Friday, April 06, 2012

အစိုးရနှင့် ကေအန်ယူငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်များ Sedona Hotel တွင်တွေ့ဆုံ







စောမူတူးစေးဖိုးကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်အတူတွေ့ရစဉ်
ကေအန်ယူငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး ဧပြီလ ၅ ရက်နေ့ည ၆ နာရီခွဲခန့်မှစ၍ှ Sedona Hotel တွင် မီးရထားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီဦးဆောင်သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၊ မီဒီယာများ၊ သံတမန်များ၊ နိုင်ငံရေးပါတီများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။


အဆိုပါ ကေအန်ယူငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်များအဖြစ် နော်စီဖိုးရာစိန် (အထွေထွေ အတွင်းရေးမှူး) နှင့် စောမူတူးစေးဖိုး (စစ်ဦးစီးချုပ်-ကေအန်အယ်လ်အေ) တို့ဦးဆောင်ကာ အဖွဲ့ဝင် ၂၁ ဦးပါဝင်လာကြောင်းသိရသည်။ 
မီးရထားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
ဦးခွန်ထွန်းဦးကို မီးရထားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်အတူတွေ့ရစဉ်
ဧပြီလ ၆ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်မှ စတင်၍ နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို Sedona Hotel တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments: