Sunday, April 15, 2012

KIA ကလက်နက်အားကိုးဖြင့်ကုမ္မဏီများထံမှဆပ်ကြေးကောက်

ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ဟာပြီးခဲ့တဲ့ဧပြီလ(၁၀)ရက်နေ့ကကုမ္မဏီအ
များအပြားထံသို့ဆပ်ကြေးများလိုက်လံကောက်ခံနေကြောင်းသိရှိရပါတယ်။ဧပြီလ(၁၀)ရက်နေ့က KIA
မှတပ်မဟာ(၂)လက်အောက်ခံလိုင်ဆိုင်းမြို့နယ်ရုံးက ဒုမြို့နယ်မှူး ဦးခွန်နော်နှင့်အဖွဲ့ဝင်တွေဟာ ဥရု
ချောင်းအတွင်းမှာချဲထွင်ရှင်းလင်းရေးလုပ်ကိုင်နေတဲ့ကုမ္မဏီတွေမှလုပ်ငန်းရှင်များထံသို့လာရောက်ပြီး
ဆပ်ကြေးကောက်ခံခဲ့တာဖြစ်ပါတယ်။
“ကုမ္ပဏီတစ်ခုကို သိန်း (၇၀)နဲ့ စက်သုံးဆီ ဒီဇယ်ပေပါ အလုံး (၃၀)စီ ပေးရမယ်လို့လာပြောတာ။ ဒုမြို့နယ်မှူးအပါအ၀င်ပေါ့ (၁၀)ယောက် လောက်တော့ရှိမယ်။ နောက်ပြီးတော့ ဧပြီလ လယ်လောက်
သူတို့ မြို့နယ်ရုံးရှိတဲ့ လိုင်ဆိုင်းကို လာပို့ပေးရမယ်လို့ပြောတယ်။ အခုထိတော့သွားမပို့ရသေးဘူး” လို့
ကုမ္မဏီ စီးပွားရေးတာဝန်ခံတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

No comments: