**ထိုင်းနိုင်ငံ နိုင်ငံတကာလေဆိပ်၌ ဆင်စွယ်များသိမ်းဆည်းရမိ**
(ဗန်ကောက်၊
ဇူလိုင် ၁၈) ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိ နိုင်ငံတကာလေဆိပ်တွင်
ကင်ညာနိုင်ငံမှတင်ပို့လိုက်သော သေတ္တာများအတွင်းမှ ဆင်စွယ်များနှင့်
ဆင်စွယ်ဖြင့်ပြုလုပ်ထားသော အနုပညာလက်ရာပစ္စည်း အများအပြားကို
ရှာဖွေသိမ်းဆည်းရမိကြောင်း လေဆိပ်အကောက်ခွန်အရာရှိများက ဇူလိုင် ၁၈ ရက်တွင်
သတင်းထုတ်ပြန်သည်။ အဆိုပါ သေတ္တာများအတွင်းမှ ဆင်စွယ်နှင့် ဆင်စွယ်ဖြင့်
ပြုလုပ်ထားသော အနုပညာလက်ရာပစ္စည်းအစိတ်အပိုင်း ၁၆၀ ခန့်တွေ့ရှိရပြီး
အလေးချိန် ၄၅၆ ကီလိုဂရမ်ရှိကြောင်း၊ ၄င်းပစ္စည်းများကို
သစ်သားသေတ္တာခြောက်လုံးအတွင်းမှ တွေ့ရှိရခြင်းဖြစ်ကြောင်း၊ ကင်ညာနိုင်ငံမှ
ထိုင်းနိုင်ငံသို့ ပျံသန်းဆိုက်ရောက်လာသော ဂျက်လေယာဉ်တစ်စင်းဖြင့်
ပါလာခြင်းဖြစ်ကြောင်း လေဆိပ်အကောက်ခွန်အရာရှိများက ပြော ကြားသည်။
ယခုသိမ်းဆည်းရမိသော ဆင်စွယ်နှင့် လက်မှုအနုပညာပစ္စည်းများသည် ကာလတန်ဖိုး
အမေရိကန်ဒေါ်လာ ၇၂၅၀၀၀ ဖိုးခန့်ရှိသည်။ (အင်တာနက်)**နှစ်နိုင်ငံအကြား ပိုင်ဆိုင်ခွင့်အငြင်းပွားဒေသမှထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များ ရုပ်သိမ်း**
(ဖရာ့ဝိဟာ ဇူလိုင် ၁၈) ရှေးဟောင်း ဘုရားဝတ်ကျောင်းတစ်ကျောင်းအနီး တည်ရှိပြီး နှစ်နိုင်ငံ အကြား ပိုင်ဆိုင်ခွင့်အငြင်းပွားနေသောနယ်စပ်ဒေသမှ ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်ဖက်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ယနေ့ သတင်းများတွင် ဖော်ပြသည်။ပြီးခဲ့သော နှစ်အတွင်း နိုင်ငံတကာ တရားရုံးက ချမှတ်ခဲ့သည့် စီရင်ချက်အားလိုက်နာသည့်အနေဖြင့် ကမ္ဘောဒီးယား တပ်ဖွဲ့ဝင် ၄၈၅ ဦးခန့်နှင့် ထိုင်းတပ်ဖွဲ့ဝင်(အရေအတွက်မသိရ)တို့သည် ဖရာ့ဝိဟာ အမည်ရှိ ၁၁ ရာစု လက်ရာ သာသနိကအဆောက်အအုံအနီး ပိုင်ဆိုင်ခွင့်အငြင်း ပွားစစ်မဲ့ဇုန်အတွင်းမှ ရုပ်သိမ်းထွက်ခွာသွားကြပြီဖြစ်သည်။ဖရာ့ဝိဟာ ဘုရားကျောင်းကို ကမ္ဘောဒီးယားနိုင်ငံက ပိုင်ဆိုင်ကြောင်း နိုင်ငံတကာတရားရုံးက ၁၉၆၂ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ရာ ယင်းဆုံးဖြတ်ချက်အားနှစ်နိုင်ငံအကြား ပိုင်ဆိုင်ခွင့်အငြင်းပွားဒေသမှ ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များ ရုပ်သိမ်းထိုင်းနိုင်ငံကလည်း လက်ခံခဲ့သည်။ သို့ရာတွင် ဖရာ့ဝိဟာဘုရားကျောင်းဝန်းကျင်ဒေသကိုပိုင်ဆိုင်ခွင့်ရရေးအတွက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးကတောင်းဆိုထားသည်။မကြာသေးမီ နှစ်များအတွင်း သွေးထွက်သံယို လက်နက်ကိုင်တိုက်ပွဲများအဖြစ် ပြောင်းလဲခဲ့ရသော အထက်ပါ ကာလရှည် နယ်မြေပိုင်ဆိုင်ခွင့်အငြင်းပွားမှု ပြဿနာကို ဖြေရှင်းရန် အရှေ့တောင် အာရှအိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့်ကမ္ဘောဒီးယားတို့ကကြိုးပမ်းခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အယူခံဝင်မှုကိုတုံ့ပြန်သည့်အနေဖြင့် စစ်မဲ့ဇုန်အဖြစ် ယာယီသတ်မှတ်ထားသော ဖရာ့ဝိဟာဘုရားကျောင်းအနီးဧရိယာစတုရန်း ၆ ဒသမ ၇ မိုင် ကျယ်ဝန်းသည့် အငြင်းပွားဒေသမှ ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့ များ တစ်ချိန်တည်း အပြီးသတ်ရုပ်သိမ်းပေးရန် နိုင်ငံတကာတရားရုံးက ၂ဝ၁၁ ခုနှစ် ဇွန်လတွင် ဆုံးဖြတ်ခဲ့သည်။ (အေပီ)
**တရုတ်ရေနက်ဆင်းယာဉ် တောင်တရုတ်ပင်လယ်တွင် ငုပ်လျှိုးမည်**
(ပေကျင်း ဇူလိုင် ၁၈) ပြီးခဲ့သည့်လအတွင်း ပစိဖိတ်သမုဒ္ဒရာ မာရီယာနာချောက် အတွင်း ငုပ်ဆင်းကာ တရုတ်နိုင်ငံအတွက် စံချိန်သစ်တင်ပေးနိုင်ခဲ့သော ကျူလဲန်းအမည်ရှိ တရုတ်ရေအောက်ဆင်းယာဉ်သည် လာမည့်နှစ်တွင် တောင်တရုတ်ပင်လယ်ရေပြင်အောက်သို့ငုပ်ဆင်းမည်ဖြစ်ကြောင်း ဇူလိုင် ၁၇ ရက်သတင်းများ၌ ဖော်ပြသည်။ကျူလဲန်းရေအောက်ဆင်းယာဉ်၏ တောင်တရုတ်ပင်လယ် မစ်ရှင်သည် အနာဂတ်ကာလတွင် ပင်လယ်ရေအောက်ကြမ်းပြင်၌ စီးပွားဖြစသယံဇာတတူးဖော်နိုင်ရေးအတွက် ပြင်ဆင်မှုတစ်ရပ်ဖြစ်ကြောင်း တရုတ် နိုင်ငံ၏ သမုဒ္ဒရာတွင်းထွက်သယံဇာတများနှင့် သုတေသနအဖွဲ့၏ အဆိုကို ကိုးကား၍ တရုတ်နေ့စဉ်သတင်းစာက တင်ပြထားသည်။ တောင်တရုတ်ပင်လယ်ရေပြင်ဒေသတစ်ခုလုံးကို သမိုင်းကြောင်း အရ ပိုင်ဆိုင်မှုရှိကြောင်း တရုတ်နိုင်ငံက တောင်းဆိုထားပြီး တရုတ် (တိုင်ပေ)၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် လည်း အထက်ပါအငြင်းပွားမှုတွင်ပါဝင်ပတ်သက်လျက်ရှိသည်။ တောင်တရုတ်ပင်လယ်သည် တရုတ်နိုင်ငံတောင်ဘက် ကမ်းရိုးတန်းဒေသမှသည် အရှေ့တောင်အာရှနိုင်ငံအများအပြားနှင့် ဆက်စပ်တည်ရှိနေပြီး တရုတ်နှင့်အိမ်နီးချင်းနိုင်ငံများအကြား နယ်မြေ ပိုင်ဆိုင်ခွင့်အငြင်းပွားမှုများ၏ အဓိကအကြောင်းတရားလည်း ဖြစ်သည်။တရုတ်နိုင်ငံ၏ နည်းပညာအရအဆင့်မြင့်ဆုံး လူထိန်းချုပ်မောင်း နှင်ရသည့် ကျူလဲန်းရေအောက်ဆင်းယာဉ်သည် ၄င်း၏တောင်တရုတ်ပင်လယ် မစ်ရှင်ကိုလာမည့်နှ စ်ဧပြီလနှင့် မေလများတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ ကျူလဲန်းရေအောက်ဆင်းယာဉ်သည် တောင်တရုတ်ပင်လယ်ရေအောက်ပထမဆုံးခရီးစဉ် အတွင်း ပင်လယ်ကြမ်းပြင်ဖွဲ့စည်းမှုနှင့် ဆင့်ကဲဖြစ်ပေါ်မှုတို့ကို လေ့လာမည်ဟု ဆိုသည်။ (အေအက်ဖ်ီ)
**အီရတ် ပြန်လည်ထူထောင်ရေးရန်ပုံငွေဒေါ်လာရှစ်ဘီလီယံအထိ အဟောသိကံဖြစ်ရ**
(ဝါရှင်တန် ဇူလိုင် ၁၈) အီရတ်နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက်သုံးစွဲရန် အမေရိကန်နိုင်ငံက လျာထားသော ဒေါ်လာ ၅၁ဘီလီယံအနက် ဒေါ်လာခြောက်ဘီလီယံမှ ရှစ်ဘီလီယံ အထိသည် အလွဲသုံးခံရခြင်း၊ လိမ်လည်ခံရခြင်းနှင့် အကျိုးမဲ့သုံးစွဲခြင်းတို့ကြောင့် အဟောသိကံဖြစ်ရကြောင်း စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက ဇူလိုင် ၁၈ရက်တွင် ပြော ကြားသည်။ ပြည်သူ့ရေးရာဌာနကပြုလုပ်သော လူတွေ့မေးမြန်းခန်းတစ်ရပ်တွင် အီရတ် နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာ အထူးစစ်ဆေးရေးမှူးချုပ် စတွတ်ဘိုဝန်က အထက်ပါအတိုင်း ပြောကြားသည်။ အီရတ်နိုင်ငံပြန်လည်ထူထောင်ရေးရန်ပုံငွေမှ ငွေကြေးမည်မျှ အဟောသိကံဖြစ်ခဲ့ရသည်ကို အတိအကျပြောရန်ခက်ခဲကြောင်း ¤င်းက ပြောကြားသည်။ အီရတ်နိုင်ငံအား ကျူးကျော်တိုက်ခိုက်ပြီးချိန်ကာလမှစ၍ ငွေကြေး အမြောက်အမြား အလွဲသုံးခံခဲ့ရပြီး ၂ဝ၁ဝပြည့်နှစ်တွင် စစ်ဘက်မှ အရပ်ဘက်သို့ နိုင်ငံ အုပ်ချုပ်ခွင့်အာဏာလွှဲပြောင်းပေးအပ်ပြီးချိန်တွင်လည်း ငွေကြေးမသမာမှုအများ အပြားရှိခဲ့ကြောင်း ၄င်းကပြောကြားသည်။ယခုနှစ် ဧပြီလစာရင်းအရ အီရတ်နိုင်ငံပြန်လည်ထူထောင်ရေးအာဏာပိုင်အဖွဲ့အောက်တွင် အလုပ်လုပ်ကိုင်နေသူ အမေရိကန် အစိုးရဝန်ထမ်း ၁၃၆၉ဦးရှိသည်ဟုသိရသည်။ အမေရိကန်နိုင်ငံခြားရေးဌာနနှင့် ကာကွယ်ရေးဌာန တို့သည် အီရတ်နိုင်ငံပြန်လည်ထူထောင်ရေးရန်ပုံငွေများနှင့်ပတ်သက်၍ ကုန်ကျစရိတ်များကို အမှန်တကယ်ကျခံသုံးစွဲခြင်းရှိ၊ မရှိ စိစစ်မှုအားနည်းခဲ့ကြောင်း စတွတ်ဘိုဝန်က ပြောကြားသည်။ (အင်တာနက်)
** ဆယ်စုနှစ် နှစ်စုတာကာလအတွင်းအမေရိကန်၌ အဆိုးရွားဆုံးမိုးခေါင်**
(ဝါရှင်တန်
ဇူလိုင် ၁၈) အမေရိကန်နိုင်ငံသမိုင်းတွင် ဆယ်စုနှစ်နှစ်စုတာကာလအတွင်း
အဆိုးရွား ဆုံးသော မိုးခေါင်မှုနှင့် တွေ့ကြုံနေရပြီးမိုးခေါင်မှုအခြေအနေ
အဆုံးသတ်မည့် လက္ခဏာများကို မတွေ့မြင်ရသေးဟုမိုးလေဝသပညာရှင်များက ပြောကြား ကြောင်းဒေသဆိုင်ရာသတင်းဌာနများကဇူလိုင်၁၈ရက်တွင်သတင်းထုတ်ပြန်သည်။ အမေရိကန်နိုင်ငံ၏ ဂျုံ၊ ပဲပိစပ်နှင့် ပြောင်း အဓိကထုတ်လုပ်ရာ ဒေသများ တွင် မိုးခေါင်မှုဒဏ်ကိုခံစားနေကြရပြီးစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ထိခိုက်နိုင်ကြောင်း သတင်းတွင် ဖော်ပြသည်။ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားသည် မိုးခေါင်မှုအခြေအနေကို သုံးသပ်နိုင်ရန် လယ်ယာစိုက်ပျိုးရေး ဝန်ကြီး တမ်လီလ်ဆက်နှင့် ဇူလိုင် ၁၈ ရက်တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ထား သည်။အမေရိကန်နိုင်ငံ၌ မိုးခေါင်မှုကြောင့်ကမ္ဘာ့စားနပ်ရိက္ခာများ ထုတ်လုပ်မှုအပေါ် မည်သို့ထိခိုက်နိုင်သည်ကို အစိုးရအဖွဲ့ကသုံးသပ်မည်ဖြစ်သည်။အမေရိကန်နိုင်ငံ၌ ဇွန်လမှစ၍ အပူချိန်အလွန်အမင်း မြင့်တက်လာခဲ့ပြီး မိုးခေါင်မှုဖြစ်ပွားခဲ့ကြောင်း အမျိုးသား မိုးခေါင်မှု ဘေးအန္တရာယ်လျှော့ချရေးဌာနက ပြောကြားသည်။ အင်တာနက်။
** ပါရှန်ပင်လယ်ကွေ့ ၌ မိုင်းရှင်းလင်းမှုစစ်ဆင်ရေး လုပ်ဆောင်သွားမည်**
(ဝါရှင်တန်
ဇူလိုင် ၁၈) မိုင်းအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ရပ်
လည်း ပါဝင်မည့် ပါရှန်ပင်လယ်ကွေ့ မိုင်းရှင်းလင်းရေးလုပ်ငန်း ကို စက်တင်ဘာ
၁၆ ရက်မှ ၂၇ ရက် အထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၄ဝ
ရာခိုင်နှုန်းခန့်ကို နေ့စဉ် သယ်ယူပို့ဆောင်ရာတွင် အသုံးပြုနေရသည့်
ဟော်မုဇ်ရေလက် ကြားအား ပိတ်ဆို့ထားနိုင်ကြောင်း အီရန်နိုင်ငံက
ခြိမ်းခြောက်ခဲ့ပြီး နောက် ပင်တဂွန်စစ်ဌာနချုပ်၏ အထက်ပါထုတ်ပြန်ချက်ထွက်
ပေါ်လာခြင်းဖြစ်သည်။အမေရိကန်ပြည်ထောင်စုသည် ပါရှန်ပင်လယ်ကွေ့ အတွင်းရှိ
မိုင်းရှင်းလင်းရေးသင်္ဘောအင်အားကို နှစ်ဆတိုးကာ ရှစ်စင်းအထိ
ဖြန့်ကြက်ထားပြီး ရေအောက်သုံး မောင်းသူမဲ့ ရေငုပ်ယာဉ်များအပြင်
အမ်အိတ်ခ်ျ-၅၃ အမျိုးအစား မိုင်းရှင်း လင်းရေး ရဟတ်ယာဉ်လေးစင်းကိုလည်း
စေလွှတ်ထားသည်။ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်များကို အကြောင်းပြု၍
နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများ တင်းကျပ်လာသည်နှင့်အမျှ အီရန်နိုင်ငံ၏
ဟော်မုဇ်ရေလက် ကြားပိတ်ဆို့ရေး ခြိမ်းခြောက်သံမှာလည်း ပိုမိုကျယ်လောင်လာ
လျက်ရှိသည်။မဟာဗျူဟာအရ အချက်အချာကျသော ဟော်မုဇ်ရေလက်ကြားကို
ပိတ်ဆို့မှုမပြုလုပ်ရန် အမေရိကန် ပြည်ထောင်စုက အီရန်နိုင်ငံအား
သတိပေးထားသည်။ ယင်းအပြင် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်သည် ကာတာနိုင်ငံရှိ
လျှို့ဝှက်သော နေရာတစ်နေရာ၌ ဒုံးကျည် အန္တရာယ်ကာကွယ်ရေး ရေဒါစနစ်တစ်ရပ်ကို
တည်ဆောက် နေကြောင်း ဝေါလ်စထရိဂျာနယ်သတင်းစာက ဖော်ပြထား သည်။ (အင်တာနက်) စုစည်းဘာသာပြန် - အေ၀မ်းစိုး


No comments:
Post a Comment