Wednesday, August 22, 2012

လက်သံပြောင်သောမလေးရောက်မြန်မာအလုပ်သမားများ


မလေးရှားနိုင်ငံတွင် မြန်မာ အလုပ်သမား ၃ ဦး ၀ိုင်းရိုက်၍ အင်ဒိုနီးရှား အလုပ်သမား တစ်ဦး သေဆုံး သွားကြောင်း  New Straits Times က ဖေါ်ပြသည်။

အဆိုပါ မူခင်းသည် သြဂတ်စ်လ ၂၀  က  ပီနန် Bukit Mertajam  မြို့တွင်  ဖြစ်ပွားခဲ့သည် ဟုဆိုသည်။
အင်ဒိုနီးရှား အလုပ်သမား ပူရာဝတီ (Purawadi) ၂၄ နှစ်သည် ကြက်သွန် စက်ရုံ တစ်ခုတွင် အလုပ် သမား ပါမတ်ဖြင့် အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး အဆိုပါနေ့ အခင်းမဖြစ်ပွားမီ မြန်မာ အလုပ်သမားများနှင့် အတူ အနီးအနားက ဆိုင်တစ်ခုတွင်
အရက် သောက်ခဲ့ကြသည်ဟု သတင်းတွင် ဖေါ်ပြသည်။
အခင်း မဖြစ်ပွားမီ  ပူရာဝတီသည် မြန်မာ အလုပ်သမားများနှင့် အငြင်းအခုံ ဖြစ်ခဲ့ကြသည်။ စကားများပြီးနောက် အင်ဒိုနီးရှား အလုပ်သမားသည်  ဆိုင်မှ မီတာ ၈၀ အကွာအေ၀းတွင် တည်ရှိသော သူနေထိုင်ရာ စက်ရုံ အတွင်းရှိ အလုပ်သမား အဆောင်သို့ ထွက်ပြေးခဲ့သည်ဟု ဆိုသည်။
သူသည် သူနေထိုင်ရာ အခန်းတွင်ပင် မြန်မာ အလုပ်သမားများ၏ တိုက်ခိုက်မူကြောင်း သေဆုံးသွားခဲ့ပြီး  မြန်မာ အလုပ်သမားများသည် တိုက်ခိုက်ရာတွင် သံပိုက်လုံး၊ တုတ် ဓါးများကို အသုံးပြုခဲ့သည်ဟု ရဲအဖွဲ့က ဆိုသည်။
လူသတ်မူနှင့် ပတ်သက်ပြီး မလေးရှား ရဲအဖွဲ့က စက်ရုံ မန်နေဂျာနှင့် မြန်မာ အလုပ်သမား သုံးဦးကို ဖမ်းဆီးလိုက်ပြီး ယခုအခါ စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေသည်ဟု ဆိုသည်။

from-Narinjara News Burmese

No comments: