KNU နယ်မြေတွင် ပစ်ခတ်မှုအနည်းငယ် ရှိနေသေး
အစိုးရနှင့် ဆွေးနွေးမှု အားရဖွယ်ရှိသည်ဟု KNU ပြော
KNU ကိုယ်စားလှယ်များအား မိတ်ဆက်ဧည့်ခံပွဲလုပ်
NLD ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု ကြံ့ခိုင်ရေး ကန့်ကွက်မည်
နောက်ထပ် NDF အမတ်နှစ်ဦး NLD သို့ ပြန်လည်ကူးပြောင်းလို
အသုံးချခံနေရခြင်းကို ကိုယ်တိုင်သိဖို့လိုကြောင်း ဆရာမဂျူး ပြော
ရာနှင့်ချီသော နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် စောင့်နေကြ
KNU နယ်မြေတွင် ပစ်ခတ်မှုအနည်းငယ် ရှိနေသေး
ဇန်နဝါရီလအတွင်း အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားပြီးဖြစ်သော်လည်း အချို့နေရာများတွင် နှစ်ဘက်ပစ်ခတ်မှု အနည်းငယ် ရှိနေဆဲဖြစ်ကြောင်း လူဝင်မှုဝန်ကြီး ဦးခင်ရီ က သောကြာနေ့က ပြောကြားလိုက်သည်။
“အောက်ခြေ အဆင့်တွေမှာတော့ အမိန့် မရောက်သေးလို့နဲ့တူတယ်။ နည်းနည်းပါးပါး တိုက်ခတ်မှုတွေတော့ ရှိနေသေးတယ်။ ဒါပေမယ့် ဒါတွေက ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ အကျိုးသက်ရောက်မှု ရှိမယ်လို့တော့ မထင်ဘူး” ဟု ဦးခင်ရီက ပြောသည်။ ဦးခင်ရီသည် ဆီဒိုးနားဟိုတယ်တွင် သောကြာနေ့ မနက်က ကျင်းပနေသည့် KNU နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနေသူ တဦး ဖြစ်သည်။၎င်းက ဆက်ပြောရာတွင် KNU နှင့် ပြည်နယ်အဆင့် ဆွေးနွေးမှုများတွင် အပစ်အခတ် ရပ်စဲရေးကို ပိုပြီး တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်ထောင်စု အဆင့်တွင် ဆက်လက် ဆွေးနွေး မည် ဖြစ်ကြောင်း၊ တပ်များ နေရာချထားမှုနှင့် ပတ်သတ်ပြီးလည်း လိုက်နာရမည့် ကျင့်ဝတ်များကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းထောက်များ ကို ပြောသည်။KNU ကိုယ်စားလှယ်အဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတဦးဖြစ်သူ ဦးစောဂွဲထူးဝင်းက အပစ်အခတ် ရပ်စဲပြီးနောက် နှစ်လအတွင်း တွင် KNU ၏ တပ်မဟာ ၂ နယ်မြေ တောင်ငူခရိုင်နှင့် တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ပစ်ခတ်မှု အကြိမ်အနည်းငယ်စီ ဖြစ်ပွားခဲ့သေးကြောင်း ပြောဆိုသည်။“တိုက်ပွဲကြီးတွေတော့ မဟုတ်ဘူး။ အတွင်းနည်း နည်း ကျ တဲ့ နေရာတွေဘက်မှာ ဖြစ်ခဲ့တာ” ဟု ဦးစောဂွဲထူးဝင်း က ပြောသည်။ဇန်နဝါရီလ ၂၂ ရက်နေ့က အပစ်အခတ်ရပ်စဲရေးအတွက် KNU နှင့် အစိုးရ ပဏမ သဘောတူ လက်မှတ်ရေးထိုး ပြီးနောက် ပြည်နယ် အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး၊ဆက်ဆံရေးရုံးများ ထားရှိရေး၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာခွင့်ပြုရေးနှင့် ကျန်အသေးစိတ်အချက်အလက်များကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါ KNU ကိုယ်စားလှယ်အဖွဲ့မှာ ရန်ကုန်မြို့သို့ ဧပြီလ ၃ ရက်နေ့က ရောက်ရှိလာကြပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအတွက် ဒုတိယအကြိမ်အဖြစ် ဧပြီလ ၆ ရက်နေ့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆွေးနွေးနေကြခြင်း ဖြစ်သည်။နှစ်ဖက်တပ်များကိစ္စအပါအဝင် အပစ်အခတ် ရပ်စဲရေးအတွက် အသေးစိတ် အချက်အလက်များကို ဆွေးနွေးနေကြပြီဖြစ်သည်။အစိုးရနှင့် အပစ်အခတ် ရပ်စဲမှု ရယူပြီးကတည်းက ဒေသခံများ ပျော်ရွှင်ကြကြောင်း၊ စစ်၏ ဆိုးကျိုးကို အမှန်တကယ် ခံစားနေရသူများမှာ ပြည်သူများသာ ဖြစ်ခြင်းကြောင့် KNU အနေဖြင့် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မြဲစေ ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးစောဂွဲထူးဝင်း က ပြောသည်။KNU ဘက်မှ ဆက်ဆံရေးရုံးများကို ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်အတွင်းရှိ ကျောက်ကြီးမြို့နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့တို့တွင် စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။KNU ၏ ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ် များ ပြန်လည် ရုပ်သိမ်းပေးရန်လည်း ဖေဖေါ်ဝါရီလအတွင်းက KNU မှ တောင်းဆိုထားသည်။
KNU ၏ စခန်း ၂ဝဝ ကျော်သည် ပဲခူးတိုင်း တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ကရင်ပြည်နယ် ဘားအံခရိုင်၊ ဒူးပလယာခရိုင်၊ တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ထားဝယ်ခရိုင်၊ မွန်ပြည်နယ် သထုံခရိုင် ဒေသများအတွင်း တည်ရှိနေ သည်။ထိုဒေသများအတွင်း အစိုးရ၏ စစ်တိုင်းများဖြစ်သည့် ကမ်းရိုးတန်းတိုင်း၊ အရှေ့တောင် တိုင်း၊ တောင်ပိုင်းတိုင်းတို့နှင့် လည်း ဆက်စပ်မှုရှိနေသည်။ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်ခြင်းကြောင့် အစိုးရမှ ရှေ့တန်းတပ်များသို့ ရိက္ခာပို့ပါက KNU တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့နိုင်သည်ဟုလည်း KNU အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။
အစိုးရနှင့် ဆွေးနွေးမှု အားရဖွယ်ရှိသည်ဟု KNU ပြော
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့်မြန်မာအစိုးရ အကြား သောကြာနေ့မနက် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အားရကျေနပ်ဖွယ် ရှိကြောင်း KNU ကိုယ်စားလှယ် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးမုတြော် က ပြောသည်။“ဒါပေမယ့် ဆွေးနွေးတဲ့အကြောင်းအရာက တအားခက်ပြီးတော့ နက်နက်ရှိုင်းရှိုင်း ဖြစ်နေတဲ့အခါကျတော့ ထင်သလောက်တော့ ခရီးက မပေါက်ဘူး။ ဒါပေမယ့် နားလည်မှုတွေ ရှိတဲ့အခါကျတော့ ကျမထင်တယ် ဒီဥစ္စာ ကောင်းတဲ့အလားအလာ ဖြစ်တယ်ဆိုတာ” ဟု ဆွေးနွေးပွဲတွင်း အခြေအနေများကို ပြောဆိုခဲ့သည်။ဆွေးနွေးနေမှုဖြစ်စဉ်တွင် အရေးကြီးဆုံး အချက်အနေဖြင့် ယုံကြည်မှု တည်ဆောက်နိုင်ဖို့သာ ဖြစ်ကြောင်း ကိုလည်းပြောဆိုခဲ့သည်။အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ခေါင်းဆောင်သည့် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဦးအောင်မင်း ဦးဆောင်သည့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးဆဲဖြစ်ပြီးသောကြာနေ့ ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်။
KNU ကိုယ်စားလှယ်များအား မိတ်ဆက်ဧည့်ခံပွဲလုပ်
ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာသော ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ အာဏာပိုင်များ မိတ်ဆက်ဧည့်ခံပွဲတခုကို ကြာသပတေးနေ့ ညနေ ခြောက်နာရီခွဲက ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည်။သောကြာနေ့ မနက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးကြမည့် နှစ်ဖက်ကိုယ်စားလှယ်များအပြင် အနောက်နိုင်ငံ သံအရာရှိများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်း KNU ကိုယ်စားလှယ် အဖွဲ့မှ ပြောခွင့်ရ နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။
“ထွေထွေထူးထူးတော့ မရှိပါဘူး။ မိတ်ဆက် တွေ့ဆုံပွဲလေးပဲ ဖြစ်ပါတယ်။ အစိုးရဝန်ကြီးတချို့ရယ်၊ စင်္ကာပူ၊ အမေရိကန်နဲ့ အီးယူနိုင်ငံတချို့က သံတမန် ဧည့်သည်တွေရယ်၊ ရန်ကုန်တဝိုက်က ကရင်အမျိုးသား ခေါင်းဆောင်တွေရယ် တက်ရောက်ကြပါတယ်” ဟု ပြောသည်။
အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးခင်ရီ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြို့တော်ဝန်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ တက်ရောက်ပြီး KNU ကိုယ်စားလှယ်အဖွဲ့အား အထွေထွေ အတွင်းရေးမှူးနော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် မူတူးဆေးဖိုးတို့ ဦးဆောင်ပါဝင်ကြသည်။ ထို့ပြင် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ကရင်တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံတကာ အဲန်ဂျီအိုများနှင့် ဖိတ်ကြားထားသူ စုစုပေါင်း ၂၅ဝ ခန့် တက်ရောက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးက ပြောသည်။သောကြာနေ့ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်းနှင့် ဦးခင်ရီတို့အပြင် အခြားဝန်ကြီးများလည်း တက်ရောက်ဖွယ်ရှိပြီး ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ် မည် ဖြစ်ကြောင်း သိရသည်။KNU ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး သဘောထားဖလှယ်ရန် စီစဉ်ထားကြောင်းလည်း နော်မေဦးမုတြော် က ပြောသည်။
“အခု ကျမတို့ KNU က လုပ်နေတဲ့ ကိစ္စတွေပါပဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အတွက်က NLD ကလည်း ရပ်တည်မှုတခု ဖြစ်တယ်။ ကျမတို့ KNU က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စကားပြောနေတယ် ဆိုတော့ သဘောထားတွေ ဖလှယ်ဖို့၊ ပိုသိအောင်လို့ မိတ်ဆက်ပဲ ဖြစ်ပါတယ်” ဟုပြောသည်။ယခင်က NLD နှင့် စာရေးဆက်သွယ်မှုများ ရှိခဲ့သော်လည်း ယခု ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ထဲတွင် NLD အပေါ် မျှော်လင့်ထားမှုနှင့် ပတ်သက်၍ “ဘယ်လောက်ထိ ပါဝင်ပေးနိုင်မလဲ ဆိုတာကတော့ NLD ကို ကျမတို့ မေးရမှာပဲ။ ဒါပေမယ့် NLD ကို ပါဝင်သင့်တယ်လို့ ကျမတို့ မြင်တယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လူတဦးတယောက် အဖွဲ့အစည်းတခုရဲ့ တာဝန်လည်း မဟုတ်ဘူး။ သူတို့ပါ ပါမှဖြစ်မယ်။ လက်လှမ်းမီသလောက် လိုက်ပြီးဆွေးနွေးတာပါပဲ” ဟု နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။NLD အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံ တရပ်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်သွား မည်ဟု တင်ပြထားပြီး တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းထားသည်။ဇန်နါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် အပစ်အခတ်ရပ်စဲရေးအတွက် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ် မူတူးဆေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့တို့ လက်မှတ်
ရေးထိုးခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံဆွေးနွေးရန်အတွက် ယခုတကြိမ် ထပ်မံတွေ့ဆုံကြခြင်းဖြစ်သည်။KNU ကိုယ်စားလှယ်အဖွဲ့သည် တနင်္လာနေ့တွင် ပဲခူးတိုင်းအတွင်းသို့ သွားရောက်ကာ အင်္ဂါနေ့တွင်မှ ဘားအံသို့ပြန်လည်ထွက်ခွါကြမည် ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ကဒီဖြစ်စဉ်တွေ ရှိတယ်လို့ သိရတယ်။ ဖြစ်စဉ်မှန်မမှန်တော့ ကျနော်တို့မပြောနိုင်ဘူး။ ဖြစ်စဉ်ကိုပဲ ကျနော်တို့ကန့်ကွက်တာ။ဖြစ်စဉ်မှန်မမှန်စုံစမ်းဖို့ကော်မရှင်မှာတာဝန်ရှိတယ်။ ကော်မရှင်က ဖော်ထုတ်ပါလိမ့် မယ်” ဟု ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ဆိုသည်။
ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သည့် ဖြစ်စဉ် ၂ ခု၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဖြစ်စဉ် ၁ ခု၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဖြစ်စဉ် ၁၂ဝ ခု တို့ကို သက်ဆိုင်ရာ ကော်မရှင်များသို့ တင်ပြထားကြောင်း ကျန် ရန်ကုန်တိုင်း ၃ မြို့နယ်တွင်လည်း ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများရှိကြောင်း ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူးက ဆိုသည်။NLD ကို အမှန်ခြစ်၍ မရအောင် ကြံ့ခိုင်ရေးပါတီက မဲစာရွက်များတွင် ဖယောင်း သုတ်ထားသည်ဟု ပြောဆိုမှုများရှိကြောင်း၊ ဖယောင်းသုတ်သည့် ပြဿနာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်က မရှိခဲ့ကြောင်း၊ အဆိုပါ ပြဿနာ အား ကော်မရှင်မှ တာဝန်ယူ စစ်ဆေးပေးရန် လိုလားကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်းက ဆိုသည်။“ကျနော်တို့က ရှုံးမဲမဲတယ် ဆိုပြီး မိအေးနှစ်ခါ နာရပါတယ်” ဟု ဦးအောင်သိန်းလင်းက ဆိုသည်။NLD ပါတီ၏ အထက်လူကြီးများက ထိန်းထိန်းသိမ်းသိမ်းနေရန် ညွှန်ကြားထားသော်လည်း အောက်ခြေအဆင့်တွင် ထိန်းချုပ်မှု လွတ်ကင်းနေသည်ဟု ဒေါ်အောင်ဆန်း စုကြည်နှင့် အပြိုင် ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ခဲ့သည့်ဒေါက်တာစိုးမင်းက မီဒီယာတွေ့ ဆုံပွဲတွင် ပြောဆိုလိုက်သည်။
“ကျနော်တို့ တပ်ဦးလိုမျိုး ဖြစ်နေတဲ့ ရုံးရှေ့မျက်နှာမှာ ခွပ်ဒေါင်းအလံကြီး လာယမ်းပြတယ် ဆိုတဲ့ အဓိပ္ပါယ်က ကျနော်တို့ကို စိန်ခေါ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲ့အခါမှာ ကျနော်တို့အထဲက မခံချင်လို့များ၊ တက်ပြီးတော့များ ထွက်ပြီးတော့ ရိုက်တာပြုတာ ဖြစ်ခဲ့ရင် ကျနော်တို့ ဘယ်သူ့ကို လက်ညှိုးထိုးမလဲ။ ဘယ်သူ့ကို အဆိုးမြင်မလဲ” ဟု ဒေါက်တာစိုးမင်းက ဆိုသည်။NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီအောင်မြင်မှုအပေါ် တဘက်သား စိတ်အနှောင့်အယှက်ဖြစ်အောင် အောင်ပွဲခံခြင်းမပြုလုပ်ရန် ညွှန်ကြား ထားသော်လည်း မြို့နယ်အချို့ရှိ ပါတီဝင်များ၏ အောင်ပွဲခံမှုသည် ကြံ့ခိုင်ရေး ပါတီဝင်များအတွက် စိတ်အနှောင့်အယှက်ဖြစ်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။
“တဘက်ကလည်း သူတို့လူ သူတို့ ထိန်းမှာပါပဲ။ ထိန်းတဲ့ကြားက ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒီလို တည်ငြိမ်အေး မှု ထိခိုက်စေနိုင်တဲ့ ပြဿနာတွေ၊ စပ်ဆက် နောက်ဆက်တွဲကိစ္စတွေ မဖြစ်အောင် အေးအေး ချမ်းချမ်းဖြစ်အောင် ထိန်းနေတယ်ဆိုတာ ကျနော်တို့ဘက်က ပြချင်တာပါ။ သူတို့ဘက်ကလည်း ထိန်းသိမ်း မယ်လို့ ကျနော် ယုံကြည်ပါ တယ်” ဟု သူက ဆိုသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည့် ဦးအောင်သိန်းလင်းက ယခု ကြားဖြတ်ရွေးကောက်ပွဲမှ အားနည်းချက်၊ အားသာချက်များကို သုံးသပ်မှု ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့ပြီး လမ်းပြင်ခြင်း၊ ရေရရှိရေး လုပ်ဆောင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးကူညီမှု၊ လူမှုဘဝနှင့် စီးပွားရေး အစီအစဉ်များကို ပါတီအနေဖြင့် ဆက်လက်လုပ်သွားမည်ဟု ပြောဆိုသည်။
အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ မီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း သတင်းသမားများသာ တက်ရောက်ပြီး နိုင်ငံခြားသား သတင်းထောက်များကို ဖိတ်ကြားခြင်း မပြုရန် ကြံ့ခိုင်ရေးပါတီကမှာကြားခဲ့သော်လည်းရွေးကောက်ပွဲသတင်း လာရောက်ယူသူ ဂျပန်လူမျိုး သတင်းထောက် တဦး တက်ရောက်သတင်းယူခဲ့သည်။
ဒေါက်တာသန်းဝင်းသည် မူလ NLD ပါတီဟောင်းတွင် ရန်ကုန်တိုင်း ဒု -က္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင်လည်း NLD ပါတီ၏ မြောက်ဥက္ကလာပ အမတ်အဖြစ် ရွေးချယ်ခံခဲ့ဖူးသူ ဖြစ်သည်။ NLD သို့ ပြန်လည်မကူးပြောင်းမီ NDF ပါတီတွင် လွှတ်တော်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။NDF ပါတီ၏ လွှတ်တော်လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဝင်း သည်လည်း မတ်လ ၂၇ ရက်နေ့ တွင် ပါတီမှ နုတ်ထွက်ကာ NLD ပါတီဝင်သို့ ဝင်ရောက်ရန် လျှောက်လွှာ တင်ပြီးဖြစ်သည်ဟု မဇ္ဈိမကိုပြောသည်။“ကျနော်ကတော့ ဒီလို တစစီတစီ အစိတ်အပိုင်းတွေ ဖြစ်မယ့် အတူတူ ဦးဆောင်နိုင်တဲ့ အဖွဲ့အစည်းတရပ်မှာ အားလုံး ညီညွတ်လို့ရှိရင် ပိုပြီးတော့ အကျိုးရှိမယ်လို့ ကျနော်ထင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ သူသည် ၂ဝ၁ဝရွေးကောက်ပွဲတွင် လမ်းမတော် မြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သူ ဖြစ်သည်။အဆိုပါ လွှတ်တော်အမတ်နှစ်ဦးလုံး၏ မဲဆန္ဒနယ်များမှ လူထုကလည်း ဤသို့ NLD ပါတီသို့ ကူးပြောင်းဝင်ရောက် သည်ကို သဘောတူညီကြောင်း မှတ်ချက်ပေး ပြောဆိုကြ သည်ဟု ဆိုသည်။ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် NDF ပါတီကိုယ်စားပြု၍ လသာမြို့နယ်မှ အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီ ပါတီသစ် NNLD သို့ ကူးပြောင်းခဲ့သူ လွှတ်တော်အမတ် ဦးကြည်မြင့်သည်လည်း ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း NNLD မှ နုတ်ထွက်ကာ NLD ပါတီသို့ ဝင်ရောက်ရန် လျှောက်လွှာ တင်ပြီးဖြစ်သည်။ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲ၌ NLD ကိုယ်စားပြု၍ လသာမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သူဖြစ်ပြီး၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် NLD မှတ်ပုံမတင်သည့်အတွက် NDF ပါတီအဖြစ် ခွဲထွက်ကာ လသာမြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သူ ဖြစ်သည်။
NLD ပါတီဝင် လက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင်တဦးဖြစ်သည့် ဦးအုန်းကြိုင်က ထိုကဲ့သို့ အခြားပါတီများမှ ပါတီဝင်များ၊ လွှတ်တော်အမတ်များ ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ “ပါတီဝင် စိစစ်ရေး ကော်မတီကနေ စိစစ်ပြီးတော့ အဲဒီကနေပြီးတော့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို တင်ပါလိမ့်မယ်။ ထုံးစံကတော့ အဲဒီလိုလုပ်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။NDF ပါတီကိုယ်စားပြု၍ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် ၄ တွင် ဝင်ရောက် ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ရသူ ဒေါက်တာမြတ်ဉာဏစိုးမှာမူ ၂ဝ၁၁ ခုနှစ် ဒီဇင်လာလအတွင်း ပါတီမှနုတ်ထွက်၍ NLD သို့ ဝင်ရောက်ခဲ့ရာ NLD ပါတီက အသိအမှတ်ပြု လက်ခံပြီး ဖြစ်သည်။NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၄ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ မြတ်ဉာဏစိုးသည် NLD သို့ ကူးပြောင်းလာခြင်းကြောင့် အမျိုးသားလွှတ်တော်အမတ် ၅ ဦး ရှိနေသည်။
“အမျိုးသမီးတွေက မီဒီယာကို ဘယ်လိုအသုံးချနေသလဲ၊ အမျိုးသမီးတွေကို မီဒီယာက ဘယ်လို အသုံးချနေသလဲ။ ဒါကို အမျိုးသမီးတွေကိုယ်တိုင် သိဖို့လိုတယ်။ ကြည့်တဲ့ ပရိသတ်လည်း သိဖို့လိုတယ်။ နောက် ကိုယ်တိုင်ပါဝင်တဲ့ အမျိုးသမီးကိုယ်တိုင်လည်း သိဖို့လိုတယ်” ဟု ဂျူး က ပြောဆိုသတိပေးသွားသည်။Creative Media House (CMH)၊ Yangon Film School(YFS) နှင့် Local Print Media တို့ ကမကထပြု စီစဉ်ပြီး ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲ နောက်ဆုံးနေ့သို့ ပြည်တွင်းမှ အမျိုးသမီး သတင်းထောက်များ၊ စာရေးဆရာမများ၊ အနုပညာရှင်များနှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ စုစုပေါင်း ၃ဝ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။မီဒီယာလောကအတွင်းမှအမျိုးသမီးများကြုံတွေ့နေရမှုများကိုလည်း ပြည် တွင်း အမျိုးသမီး သတင်းထောက်များက အတွေ့အကြုံများ ဖလှယ်ကြရာ ဆဲဗင်းဒေး အပတ်စဉ်ဂျာနယ်မှ မအေးသူစံကလည်း သူမ ကြုံတွေ့ခဲ့ရသည့် ရုပ်ရှင် မင်းသမီး ထက်ထက်မိုးဦးနှင့် အမှုအကြာင်း ပြောပြခဲ့သေး သည်။မအေးသူစံမှာ အင်တာဗျူးမေးခွန်းကြောင့် သရုပ်ဆောင်မင်းသမီး ထက်ထက်မိုးဦး၏ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု ကို ခံခဲ့ရပြီး တရားပြန်လည်စွဲဆိုခဲ့ရာ ရန်ကင်းမြို့နယ် တရားရုံးက ထက်ထက်မိုးဦး အား ဒဏ်ငွေ တထောင် ပြစ်ဒဏ် ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရာနှင့်ချီသော နိုင်ငံခြား ကုမ္ပဏီများ စောင့်ကြည့် လျက် ရှိနေကြ သည်ဟု ဟောင်ကောင် အခြေစိုက် Bagan Capital မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် အကြံပေးအဖွဲ့မှ ဦးဆောင် အရာရှိတဦးက ဆိုသည်။
“အခု ကျမတို့ KNU က လုပ်နေတဲ့ ကိစ္စတွေပါပဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အတွက်က NLD ကလည်း ရပ်တည်မှုတခု ဖြစ်တယ်။ ကျမတို့ KNU က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စကားပြောနေတယ် ဆိုတော့ သဘောထားတွေ ဖလှယ်ဖို့၊ ပိုသိအောင်လို့ မိတ်ဆက်ပဲ ဖြစ်ပါတယ်” ဟုပြောသည်။ယခင်က NLD နှင့် စာရေးဆက်သွယ်မှုများ ရှိခဲ့သော်လည်း ယခု ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ထဲတွင် NLD အပေါ် မျှော်လင့်ထားမှုနှင့် ပတ်သက်၍ “ဘယ်လောက်ထိ ပါဝင်ပေးနိုင်မလဲ ဆိုတာကတော့ NLD ကို ကျမတို့ မေးရမှာပဲ။ ဒါပေမယ့် NLD ကို ပါဝင်သင့်တယ်လို့ ကျမတို့ မြင်တယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လူတဦးတယောက် အဖွဲ့အစည်းတခုရဲ့ တာဝန်လည်း မဟုတ်ဘူး။ သူတို့ပါ ပါမှဖြစ်မယ်။ လက်လှမ်းမီသလောက် လိုက်ပြီးဆွေးနွေးတာပါပဲ” ဟု နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။NLD အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံ တရပ်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်သွား မည်ဟု တင်ပြထားပြီး တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းထားသည်။ဇန်နါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် အပစ်အခတ်ရပ်စဲရေးအတွက် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ် မူတူးဆေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့တို့ လက်မှတ်
ရေးထိုးခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံဆွေးနွေးရန်အတွက် ယခုတကြိမ် ထပ်မံတွေ့ဆုံကြခြင်းဖြစ်သည်။KNU ကိုယ်စားလှယ်အဖွဲ့သည် တနင်္လာနေ့တွင် ပဲခူးတိုင်းအတွင်းသို့ သွားရောက်ကာ အင်္ဂါနေ့တွင်မှ ဘားအံသို့ပြန်လည်ထွက်ခွါကြမည် ဖြစ်ကြောင်း သိရသည်။
NLD ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု ကြံ့ခိုင်ရေး ကန့်ကွက်မည်
ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ရန်ကုန်တိုင်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ရှိခဲ့ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများကိုကော်မရှင်သို့ တင်ပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်း နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း က ဆိုသည်။ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် သောကြာနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သတ်သည့်မီဒီယာတွေ့ဆုံပွဲတွင်ရန်ကုန်တိုင်းအတွင်းမြို့နယ်အလိုက် တွေ့ရှိ ရသည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများကို ကန့်ကွက်သွားမည် ဖြစ်ပြီး ကော်မရှင်အနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်းဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ဦးအောင်သိန်းလင်း က ပြောဆိုသည်။“ကျနော်တို့ကဒီဖြစ်စဉ်တွေ ရှိတယ်လို့ သိရတယ်။ ဖြစ်စဉ်မှန်မမှန်တော့ ကျနော်တို့မပြောနိုင်ဘူး။ ဖြစ်စဉ်ကိုပဲ ကျနော်တို့ကန့်ကွက်တာ။ဖြစ်စဉ်မှန်မမှန်စုံစမ်းဖို့ကော်မရှင်မှာတာဝန်ရှိတယ်။ ကော်မရှင်က ဖော်ထုတ်ပါလိမ့် မယ်” ဟု ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ဆိုသည်။
ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သည့် ဖြစ်စဉ် ၂ ခု၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဖြစ်စဉ် ၁ ခု၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဖြစ်စဉ် ၁၂ဝ ခု တို့ကို သက်ဆိုင်ရာ ကော်မရှင်များသို့ တင်ပြထားကြောင်း ကျန် ရန်ကုန်တိုင်း ၃ မြို့နယ်တွင်လည်း ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများရှိကြောင်း ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူးက ဆိုသည်။NLD ကို အမှန်ခြစ်၍ မရအောင် ကြံ့ခိုင်ရေးပါတီက မဲစာရွက်များတွင် ဖယောင်း သုတ်ထားသည်ဟု ပြောဆိုမှုများရှိကြောင်း၊ ဖယောင်းသုတ်သည့် ပြဿနာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်က မရှိခဲ့ကြောင်း၊ အဆိုပါ ပြဿနာ အား ကော်မရှင်မှ တာဝန်ယူ စစ်ဆေးပေးရန် လိုလားကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်းက ဆိုသည်။“ကျနော်တို့က ရှုံးမဲမဲတယ် ဆိုပြီး မိအေးနှစ်ခါ နာရပါတယ်” ဟု ဦးအောင်သိန်းလင်းက ဆိုသည်။NLD ပါတီ၏ အထက်လူကြီးများက ထိန်းထိန်းသိမ်းသိမ်းနေရန် ညွှန်ကြားထားသော်လည်း အောက်ခြေအဆင့်တွင် ထိန်းချုပ်မှု လွတ်ကင်းနေသည်ဟု ဒေါ်အောင်ဆန်း စုကြည်နှင့် အပြိုင် ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ခဲ့သည့်ဒေါက်တာစိုးမင်းက မီဒီယာတွေ့ ဆုံပွဲတွင် ပြောဆိုလိုက်သည်။
“ကျနော်တို့ တပ်ဦးလိုမျိုး ဖြစ်နေတဲ့ ရုံးရှေ့မျက်နှာမှာ ခွပ်ဒေါင်းအလံကြီး လာယမ်းပြတယ် ဆိုတဲ့ အဓိပ္ပါယ်က ကျနော်တို့ကို စိန်ခေါ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲ့အခါမှာ ကျနော်တို့အထဲက မခံချင်လို့များ၊ တက်ပြီးတော့များ ထွက်ပြီးတော့ ရိုက်တာပြုတာ ဖြစ်ခဲ့ရင် ကျနော်တို့ ဘယ်သူ့ကို လက်ညှိုးထိုးမလဲ။ ဘယ်သူ့ကို အဆိုးမြင်မလဲ” ဟု ဒေါက်တာစိုးမင်းက ဆိုသည်။NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီအောင်မြင်မှုအပေါ် တဘက်သား စိတ်အနှောင့်အယှက်ဖြစ်အောင် အောင်ပွဲခံခြင်းမပြုလုပ်ရန် ညွှန်ကြား ထားသော်လည်း မြို့နယ်အချို့ရှိ ပါတီဝင်များ၏ အောင်ပွဲခံမှုသည် ကြံ့ခိုင်ရေး ပါတီဝင်များအတွက် စိတ်အနှောင့်အယှက်ဖြစ်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။
“တဘက်ကလည်း သူတို့လူ သူတို့ ထိန်းမှာပါပဲ။ ထိန်းတဲ့ကြားက ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒီလို တည်ငြိမ်အေး မှု ထိခိုက်စေနိုင်တဲ့ ပြဿနာတွေ၊ စပ်ဆက် နောက်ဆက်တွဲကိစ္စတွေ မဖြစ်အောင် အေးအေး ချမ်းချမ်းဖြစ်အောင် ထိန်းနေတယ်ဆိုတာ ကျနော်တို့ဘက်က ပြချင်တာပါ။ သူတို့ဘက်ကလည်း ထိန်းသိမ်း မယ်လို့ ကျနော် ယုံကြည်ပါ တယ်” ဟု သူက ဆိုသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည့် ဦးအောင်သိန်းလင်းက ယခု ကြားဖြတ်ရွေးကောက်ပွဲမှ အားနည်းချက်၊ အားသာချက်များကို သုံးသပ်မှု ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့ပြီး လမ်းပြင်ခြင်း၊ ရေရရှိရေး လုပ်ဆောင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးကူညီမှု၊ လူမှုဘဝနှင့် စီးပွားရေး အစီအစဉ်များကို ပါတီအနေဖြင့် ဆက်လက်လုပ်သွားမည်ဟု ပြောဆိုသည်။
အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ မီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း သတင်းသမားများသာ တက်ရောက်ပြီး နိုင်ငံခြားသား သတင်းထောက်များကို ဖိတ်ကြားခြင်း မပြုရန် ကြံ့ခိုင်ရေးပါတီကမှာကြားခဲ့သော်လည်းရွေးကောက်ပွဲသတင်း လာရောက်ယူသူ ဂျပန်လူမျိုး သတင်းထောက် တဦး တက်ရောက်သတင်းယူခဲ့သည်။
နောက်ထပ် NDF အမတ်နှစ်ဦး NLD သို့ ပြန်လည်ကူးပြောင်းလို
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ လွှတ်တော်အမတ် နှစ်ဦးဖြစ်သည့် ဒေါက်တာ သန်းဝင်းနှင့် ဦးခင်မောင်ဝင်းတို့သည် NDF ပါတီဝင်အဖြစ်မှ နုတ်ထွက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD သို့ ဝင်ရောက်ရန် လျှောက်လွှာတင်ပြီး ဖြစ်သည်ဟု ၎င်းတို့က မဇ္ဈိမကို ပြောသည်။၂ဝ၁ဝ ရွေးကောက်ပွဲ တွင် မြောက်ဥက္ကလာမြို့နယ်မှ NDF ပါတီကိုယ်စားပြု၍ အနိုင်ရခဲ့သူ ဒေါက်တာသန်းဝင်းသည် မတ်လ ၂၇ ရက်နေ့တွင် ပါတီမှ နုတ်ထွက်၍ အဆိုပါနေ့တွင်ပင် NLD ပါတီသို့ ဝင်ရောက်ရန် လျှောက်လွှာတင်ခဲ့သည် ဟု မဇ္ဈိမကို ပြောသည်။“အရေးကြီးဆုံးအချက်က NLD မရှိလို့ ထောင်ရတာ။ သင်္ဘောကြီး စက်ရပ်သွားလို့ အသက်ကယ်လှေ ထောင်တာ။ လစ်လပ်သွားတဲ့ Political Space ကို ဖြည့်တာခင်ဗျာ့။ Political Space က ဖြည့်စရာ မလိုတော့ဘူးဆိုတော့ ကျနော်တို့က ရှင်းရှင်းပြောရင် NLD မရှိလို့ NDF ထောင်တာ။ သင်္ဘောကြီးကလည်း စက်ပြန်ကောင်းပြီး အရှိန်ကောင်းကောင်းနဲ့ သွားနေတဲ့အခါမှာ အသက်ကယ်လှေ လုပ်စရာ မလိုတော့ဘူး။ သင်္ဘောကြီးဆီပဲ ကျနော်တို့ လုံခြုံစိတ်ချစွာ သွားလို့ရပါပြီ” ဟု မဇ္ဈိမကို ပြောသည်။ဒေါက်တာသန်းဝင်းသည် မူလ NLD ပါတီဟောင်းတွင် ရန်ကုန်တိုင်း ဒု -က္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင်လည်း NLD ပါတီ၏ မြောက်ဥက္ကလာပ အမတ်အဖြစ် ရွေးချယ်ခံခဲ့ဖူးသူ ဖြစ်သည်။ NLD သို့ ပြန်လည်မကူးပြောင်းမီ NDF ပါတီတွင် လွှတ်တော်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။NDF ပါတီ၏ လွှတ်တော်လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဝင်း သည်လည်း မတ်လ ၂၇ ရက်နေ့ တွင် ပါတီမှ နုတ်ထွက်ကာ NLD ပါတီဝင်သို့ ဝင်ရောက်ရန် လျှောက်လွှာ တင်ပြီးဖြစ်သည်ဟု မဇ္ဈိမကိုပြောသည်။“ကျနော်ကတော့ ဒီလို တစစီတစီ အစိတ်အပိုင်းတွေ ဖြစ်မယ့် အတူတူ ဦးဆောင်နိုင်တဲ့ အဖွဲ့အစည်းတရပ်မှာ အားလုံး ညီညွတ်လို့ရှိရင် ပိုပြီးတော့ အကျိုးရှိမယ်လို့ ကျနော်ထင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ သူသည် ၂ဝ၁ဝရွေးကောက်ပွဲတွင် လမ်းမတော် မြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သူ ဖြစ်သည်။အဆိုပါ လွှတ်တော်အမတ်နှစ်ဦးလုံး၏ မဲဆန္ဒနယ်များမှ လူထုကလည်း ဤသို့ NLD ပါတီသို့ ကူးပြောင်းဝင်ရောက် သည်ကို သဘောတူညီကြောင်း မှတ်ချက်ပေး ပြောဆိုကြ သည်ဟု ဆိုသည်။ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် NDF ပါတီကိုယ်စားပြု၍ လသာမြို့နယ်မှ အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီ ပါတီသစ် NNLD သို့ ကူးပြောင်းခဲ့သူ လွှတ်တော်အမတ် ဦးကြည်မြင့်သည်လည်း ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း NNLD မှ နုတ်ထွက်ကာ NLD ပါတီသို့ ဝင်ရောက်ရန် လျှောက်လွှာ တင်ပြီးဖြစ်သည်။ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲ၌ NLD ကိုယ်စားပြု၍ လသာမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သူဖြစ်ပြီး၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် NLD မှတ်ပုံမတင်သည့်အတွက် NDF ပါတီအဖြစ် ခွဲထွက်ကာ လသာမြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သူ ဖြစ်သည်။
NLD ပါတီဝင် လက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင်တဦးဖြစ်သည့် ဦးအုန်းကြိုင်က ထိုကဲ့သို့ အခြားပါတီများမှ ပါတီဝင်များ၊ လွှတ်တော်အမတ်များ ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ “ပါတီဝင် စိစစ်ရေး ကော်မတီကနေ စိစစ်ပြီးတော့ အဲဒီကနေပြီးတော့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို တင်ပါလိမ့်မယ်။ ထုံးစံကတော့ အဲဒီလိုလုပ်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။NDF ပါတီကိုယ်စားပြု၍ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် ၄ တွင် ဝင်ရောက် ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ရသူ ဒေါက်တာမြတ်ဉာဏစိုးမှာမူ ၂ဝ၁၁ ခုနှစ် ဒီဇင်လာလအတွင်း ပါတီမှနုတ်ထွက်၍ NLD သို့ ဝင်ရောက်ခဲ့ရာ NLD ပါတီက အသိအမှတ်ပြု လက်ခံပြီး ဖြစ်သည်။NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၄ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ မြတ်ဉာဏစိုးသည် NLD သို့ ကူးပြောင်းလာခြင်းကြောင့် အမျိုးသားလွှတ်တော်အမတ် ၅ ဦး ရှိနေသည်။
အသုံးချခံနေရခြင်းကို ကိုယ်တိုင်သိဖို့လိုကြောင်း ဆရာမဂျူး ပြော
ဂျာနယ်များတွင် ပါရှိသည့် စီးပွားရေးကြော်ငြာများနှင့် ရုပ်သံ ကဏ္ဍများတွင် အမျိုးသမီးများ အား မည်သို့အသုံးချနေသည်ကို အမျိုးသမီးများ ကိုယ်တိုင် သတိထားသင့်ကြကြောင်း စာရေးဆရာမ ဂျူး က ပြောသည်။ရန်ကုန်မြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ‘မီဒီယာထဲမှ အမျိုးသမီးများ’ (Women in Media Forum) ဆွေးနွေးပွဲနောက်ဆုံးနေ့ ကြာသပတေးနေ့တွင် ဆရာမက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။“အမျိုးသမီးတွေက မီဒီယာကို ဘယ်လိုအသုံးချနေသလဲ၊ အမျိုးသမီးတွေကို မီဒီယာက ဘယ်လို အသုံးချနေသလဲ။ ဒါကို အမျိုးသမီးတွေကိုယ်တိုင် သိဖို့လိုတယ်။ ကြည့်တဲ့ ပရိသတ်လည်း သိဖို့လိုတယ်။ နောက် ကိုယ်တိုင်ပါဝင်တဲ့ အမျိုးသမီးကိုယ်တိုင်လည်း သိဖို့လိုတယ်” ဟု ဂျူး က ပြောဆိုသတိပေးသွားသည်။Creative Media House (CMH)၊ Yangon Film School(YFS) နှင့် Local Print Media တို့ ကမကထပြု စီစဉ်ပြီး ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲ နောက်ဆုံးနေ့သို့ ပြည်တွင်းမှ အမျိုးသမီး သတင်းထောက်များ၊ စာရေးဆရာမများ၊ အနုပညာရှင်များနှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ စုစုပေါင်း ၃ဝ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။မီဒီယာလောကအတွင်းမှအမျိုးသမီးများကြုံတွေ့နေရမှုများကိုလည်း ပြည် တွင်း အမျိုးသမီး သတင်းထောက်များက အတွေ့အကြုံများ ဖလှယ်ကြရာ ဆဲဗင်းဒေး အပတ်စဉ်ဂျာနယ်မှ မအေးသူစံကလည်း သူမ ကြုံတွေ့ခဲ့ရသည့် ရုပ်ရှင် မင်းသမီး ထက်ထက်မိုးဦးနှင့် အမှုအကြာင်း ပြောပြခဲ့သေး သည်။မအေးသူစံမှာ အင်တာဗျူးမေးခွန်းကြောင့် သရုပ်ဆောင်မင်းသမီး ထက်ထက်မိုးဦး၏ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု ကို ခံခဲ့ရပြီး တရားပြန်လည်စွဲဆိုခဲ့ရာ ရန်ကင်းမြို့နယ် တရားရုံးက ထက်ထက်မိုးဦး အား ဒဏ်ငွေ တထောင် ပြစ်ဒဏ် ချမှတ်ခဲ့သည်။
No comments:
Post a Comment