မေ ၂၈ရက်
KIA တပ်မဟာ (၂) မှ အထူးလေ့ကျင့်ပေးထားသော တပ်ဖွဲ့ဝင်များအား မြစ်ကြီးနားမြို့ရဲ့ အသက်သွေးကြောလည်းဖြစ်၊ ကချင်ပြည်နယ်၏ အဓိကစီးပွားရေး လမ်းကြောင်း ပေါ်မှာ ရှိတဲ့ ဗလမင်းထင်တံတားကို မိုင်းဖောက်ခွဲရန်စီစဉ်နေပါတယ်။ တံတားအားမိုင်း ဖောက်ခွဲရန်အတွက် ဖောက်ခွဲရေးပစ္စည်းများကို မေ ၂၅ ရက်နေ့ကတည်းက မြစ်ကြီးနားမြို့ပေါ်သို့ ရောက်ရှိနေပါပြီး။ ဖောက်ခွဲရန်အတွက် အသေးစိတ်လေ့လာမှုတွေကိုလည်း ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ KIA အဖွဲ့မှ ဗလမင်းထင်တံတားကို ဖောက်ခွဲဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း တံတားပေါ်နဲ့ တံတားအ၀င်အထွက်တို့တွင် အစိုးရမှလုံခြုံရေး တင်းကြပ်စွာ ချထားတဲ့အတွက် အောင်မြင်မှုမရရှိခဲ့ပါဘူး။ အဲဒီအတွက်ကြောင့် အခုတော့ တံတားကို ဖောက်ခွဲရန်အတွက် မိုင်းများကို ၀ါးဖောင်တွေနဲ့ တင်ခြင်း၊ ၀ါးတွေနဲ့တွဲလျက် အထက်မှရေစီးနဲ့ မျောချပြီး အဝေးမှ ရိမုဖြင့် ဖောက်ခွဲရန်ဆောင်ရွက်ထားပါတယ်။
ကျွန်တော်တို့ကချင်ပြည်နယ်ရဲ့မြို့တော်ရဲ့အထင်ကရနေရာတစ်ခုလည်းဖြစ်၊ စီးပွားရေး အဓိက လမ်းကြောင်းလဲဖြစ်၊ ဧရာဝတီမြစ်ကြီးကို အရှေ့အနောက်ဆက်စပ်ပေးတဲ့လမ်းကြောင်းလဲ ဖြစ်တဲ့ ဗလမင်းထင်တံတားကြီးကို နိုင်ငံတော်မှ ငွေကြေးသိန်းပေါင်းမြောက်မြားစွာ အကုန် အကျခံပြီး တည်ဆောက်ခဲ့ပါတယ်။ ဒီလိုလမ်းပန်းဆက်သွယ်ရေးအဓိကကျတဲ့ တံတားကို KIA မှ စကောလောက်မှ စောက်မနက်တဲ့အကြံနဲ့ ဖောက်ခွဲဖို့ကြံစည်နေပါတယ်။ ဒီလိုလုပ်ဆောင်မှုကို မနှစ်သက်တဲ့ ၎င်းဖောက်ခွဲရေးအဖွဲ့နဲ့နီးစပ်တဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးမှ မြစ်ကြီးနားမှာရှိတဲ့ ၎င်းရဲ့သူငယ်ချင်းဆီကို စာရေးပေးပို့ထားပြီး တာဝန်ရှိသူတွေတားမြစ်ပေးနိုင်ရန်နဲ့ မြစ်ကြီးနားက လူများအားအသိပေးရန် ထပ်မံပြောကြားပေဖို့ ဆက်သွယ်ခဲ့ပြီး KDN သတင်းဌာနသို့ သတင်းပေးပို့ ခဲ့ပါတယ်။
http://kachindailynews.blogspot.com/2012/05/kia_28.html မှကူးယူဖော်ပြသည်။

No comments:
Post a Comment