မေ ၃၁ရက်
ဆဒုံးမြို့ရှိ အထက်တန်းကျောင်းတွင် မေလ ၂၅ ရက်နေ့တွင် ကျောင်းအပ်လက်ခံရန် ပြောကြားထား သော်လည်း KIA ၏ နှောင့်ယှက်ပစ်ခတ်မှု မိုင်းခွဲမှုတို့ကြောင့် ကျောင်းဖွင့်နိုင်ခြင်းမရှိ သဖြင့် ဆဒုံးမှ ကျောင်းသားမိဘများက ၀ိုင်းမော်မြို့ ပညာရေးမှူးရုံးနဲ့ ကချင်ဝန်ကြီးချုပ်သို့ တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။ ဆဒုံးမြို့ ကျောင်းသားမိဘ ၁၀၀ကျော်နဲ့ ဆနာ၊ ဖုန်ကန်၊ လုထောင်၊ စကားပါ၊ လဖိုင်ရွာတို့က ကျောင်းသားမိဘတို့က တောင်းဆိုထားတာဖြစ်ပါတယ်။
ဆဒုံးမြို့မှာ အထက်တန်းကျောင်းရှိသဖြင့် ကချင်လူငယ်လေးတွေက ပညာတက်တွေ ပေါများလာနေပါတယ်။ ကျောင်းသားကလေးလူငယ်တွေက မိဘရင်ခွင်ထဲမှာနေပြီး ပညာရေးကို ကောင်းကောင်းဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂လလောက်က ဆဒုံးမြို့ အုပ်ချုပ်ရေးရုံးမှာ ၀န်ထမ်း(၄) ယောက်ကို KIA က သတ်သွားတဲ့ အတွက် ဆရာ၊ ဆရာမ တွေက ကြောက်နေကြပေမယ့် ကချင်လူငယ်လေးတွေ ပညာတက်ရေးအတွက် ပညာလာရောက် သင်ကြားစေချင်ပေမယ့် KIA ရဲ့ နေ့စဉ်နဲ့ အမျှ မိုင်းထောင်မိုင်းခွဲ လူသတ်နေတာတွေကို လုပ်နေတဲ့ အပြင် စာသင်ကျောင်းဖွင့်ဖို့ တောင်ပိတ်ပင်မှုတွေဖြစ်နေရပါတယ်။ အဲဒါကြောင့် ကျောင်းသားမိဘတွေက အစိုးရဆီတိုင်ကြားတာ ဖြစ်ပါတယ်။
KIA အဖွဲ့က ကချင်ကလေးငယ်တွေကို ပညာတက်တာကို ဘာကြောင့် မလိုချင် ရတာလဲဆိုတာ စဉ်းစားလို့မရဘဲဖြစ်နေကြရပါတယ်။ KIA အဖွဲ့ကလည်း ကချင်လူမျိုးတွေဘဲ ဖြစ်ပါတယ်။ ကလေးတွေပညာမတက်တော့မှသူတို့ပြောတာခိုင်းတာကို လုပ်နိုင်မှာဖြစ်တာကြောင့် ဖြစ်နိုင်ပါတယ်။ KIA ခေါင်းဆောင်တွေရဲ့ သားသမီးတွေကျတော့ နိုင်ငံခြားမှာ အထိကိုတောင် ပညာသွားရောက်သင်ကြားစေပြီး ကချင်ပြည်သူတွေရဲ့ သားသမီးတွေ ပညာသင်ကြားဖို့ ပိတ်ပင်တာ တရားမျှတမှုမရှိတဲ့အတွက် အခုလိုတိုင်ကြားရတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောခဲ့ပါတယ်။ ကျောင်းသားတွေရဲ့ ပညာရေးကို နှောင့်ယှက်နေတဲ့ KIA အဖွဲ့ကို အစိုးရက အမြန်ဆုံး ပြတ်ပြတ် သားသားအရေးယူပြီး ကချင်ပြည်နယ်၊ နိုင်ငံတော်အတွက် အနာဂတ် ကြယ်ပွင့်လေးတွေကို စာပေပညာ သင်ကြားပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရန် တောင်းဆို ထားပါတယ်လို့ KDN သတင်းဌာနသို့ ဆဒုံးမြို့ခံတစ်ဦးက ပေးပို့ထားပါတယ်။
http://kachindailynews.blogspot.com/2012/05/kia_5276.html မှကူးယူဖော်ပြသည်။
No comments:
Post a Comment