**ဇာတ်ကားသစ်တွင်ပါဝင်သရုပ်ဆောင်မည့်ဂျွန်နီဒက်ပ်**
နာမည်ကျော်ဟောလိဝုဒ်မင်းသားဂျွန်နီဒက်ပ်သည်
ဒါရိုက်တာဝိစ်အန်ဒါဆင် ရိုက်ကူးပုံဖော်မည့်The Grand Budapest Hotel
အမည်ရှိ ဇာတ်ကားသစ်တွင် ပါဝင် သရုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းများတွင်
ဖော်ပြသည်။ Pirates of the Caribean ဇာတ်ကားများဖြင့် နာမည်ကျော်လူသိများ
ခဲ့သည့် ဂျွန်နီဒက်ပ်သည် အန်ဒါဆင်၏ ဇာတ်ကားသစ်တွင် ပါဝင်သရုပ် ဆောင်ရန်
အတည်ပြုခဲ့သကဲ့သို့ဒါရိုက်တာအန်ဒါဆင်သည်လည်း ဂျွန်နီဒက်ပ်နှင့်
တွဲဖက်သရုပ်ဆောင်ရမည့် အခြားဟောလိဝုဒ်သရုပ်ဆောင် များနှင့်
ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်းသတင်းတွင် ဆက်လက်ဖော်ပြသည်။
အသက်(၄၉)နှစ်ရှိ ဂျွန်နီဒက်ပ်သည် ဇွန်လအတွင်းက ၁၄ နှစ်ကြာ
ပေါင်းသင်းလာခဲ့သည့် ဇနီးသည်ဗန်နက်ဆာပရာဒစ်နှင့် ကွာရှင်းပြတ်စဲ ခဲ့ပြီး
ယခုနှစ်အစောပိုင်းတွင် ဒါရိုက်တာတင်ဘာတွန်ရိုက်ကူးခဲ့သည့် Dark Shadows
ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည်။ဂျွန်နီဒက်ပ်သည် ယခုလောလော ဆယ်
ဒါရိုက်တာ ဂေါဗာဘင်စကီရိုက်ကူးလျက်ရှိသည့် The Lone Ranger အမည်ရှိဇာတ်
ကားသစ်တွင်ပါဝင်သရုပ်ဆောင်မည့်ဂျွန်နီဒက်ပ်တ်ကားတွင်ပါဝင်သရုပ်ဆောင်လျက်ရှိပြီး
ယင်းဇာတ်ကားကို ၂ဝ၁၃ ခုနှစ်တွင် ဖြန့်ချိပြသရန်စီစဉ်ထားသည်။ (အင်တာနက်)
**တိုက်စစ်မှူး အီဘရာဟင်မိုဗစ် ပြင်သစ်ကလပ် ပီအက်စ်ဂျီသို့ ရောက်ပြီ**
(ပါရီ၊
ဇူလိုင် ၁၈( အေစီမီလန်တိုက်စစ်မှူး အီဘရာဟင်မိုဗစ်အား
ပြင်သစ်ပထမတန်းကလပ်တစ်ခုဖြစ်သည့် ပဲရစ်စိန့်ဂျာမိန်း(ပီအက်စ်ဂျီ)က ခေါ်ယူရန်
သဘောတူညီလိုက်ပြီဖြစ်ကြောင်း ပီအက်စ်ဂျီနည်းပြ လီယိုနာဒိုက ပြောကြားသည်။
ဆွီဒင်တိုက်စစ်မှူး အီဘရာဟင်မိုဗစ်သည် အေစီမီလန်အသင်းနှင့်
အတူအီတလီစီးရီးအေဖလားဆွတ်ခူးနိုင်ခဲ့သော တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်သည်။
အသက် ၃၀ အရွယ်အီဘရာဟင်မိုဗစ်သည် ပီအက်စ်ဂျီက စာချုပ်လိုက်သော
အာဂျင်တီးနားတိုက်စစ်မှူး အီဇီကွီရယ်လာဗက်ဇီနှင့်အတူ ကစားရမည်ဖြစ်သည်။
ပီအက်စ်ဂျီအသင်းသည် ပြီးခဲ့သည့်နှစ်ေ ဘာလုံးရာသီက အမှတ်ပေးဇယား
ဒုတိယနေရာသာရခဲ့သဖြင့် ချန်ပီယံလိဂ်တိုက်ရိုက်ကစားခွင့်ရှိမည်ဖြစ်သည်။
ပြီးခဲ့သောနှစ်က ပီအက်စ်ဂျီအသင်းသည် အာဂျင်တီးနားကွင်းလယ်ကစားသမား
ဂျာဗီယာပက်စတိုးအား ခေါ်ယူခဲ့သည်။ သို့သော်လည်း ဒေးဗစ်ဘက်ခမ်းနှင့်
ကားလို့စ်တီဗက်ဇ် တို့အား ခေါ်ယူရန်ကြိုးစားခဲ့မှုမှာ မအောင်မြင်ခဲ့ပေ။
(အင်တာနက်)**ဂျမေကာအပြေးသမား ဟိုဟမ်းဘလိတ် မီတာ ၁၀၀ ပြေးပွဲ စံချိန် ၉.၈၅ စက္ကန့်ဖြင့်ပန်းဝင်ဗိုလ်စွဲ** (လူဆာနီ၊ ဇူလိုင် ၁၈) ဂျမေကာတာတိုအပြေးသမား ဟိုဟမ်းဘလိတ်သည် ဇူလိုင် ၁၈ ရက်က ဆွစ်ဇာလန်နိုင်ငံ လူဆာနီမြို့၌ ကျင်းပသော မီတာ ၁၀၀ ပြေးပွဲတွင် စံချိန် ၉.၈၅ စက္ကန့်ဖြင့် ပန်းဝင်ဗိုလ်စွဲသွားခဲ့သည်။ ဟိုဟမ်းဘလိတ်သည် လက်ရှိမီတာ ၁၀၀ ပြေးပွဲတွင် ကမ္ဘာ့အမြန်ဆုံး စံချိန်တင်ထားသူဖြစ်သည်။ သူသည် လာမည့်အိုလံပစ်ပြိုင်ပွဲတွင် အူစိန်ဘော့ကို အဓိကခြိမ်းခြောက်ကစားမည့်သူဖြစ်လာသည်။ ၄င်းသည် ဂျမေကာ၌ ကျင်းပသော မီတာ ၁၀၀ နှင့် မီတာ ၂၀၀ ပြေးပွဲများတွင် ပြိုင်ဘက်အူစိန်ဘော့ကို ကျော်ဖြတ်ပြီး ပန်းဝင်ဗိုလ်စွဲထားသူဖြစ်သည်။ ဟိုဟမ်းဘလိတ်သည် လွန်ခဲ့သောလက ဂျမေကာနိုင်ငံ၌ ကျင်းပသောမီတာ ၁၀၀ ပြေးပွဲတွင် ပြိုင်ဘက်အူစိန်ဘေ့ကို ကျော်ဖြတ်ပြီး စံချိန် ၉.၇၅ စက္ကန့်ဖြင့် ပန်းဝင်ဗိုလ်စွဲခဲ့သည်။ ယင်းစံချိန်သည် ယခုနှစ်အတွင်း ကမ္ဘာ့အမြင့်ဆုံး စံချိန်ဖြစ်သည်။ ကမ္ဘာ့အမြန်ဆုံး အပြေးသမားလည်း ဖြစ်လာသည်။ (အင်တာနက်)
**တောင်ပံကစားသမား အာဂျန်ရော်ဘင်ဘိုင်ယန်မြူးနစ်လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိ**
(မြူးနစ် ဇူလိုင် ၁၈) ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်း၏ အားထားရသည့် တောင်ပံကစားသမား အာဂျန်ရော်ဘင်သည် ပိုလန်နှင့် ယူကရိန်းပူးတွဲအိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သော ယူရို-၂ဝ၁၂ပြိုင်ပွဲဝင် နယ်သာလန်အသင်းတွင် သွား ရောက်ကစားခဲ့ပြီးနောက် ဘွန်ဒက်လီဂါပွဲစဉ်များ စတင်ယှဉ်ပြိုင်ရန် လေ့ကျင့် နေသည့် ဘိုင်ယန်မြူးနစ်အသင်းသို့ပြန်လည်ရောက်ရှိလာကြောင်း ဇူလိုင် ၁၈ ရက်တွင် သတင်းဖော်ပြသည်။အသက်(၂၈)နှစ်အရွယ်ရှိ တောင်ပံ ကစားသမားသည် ဘွန်ဒက်လီဂါ၏ရာသီကြို ချစ်ကြည်ရေးပွဲစဉ်များတွင် ပါဝင်ကစားရန်အတွက် ရာသီမစတင်မီအသင်းသို့ အရောက်လာခဲ့ခြင်း ဖြစ် ကြောင်း ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ မက်သီယက်စ်ဆမ်မာက ပြောကြားခဲ့သည်။ရော်ဘင်သည် ယူရို-၂ဝ၁၂ ပြိုင်ပွဲတွင်နိုင်ငံအသင်းအတွက် အကောင်းဆုံး မစွမ်းဆောင်နိုင်ခဲ့၍ နယ်သာလန်အသင်းသည် အုပ်စုအဆင့်မှပင်ထွက်ခဲ့ ရခြင်းကို စိတ်ပျက်မိကြောင်း ပြောကြားကာ နိုင်ငံအသင်း၏ ရှုံးနိမ့်မှုနှင့် ¤င်း၏ အရည်အချင်းညံ့ဖျင်းခဲ့မှုကို ချေဖျက်ရန်ကလပ်အသင်း ဘိုင်ယန်မြူးနစ်တွင် အစွမ်းကုန် ကြိုးပမ်းမည်ဟုလည်းဆိုခဲ့သည်။ထို့ကြောင့် နယ်သာလန်နှင့် ဘိုင်ယန် မြူးနစ်အသင်း၏ တောင်ပံကစားသမားအာဂျန်ရော်ဘင်သည် ဘိုင်ယန်မြူးနစ် အသင်းအတွက် ဘွန်ဒက်လီဂါပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းပြကစားရန် ရာသီမစတင်မီ လေ့ကျင့်ရေးကွင်းသို့သွားရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။ (အင်တာနက်)
**လီဗာပူးတိုက်စစ်မှူး အန်ဒီကာရိုးအသင်းမှထွက်ခွာဖွယ်ရှိနေ**
(လန်ဒန် ဇူလိုင် ၁၈) လီဗာပူးအသင်း မန်နေဂျာ ဘရန်ဒန်ရော့ဂျာနှင့် တိုက်စစ်မှူး အန်ဒီကာရိုး၏ အကြံပေးတို့သည် ဇူလိုင် ၁၇ ရက်ကဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နည်းပြဘရန်ဒန်ရော့ဂျာက ၄င်း၏ အစီအစဉ်တွင် အန်ဒီကာရိုးပါဝင်ခြင်း မရှိ ကြောင်း ပြောကြားခဲ့ခြင်းကြောင့်အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း သတင်းတွင် ဖော်ပြသည်။တိုက်စစ်မှူး အန်ဒီကာရိုး၏ အသင်း ဟောင်း နယူးကာဆယ်အသင်းကလည်းခေါ်ယူရန် စိတ်ဝင်စားနေသည့်အပြင် ပြောင်းရွှေ့ကြေးပေါင် ၁၆ သန်းပေးရန်လည်း ပြင်ဆင်နေကြောငှ်းကညှစသမအ က ဆိုသည်။ကာရိုးသည် မိမိအတွက် အခွင့်အရေးကို မရှာဘဲ ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ရန် ပထမပစ်မှတ်ထားခဲ့သည်။ သို့သော် လွန်ခဲ့သည့် ၁၈ လက လီဗာပူးအသင်းအနေဖြင့် ပေါင် ၃၅ သန်းပေးမည်ဟုဆိုခဲ့သောကြောင့် လီဗာပူး အသင်းတွင် ဆက်နေရန် ဆန္ဒများဖြစ်ပေါ်ခဲ့သည်။အသက်(၂၃)နှစ်အရွယ်ရှိ တိုက်စစ်မှူး အန်ဒီကာရိုးသည် အသင်းနည်းပြဘရန်ဒန်ရော့ဂျာက ¤င်းအား အခွင့် အရေးမပေးသည့်အပြင် အကြံပေးဖြစ်သူနှင့် ဆွေးနွေးရာတွင်လည်း လျစ်လျူရှု ခဲ့ခြင်းကြောင့် ဒေါသထွက်ခဲ့ရကြောင်းသတင်းတွင် ဖော်ပြသည်။ အသင်းဟောင်း နယူးကာဆယ်အသင်းက ပထမတွင် ကာရိုးအား ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းသာလျှင်ပေးခဲ့သည်။ ထို့ကြောင့် လုပ်ခလစာ ပေါင် သန်း ၂ဝ ပေးပါက အသင်းပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း လီဗာပူးအသင်း တိုက်စစ်မှူး အန်ဒီကာရိုးက ပြောကြားခဲ့သည်။ အင်တာနက်။
စုစည်းဘာသာပြန် - အေဝမ်းစိုး




No comments:
Post a Comment