Friday, April 06, 2012

မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးများကြွေကျ


   ဧပြီလ ၆ ရက်


          ယနေ့နေ့လည်ပိုင်း အချိန်ကစပြီးတော့ မန္တလေးမြို့ နေရာတော်တော်များများမှာ မိုးတွေသည်းထန်စွာ ရွာနေသလို မိုးသီးတွေလည်း တော်တော်များများကြွေကျနေပါတယ်။ အခုလို
အလွန်ပူလောင်နေတဲ့ အချိန်မှာ ကောင်းကင်တစ်ခုလုံး ညိုမှိုင်း အုံ့မဲစွာနဲ့ မိုးတွေသည်းသည်းမည်းမည်းရွာချလာတဲ့အတွက် ရာသီဥတု စိုပြေကာ အေးချမ်းသွားခဲ့ပါတယ်။ သင်္ကြန်အကြိုမိုးလေလားမသိပါ။ ပိတောက်ပန်းတွေလည်း ဝေေ၀ဆာဆာ ပွင့်ဖူး စေခဲ့ပါတယ်။ မိုးရာသီကို ရောက်သွားရတဲ့အတိုင်း ခံစားမြင်တွေ့နိုင်ပါတယ်။ ကလေးသူငယ်တွေက မိုးသီး ကောက်သူကောက် မိုးရေချိုးသူချိုးနဲ့ ပျော်စရာကြီးဖြစ်လို့နေပါတယ်။ မကြာခင်အခါသမယမှာလည်း နှစ်သစ်ကူးသင်္ကြန်အချိန်ကို ရောက်တော့မှာမို့ အခုလို မိုးရွာချခြင်း၊ မိုးသီးကြွေကျခြင်းဟာ မြန်မာလို အယူအဆကတော့ သင်္ကြန်လက်ဆေးမိုး လို့ခေါ်ရင် ရသလို ပိတောက်ပွင့် မိုးလို့လည်းခေါ်ရမှာဖြစ်ပါတယ်။

No comments: