစ်နေရင်တော့ မြန်မာတွေထီးနန်းပျောက်ပြီးတိုင်းပြည်ပျောက်သူ တစ်ပါးအောက်ရောက်ခဲ့ရတာ ကိုပြန်ပြောင်း သတိရေ စခြင်ပါသည်။
မြန်မာစစ်တပ်ရဲ့ပိတ်ဆို့တိုက်ခိ
အပြစ်မယ့်တဲ့ပြည်သူတွေဟာ ဒုက္ခသည်တွေဖြစ်ခဲ့ကြတယ်လို့ KIO ဘက်ကလဲပြောသလို မြန်မာစစ်တပ်မှ အရာရှိတစ်ဦးကလဲ ဒုက္ခသည်ဆိုတာ KIO မိသားစုဝင်တွေသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထာဝရငြိမ်းချမ်းရေးသည်သာအကောင်း
ယနေ့ဧပြီလ(၁၇)ရက်နေ့တွင်လဲ မြစ်ကြီးနားမြို့တပ်စခန်းသို့ KIAတပ်ဖွဲ့ဝင် (၂)ဦး တာလောကြီးတပ်စခန်းသို့ တပ်ဖွဲ့ဝင်(၅)ဦး ထပ်မံဝင်ရောက်လာ ကြောင်း စုစုပေါင်းတပ်ဖွဲ့ဝင် ၄၂ ဦးအလင်းဝင်ရောက်ခဲ့ကြကြောင်း သိရှိ ရပါတယ်။
အစိုးရ၊တပ်မတော်၊လူထုခေါင်းဆောင
No comments:
Post a Comment