ရှမ်းလူမျိုးများအပေါ် KIA အဖွဲ့၏လူမျိုးရေးခွဲခြားဖိနှိပ်မှုများ
မြစ်ကြီးနား ဧပြီ ၁၈
ကချင်ပြည်နယ်ဆိုတာ မြန်မာနိုင်ငံရဲ့ထူးခြားတဲ့ ၀ိသေသ တွေအရ ကချင်ပြည်နယ်ရယ်လို့ နာမည်တပ် ထားပေမယ့် ကချင်လူမျိုးတွေပဲ နေထိုင်တာမဟုတ်ပါဘူး။ တိုင်းရင်းသား လူမျိုးတွေ စုပေါင်းပြီးနေ ထိုင်နေကြတာ ဖြစ်ပါတယ်။ ကချင်လူမျိုး ထဲမှာပဲ ကချင်၊ ရ၀မ်၊ လီဆူး၊ ဂျိမ်းဖော၊ လချိတ်စသဖြင့် ရှိ ပါသေးတယ်။ |
ဒါပေမယ့် KIA တို့အနေနဲ့ ကချင်ပြည်နယ် အတွင်းမှာ လူမျိုးရေးခွဲခြားမှုရှိနေပြီး ကချင်မှလွှဲ၍ အခြားလူမျိုးများအပေါ်လက်နက် အားကိုးနှင့် ထက်စီးနင်း ပြုမူလျက် ရှိပါတယ်။
ကချင်လူမျိုးKIA တို့ဟာ ကချင်လူမျိုးထဲမှာမှ ဂျိမ်းဖော လူမျိုးကြီးဝါဒကိုစွဲကိုင် ထားပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ် အတွင်းနေထိုင်လျက် ရှိသော ရှမ်းလူမျိုးစုများအပေါ်တွင် သိသာထင်ရှား စွာခွဲခြားဖိနှိပ်မှုများရှိနေပါတယ်။ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုတွေကတိုးတက်နေတဲ့ Globalization ခေတ် မှာ မရှိသင့်တော့ပါဘူး။
KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်အနေနဲ့ အေပြီလ ၉ရက်နေ့မှာ တရုတ်နိုင်ငံမှာရှိတဲ့ ကချင်လူမျိုး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါမှာလည်း “KIAရုံးသုံးစာနှင့်စကားအား ဂျိန်းဖောဘာသာ တစ်ခုတည်းသာသုံးရန်၊ အဖွဲ့အစည်းအတွင်း ရောက်ရှိလာသောအခြားလူမျိုးစုများကိုလည်း ဂျိန်းဖော အမည်ပြောင်းလဲပေးရန် သတ်မှတ်မယ်” လို့ပြောဆိုခဲ့တာကြောင့် ဇိုက်ဝါး၊လော်ဝေါ်၊ လာချိတ်၊ လီဆူး၊ ရ၀မ် လူမျိုးစုများအတွင်း စိတ်ဝမ်းကွဲလျက်ရှိနေပါတယ်။
KIA တပ်ဖွဲ့မှာလည်း အရေးကြီးနေရာများကိုတာဝန်ပေးအပ်ရာမှာ ဂျိန်းဖောမျိုးနွယ်စုများကို သာနေရာပေးပြီး ကျန်လူမျိုးတွေဖြစ်တဲ့ရှမ်း၊ ဗမာ၊ရခိုင် စတဲ့KIAတပ်ဖွဲ့ဝင်တွေကတော့ တိုက်ပွဲများမှာပဲ အသေခံတိုက်ခိုက်ခဲ့ရပါတယ်။ KIAရဲ့ပင်ပန်းဆင်းရဲမှု ၊ ငတ်ပြတ်မှု၊ မိသားစုတကွဲတပြားနေရတာတွေကို မခံစားချင်လို့ ထွက်ပြေးတဲ့ တပ်ဖွဲ့ဝင်တွေ ကိုလည်း ရှမ်းလူမျိုးတွေဆိုပြီး လူမျိုးရေးခွဲခြားသတ်ဖြတ် မှုတွေရှိနေပါတယ်။
၂၀၁၁ခုနှစ်၊ နိုဝင်ဘာ(၃၀)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ တာလောကြီးကျေးရွာတွင် အစိုးရတပ်တွေရှိ နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ KIA တပ်ဖွဲ့များမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့သည့်အတွက် ရှမ်းလူမျိုးတွေအများအပြားသေဆုံးခဲ့ရပါတယ်။ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ ၁၉၉၀ပြည့်နှစ်၊ ဒီဇင်ဘာ(၂၂)ရက်နေ့က စပေါ့မှော် လူသတ်မှု ဆိုတာကလည်း ရှမ်းလူမျိုးတွေအပေါ် ရက်စက်စွာပြုမူ ခဲ့သော KIA ၏လုပ်ရပ်ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ရှမ်းလူမျိုးတွေရဲ့ စိတ်ထဲမှာ ဘယ်လိုမှမေ့မရနိုင်တဲ့ KIA တို့ရဲ့ ရက်စက်မှုတွေထဲက အရက်စက်ဆုံး လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ဆင်ဘိုမြို့ အနောက်မြောက်ဘက် ၅ မိုင်လောက်ဝေးတဲ့ နတ်ထုတ်လယ်ကွင်းမှာ လယ်လုပ်နေတဲ့ ရှမ်းလူမျိုး(၂၈)ဦးကို KIA တပ်ရင်း ၅ က ၀ဒူ စခန်းဘက်ကို အတင်းအဓ္ဓမ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
ကချင်ပြည်နယ်အတွင်း မိုးညှင်း၊မိုးကောင်း၊ ဗန်းမော်၊ဖားကန့် နှင့်သံလမ်းရိုးတစ်လျောက်မြို့၊ ရွာတွေဟာ ရှမ်းလူမျိုးတွေ အများစုနေထိုင်ရာဒေသများဖြစ်ပါတယ်။ အဲ့ဒီဒေသမှာရှိတဲ့ ရှမ်းလူမျိုးများမှာ KIA၏လူသစ်စုဆောင်းမှု၊ ဆက်ကြေး တောင်းခံမှု တောင်ယာလုပ်ကိုင်ခွင့်ကန့်သတ်ပိတ်ပင်မှုများ အများဆုံးခံနေကြရပါတယ်။ဒါ့ကြောင့် KIA တပ်ဖွဲ့အတွင်း ရှိနေတဲ့ ရှမ်းလူမျိုးများမှာ လူမျိုးခွဲခြား ဖိနှိပ်မှုပိုမိုဆိုးရွားစွာခံနေရသလို ၊အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ မှာလည်းကျဆုံးမှုများ လာခြင်း၊ ရိက္ခာဆေး ၀ါးပြည့်စုံစွာမရခြင်း၊အနေဆင်းရဲ အစားဆင်းရဲ၍ ပြင်းထန်သည့် ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်လာခြင်း၊ မိုင်းစစ်ဆင်ရေးဆင်နွှဲခိုင်းရာတွင် မိမိမိုင်းနှင့်မိမိသေဆုံးဒဏ်ရာရမှု များလာခြင်းတွေကြောင့် ရှမ်းလူမျိုး အများစုပါဝင်သော တပ်ဖွဲ့ဝင်(၄၂)ဦးဟာ ဧပြီလ(၁၇)ရက်နေ့တွင် အစိုးရ တပ်ဖွဲ့ထံလက်နက် များနှင့်အတူ အလင်းဝင်ခဲ့ပါတယ်။
အဲ့ဒီလိုအလင်းဝင်မှုကြောင့် ဗန်းမော် ၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ သံလမ်းရိုးတစ်လျောက် မှာရှိတဲ့မြို့ရွာတွေကို KIA တို့အနေနဲ့ လက်နက်အားကိုးပြီး အနိုင်ကျင့်သတ်ဖြတ်မှုတွေလုပ်လာမှာကို စိုးရိမ် ပူပန်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် KIAအဖွဲ့အတွင်းမှာ ကျန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ အတွက်လည်းဒီလို အလင်းဝင် မှုကြောင့် အတင်းအကျပ်ထိန်းချုပ်မှုတွေ ခံရနိုင်တယ် လို့ တရုတ်မြန်မာ နယ်စပ်မှာ ရှိတဲ့ နိုင်ငံရေး အကဲခတ်တွေကပြောဆိုနေ ပါတယ်။ အရင်ကတည်းက KIA အနေနဲ့ ရှမ်းလူမျိုးတွေအပေါ် ယုံကြည်မှုမရှိခဲ့တာကြောင့် KIA အဖွဲ့ အတွင်းကရှမ်းလူမျိုးတပ်ဖွဲ့ဝင်တွေကို ပိုပြီးတော့ တင်းကျပ်စောင့်ကြည့် မှုတွေရှိလာနိုင်ပါတယ်။
KIA ကအတင်းစုထားတဲ့ ရှမ်း၊ ဗမာ၊ရခိုင်လူမျိုးတွေ အတွက်လည်း ကျန်ခဲ့တဲ့ မိသားစုတွေက စိုးရိမ်ပူပန်မှုတွေဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တွေကလည်း ရှမ်းလူမျိုးတွေကို အကောင်းမမြင် အမြင်စောင်း နေတာကလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီးဆိုးရွားလာပါတယ်။ ကချင်ပြည်နယ်မှာနေထိုင်တဲ့ ရှမ်းလူမျိုး (၃)သိန်းကျော်နဲ့ ကချင်လူမျိုးတို့အကြား KIA တို့ရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကြောင့် ပဋိပက္ခဖြစ်လာရင် ကချင်ပြည်နယ်အတွက် သမိုင်းအမဲစက်ဖြစ်သွားပါလိမ့်မယ်။ ကချင်ပြည်နယ်က ရှမ်းလူမျိုးနဲ့ ကချင်လူမျိုးတို့အကြား ပြဿနာတွေ ဖြစ်ပွားလာမယ်ဆိုရင် ကချင်ပြည်နယ်သမိုင်းအတွက် မကောင်းသလို ငြိမ်းချမ်းရေးလိုလားတဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားလူမျိုးစုတွေအတွက် ရင်ကွဲစရာ အဖြစ်ဆိုးတွေကြုံတွေ့မှာကိုလည်း နိုင်ငံရေးအကဲခတ်တွေက စိုးရိမ် ပူပန်လျက်ရှိပါတယ်။
စိုင်းအောင်ခမ်း
No comments:
Post a Comment