Wednesday, August 22, 2012

"ကမ္ဘာ့ဘဏ် ကန်ဒေါ်လာသန်း ၈ဝ အကုန်အကျခံ၍ စံပြကျေးရွာများ ထူထောင်ပေးမည်"


ကမ္ဘာ့ဘဏ်၏အကူအညီဖြင့်မြန်မာပြည်တစ်ဝန်း စံပြကျေးရွာများထူထောင် သွားမည်ဟု အမျိုးသား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 

ယင်းစီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရေးအတွက် ကမ္ဘာ့ ဘဏ်မှ ကန်ဒေါ်လာ သန်း ၈ဝ အကူအညီပေးရန် အကြိုညှိနှိုင်း သဘောတူညီချက်
ရရှိထားပြီးအသေးစိတ်အချက်အလက်များကိုဆက်လက် ဆွေးနွေ
းညှိနှိုင်းသွားမည်ဟု ၄င်းက ဆိုသည်။

''ဒီ စီမံကိန်းအတွက် လိုအပ် တာတွေကို အခုသက်ဆိုင်ရာ ဌာန တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ် နေပြီးအဲဒီကထွက်လာတဲ့ရလဒ်တွေ အပေါ်အခြေခံပြီး ကမ္ဘာ့ဘဏ်နဲ့ ဆက်လက်ဆွေးနွေးသွားမှာပါ'' ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ယခုပြုလုပ်မည့် စီမံကိန်းမှာ မြန်မာပြည်တွင်း ရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်၌ စံပြကျေးရွာများ ထူ ထောင်၍ ကျေး လက်ဒေသများ၌ ဆင်းရဲမွဲတေမှုလျှော့ချရေးစီမံချက်များ ပြုလုပ် သွားမည့် အစီအစဉ်ဖြစ်သည်။
ယခင်က မြန်မာနိုင်ငံတွင်း စံပြ ကျေးရွာများ ထူထောင်ပါက သက် ဆိုင်ရာ ဝန်ကြီးဌာနများ၏ အထက်ပိုင်း ညွှန်ကြားချက်များအရသာထူထောင် တည်ဆောက်ခဲ့ရပြီး ယခုတည်ထောင် မည့်စီမံကိန်းမှာ ယခင်စီမံကိန်းလမ်း စဉ်အတိုင်းမဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ်နှင့်ကျေးရွာများမှ တာဝန်ရှိသူ များက မူနှင့်ရွေးချယ်၍အထက်သို့ တင်ပြရမည်ဖြစ်ကြောင်းသိရသည်။

ယင်း တင်ပြချက်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စိစစ် ရွေးချယ်ကာ ကမ္ဘာ့ဘဏ်သို့ ဆက် လက်တင်ပြ၍ ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ေ ကြာင်း သိရသည်။ကမ္ဘာ့ဘဏ်အနေဖြင့်လည်း မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် စဉ်ဆက် မပြတ် ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်ရှိသလို ချေးငွေများ ထုတ် ချေးပေးမည့် အစီအစဉ်လည်း ရှိ ကြောင်း သိရသည်။ယခုနှစ်ကုန်ပိုင်း၌ ကမ္ဘာ့ဘဏ် မှ မြန်မာနိုင်ငံအား ကန်ဒေါ်လာ ၈၅ သန်းကို အတိုးနှုန်းသက်သာ စွာဖြင့်ထုတ်ချေးပေး မည်ဖြစ်ကြောင်း သိရသည်။ 


No comments: