Friday, June 01, 2012

ဖားကန့်ဒေသ မှ ကျောက်စိမ်းကုမ္ပဏီများ လုပ်ငန်းလုပ်ဆောင်မှုရပ်ဆိုင်း

မေ ၃၁ ရက်
  ဖားကန့် ဒေသမှာရှိတဲ့ ကျောက်စိမ်းကုမ္ပဏီတွေနဲ့ ရွှေမှော်တွေက အလုပ်သမားတွေက   နေရပ်ကို   ပြန်နေကြပြီး ကုမ္ပဏီတွေက စက်ပစ္စည်းတွေကိုလည်း ကုမ္ပဏီရုံးချုပ်တွေဆီကို ၂၈ ရက်နေ့ကနေစပြီး   ပြန်လည် သယ်ဆောင်နေကြပါပြီး ဖြစ်ပါတယ်။ ကုမ္ပဏီ တွေက KIA ရဲ့ အတင်းအဓမ္မ   ငွေတောင်းမှာကို ကြောက်တာရယ်၊ အတင်းလူသစ်စုတာရယ် ကြောင့် အခုလို နေရပ်ကို   ပြန်ကြရတာ    ဖြစ်ပါတယ်။ ကုမ္ပဏီအချို့ကတော့ အစောင့်တွေသာကျန်ခဲ့ကြပါတယ်။

     အလုပ်ဆက်လုပ်နေတော့လဲ KIA ရဲ့ကားတွေ စက်တွေကိုမိုင်းခွဲမှာကိုကြောက်ရတယ်။ အလုပ်သမားတွေကလည်း သူတို့ကို အတင်းလူသစ်စုမှာကြောက်နေကြတာကြောင့် လုပ်ကိုင်      ရတာအဆင် မပြေဘူးဖြစ်နေပါတယ်။ KIA ကအခွန်တွေကို မဆမတန် တောင်းခံနေပေမယ့် လုပ်ငန်းလုပ်ကိုင်မှုကို   နှောင့်ယှက်မှုတွေပြုလုပ်နေတာကြောင့် အခုလို လုပ်ငန်းလုပ်ကိုင်မှုကို ရပ်ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။ အခုလို လုပ်ငန်းတွေရပ်ဆိုင်းလိုက်တဲ့အတွက်ကြောင့် အလုပ်သမားတွေက အလုပ်လက်မဲ့ဖြစ်သွားခဲ့ရပါတယ်။ အဲဒီအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုမှီခိုနေတဲ့ မိသားစုတွေ စားဝတ်နေရေး ခက်ခဲတော့မှာဖြစ်ပါတယ်။ KIA ရဲ့လုပ်ဆောင်ချက်ကြောင့် ဖားကန့်ဒေသရှိ ပြည်သူများက ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံရတော့မယ်လို့ ကျောက်စိမ်းကုမ္ပဏီတစ်ခုရဲ့ ၀န်ထမ်းတစ်ဦးက KDN သတင်းဌာနသို့ သတင်းပေးပို့ ထားပါတယ်။

http://kachindailynews.blogspot.com/2012/05/blog-post_2172.html မှကူးယူဖော်ပြသည်။

No comments: