Tuesday, May 29, 2012

ကချင်ပြည်နယ်မှ ပြည်သူတို့၏အသံ

မြစ်ကြီးနား မေ ၂၈
        
  ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့်အမျိုးသား လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ(၂)ရပ် ပူးပေါင်း၍ ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ မေ(၂၆)ရက်နေ့က ကချင်ပြည်နယ်   မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာအသေးစိတ်ကို မသိရှိရပေမဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမဲ့ အစည်းအဝေးတစ်ခုလို့ ယူဆလို့ရပါတယ်။ ဒေသခံပြည်သူတွေကတော့ ကချင်လက်နက်ကိုင်အဖွဲ့ဟာ ကချင်လူထုကို လုံးဝကိုယ်စားပြုတဲ့အဖွဲ့မဟုတ်တဲ့အကြောင်း၊ ဖြစ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေး မရမဲ့အတူ ချေမှုန်းရေးလုပ်ပြီး ရှင်းပေးသင့် ကြောင်းများဆွေးနွေးခဲ့ကြတယ်လို့ ကြားသိရပါတယ်။
        မြစ်ကြီးနားကနေပူတာအိုသွားတဲ့လမ်း မိုင်တိုင်(၈၁)အားမှာ လေလ(၂၇)ရက်နေ့ က ခရီးသည်(၂၀)ဦးပါလာတဲ့  ကားတစ်စီးကိုကချင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရပ်တန့်ပြီး ဆက်ကြေး   ကောက်ခဲ့ပါတယ်။ အဲဒီကားမှာလိုက်ပါလာတဲ့ အမျိုးသမီးတွေကိုလဲ ဖမ်းဆီးသွားခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေက မနန်ရွယ် မလီယန်ကျေးရွာ၊ မဂျာမိုင်လု(ဆွမ်ပရာ ဘွမ်မြို့နယ်ခွဲ) မခင်သက်မွန် (ဆွမ်ပရာဘွမ်မြို့နယ်ခွဲ)စတဲ့ကျောင်းဆရာမ(၃)ဦးနဲ့ ဆယ်တန်းကျောင်းသူ(၂)ဦးဖြစ်တဲ့ မဂျာရာနဲ့ မဆိုင်းရာတို့ဖြစ်ပါတယ်။ကချင်KIAတပ်တွေဟာ အစိုးရတပ်လုံခြုံရေးမရှိတဲ့နေရာတွေမှာ လက်နက် အားကိုးပြီး အနိုင်ကျင့်ဗိုလ်ကျနေပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရနေတယ်ဆိုပေမဲ့ ကချင်ပြည်နယ် မှာတော့ တကယ့်ကိုဆိုးရွားစွာ လူ့အခွင့်ရေးချိုးဖောက်မှုတွေဖြစ်ပေါ်နေပါတယ်။
 ကချင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားချင်းအတူတူ လူမျိုးရေးခွဲခြား ဆက်ဆံခံရတာတွေရှိနေ တာကြောင့် နေရာအနှံ့အပြားမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖွဲ့စည်းပေးဖို့ တင်ပြနေပါတယ်။ တာလောကြီးမှာပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့ပေးထားသလိုမျိုး ခတ်ချိုကျေးရွာအုပ်စုမှာလည်း ဖွဲ့စည်းပေးဖို့ ရွာလူကြီးတွေကတင်ပြနေပါတယ်။ သူတို့ကျေးရွာအတွင်း KIA တပ်တွေဝင်ရောက်လာပြီး လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းတွေလုပ်နေတဲ့အပြင် သူတို့ရှမ်းလူမျိုးတွေ အပေါ်အနိုင်ကျင့်ဆက်ဆံမှုတွေကြုံနေရကြောင်း၊ဒါ့အပြင် လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ပင် လုံခြုံမှု ကင်းမဲ့နေတဲ့အတွက် ပြည်သူ့စစ်ဖွဲ့ပြီး လက်နက်တပ်ဆင်ပေးဖို့တောင်းဆိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။
        မန်စီမြို့မှာ တန်ဖိုးနည်းကျပ်(၂)သိန်းနဲ့(၂)သိန်းခွဲတန်ဖုန်းတွေစတင်ထုတ်ပေးတုန်းက ဆက်သွယ်မှုကောင်းမွန် ပေမဲ့ ခုခါမှာတော့ ဆက်သွယ်မှုကောင်းမွန်ခြင်းမရှိဖြစ်နေပါတယ်။ သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးကိုသွားရောက်မေး မြန်းပေမဲ့ တိကျတဲ့အဖြေမပေးနိုင်တဲ့အတွက် ဖုန်းသုံးစွဲသူတွေအခက်အခဲတွေ့နေကြပါတယ်။ ဖုန်းသုံးသူအများစုဟာ လက်လုပ် လက်စားတွေ   ဖြစ်ပြီး ငွေကုန်ကြေးကျခံဝယ်ထားပေမဲ့ ဆက်သွယ်ပြောဆိုလို့ အခြေအနေမို့ အလွန်ပဲ စိတ်မကောင်းဖြစ်နေ ကြပါတယ်။ မိုးနဲနဲအုံ့လာတာနဲ့ ဖုန်းလိုင်းတွေပြတ်တောက်သွားတဲ့ အပြင်အလုပ်လုပ်ချိန်နဲ့အခြား အရေးကြီးတဲ့အချိန်တွေမှာဖုန်းခေါ်မရတဲ့ အခက်အခဲတွေမှာ ကချင်ပြည်နယ်ရဲ့မြို့ တော်တော်များများဖြစ်နေတယ်လို့ မိုးညှင်းမြို့ကဒေသတစ်ဦးကလဲ   ပြောဆိုပါတယ်။
        ကချင်လက်နက်ကိုင်KIA အဖွဲ့က ကျောက်မဲခရိုင်အုပ်ချုပ်ရေးရုံးသို့ မန်တုံ-နမ္မတူလမ်းနဲ့ တောလမ်းတွေမှာ သွားလာမှု မလုပ်ဖို့ သွားလာတာတွေ့ရင် ပစ်သတ်မယ်လို့ အကြောင်းကြားလာပါတယ်။ ဒါနဲ့ပတ်သက်လို့ KIA တပ်တွေ အနေနဲ့ သူတို့ကချင်ပြည်နယ်ကို ဖျက်ဆီးရုံတင်အားမရလို့ ခုခါမှာ ရှမ်းပြည်နယ်ဘက်ကို ကူးလာပြီး ဒုက္ခပေးနေတယ်လို့  ရှမ်းလူမျိုးတွေက ပြောဆိုနေပါတယ်။ကျောက်မဲမြို့ပတ်ဝန်းကျင်မှာ သွားလာနေရတဲ့ ၀န်ထမ်းတွေအနေနဲ့ ခရီးသွားလာရာ မှာ စိုးရိမ်ကြောက်လန့်စွာနဲ့ သွားလာနေကြရပါတယ်။   နိုင်ငံတော် အစိုးရပိုင်းက KIA တပ်တွေအပေါ်မှာ ငြိမ်းချမ်းရေးဆွေး နွေးဖို့ ရာနှုန်းပြည့်အခွင့်အရေးတွေ ပေးထားလျက်နဲ့ KIA ကငိမ်းချမ်းရေးကို ကျောခိုင်းပြီး ထင်တိုင်းကျဲနေတာမျိုးကြောင့် ကချင်ပြည်နယ်လူထုနဲ့ ရှမ်းပြည်နယ်က လူထုတွေကတော့ အမြစ်ပြတ်ချေမှုန်းပစ်ဖို့ တောင်းဆိုနေကြပါတယ်။

http://kachindailynews.blogspot.com/2012/05/blog-post_438.html မှကူးယူဖော်ပြသည်။

No comments: