Tuesday, May 29, 2012

ပန်းဝါမြို့နားတွင် KIA အဖွဲ့နဲ့ အစိုးရတပ်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်

မေ ၂၈ ရက်
    မနေ့ မနက် ၉ နာရီခွဲလောက်မှ အစိုးရတပ်နဲ့ ဦးလဂွေးခမ်းဘောမ်ဦးဆောင်တဲ့ ကချင်ပြည်သူ့စစ် ပူပေါင်းအဖွဲ့ KIA မှ  ပန်းဝါမြိုနားမှာ စောင့်ပြီးတိုက်ခဲ့ပါတယ်။ တိုက်ပွဲကတော့ ၂ဖက်တော်တော်လေးကို   ပြင်ထန်ပါတယ်။ ၁၀နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှ အစိုးရတပ်ဘက်က ၃ယောက်ဒဏ်ရရှိခဲ့ပါတယ်။ KIA ဘက်ကတော့ ၁၀ ယောက်ကျပြီး သေနတ်တွေပါသိမ်းမိပါတယ်။ ဒဏ်ရာရခဲ့သူတွေကိုတော့ ဆွဲခေါ်သွားပြီး တရုတ်ပြည်မှဆေးကုသလျက်ရှိပါတယ်။

       KIA မှစောင့်ဆိုင်းပြီးတိုက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လဲ ပန်းဝါကရွာသားတွေက ပြည်သူ့စစ်ကို သတင်းပေးတာခဲ့တာကြောင့် အစိုးရတပ်ဘက်က ထိခိုက်မှုနည်းတာဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင် ဒီလိုမျိုးKIA သတင်းတွေပေးတာသိပ်မရှိလှပါဘူး။ အခုနောက်ပိုင်းမှာ အစိုးရတပ်နဲ့ ပြည်သူ့စစ်များကို KIA သတင်းတွေရဲ့ သတင်းပေးပါတယ်။ ဒီလိုဖြစ်ခဲ့ရတာဟာ KIA ရဲ့ ကချင်ပြည်သူတွေကို အတင်းအဓမ္မနှိပ်စက်သတ်ဖြတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှုတို့ကြောင့် KIA ကိုယုံကြည်မှုနည်းလာပြီး သူတို့ကို ကာကွယ်ပေးနေတဲ့ အစိုးရတပ်တွေကို အားကိုးလာကြပြီး KIA ကိုတွန်းလှန်ဖို့အထိဖြစ်နေပါတယ်လို့ ရွာသားတစ်ဦးက KDN သတင်းဌာနသို့  သတင်းပေးပို့ လာပါတယ်။

http://kachindailynews.blogspot.com/2012/05/kia_7949.html မှကူးယူဖော်ပြသည်။

No comments: