ပုဂ္ဂလိကကုမ္ပဏီနှစ်ခုက မြန်မာနိုင်ငံတွင်
လေကြောင်းလိုင်း အသစ်နှစ်ခုကို ပြေးဆွဲရန် စီစဉ်နေကြောင်း လေကြောင်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ လေကြောင်းလိုင်းများမှာ Golden Myanmar နှင့် တနင်္သာရီလေကြောင်းလိုင်းများဖြစ်ပြီး ပျံသန်းရန် စီစဉ်ညှိနှိုင်းဆဲ အခြေအနေသာ ရှိသေးကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
Golden Myanmar လေကြောင်းလိုင်းအား CB ဘဏ်နှင့် MG
လေကြောင်းပျံသန်းမှုများကို ညှိနှိုင်းဆောင်ရွက်ပြီးပါက ယင်းလေကြောင်းလိုင်းများသည် ပြည်တွင်းနှင့် ပြည်ပခရီးစဉ် နှစ်မျိုးလုံးတွင် ပြေးဆွဲပျံသန်းမည်ဟု ဆိုသည်။
လက်ရှိပြေးဆွဲနေသော ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများမှာ အဲပုဂံ၊ အဲမန္တလေး၊ ရန်ကုန်အဲဝေး၊ အဲကမ္ဘောဇ၊ အေးရှားဝင်း လေကြောင်းလိုင်းတို့ ဖြစ်သည်။
အဆိုပါ လေကြောင်းလိုင်းသစ်နှစ်ခု ထပ်မံပျံသန်းမည်ဆိုပါက ပြည်တွင်းပုဂ္ဂလိကပိုင် လေကြောင်းလိုင်းခုနစ်ခုထိ ရှိလာမည်ဖြစ်သည်။
နိုင်ငံတော်၏ ပြောင်းလဲလာသော အခြေအနေများအရ ပြည်တွင်းပြည်ပ ဆက်သွယ်ခရီးသွားမှု များပြားလာသောကြောင့် လေကြောင်းလိုင်းများလည်း များပြားလာရန် လိုအပ်သည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောကြားသည်။
from-7Day News Journal
No comments:
Post a Comment