သီရိလင်္ကာနိုင်ငံကို အားလပ်ရက် အတွင်း လာရောက် လည်ပတ်တဲ့ ပြင်သစ် မိန်းခလေး
တစ်ဦးဟာ ဗုဒ္ဓရုပ်ထုကို အနမ်းချွေတဲ့ အတွက် တခြား သူ့အဖေါ် နှစ်ဦးနဲ့ အတူ
ဆိုင်ငံ့ ပြစ်ဒဏ် (၆) လ ချမှတ်ခံလိုက်ရပါတယ်။
အင်္ဂါနေ့က သူတို့ ပြစ်ဒဏ်ချမှတ်တဲ့ အခါ ဆိုင်းငံ့ ထောင် (၆) အပါအ၀င် ရူပီ ၁၅၀၀ စီ ဒဏ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အားလပ်ရက် ဓါတ်ပုံတွေအထဲမှာ အမျိုးသမီး တစ်ဦးက နုတ်ခမ်းနဲ့ ဗုဒ္ဓရုပ်ထုကို အနမ်းချွေနေတာကို တွေ့ရှိခဲ့တဲ့ နောက်ပိုင်းမှာ ခုလို ပြစ်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။
သူမနဲ့ အတူ ပြစ်ဒဏ်ချ မှတ်ခံရသူ
နောက်ထပ် နှစ်ဦးကတော့ သူမရဲ့ အဖေါ် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့
ဖြစ်ကြပါတယ်။
သူတို့ ၃ ဦးကို ဗုဒ္ဓရုပ်ထုကို ပြစ်မှားမူ
၊ မလေးစားမူနဲ့ နိုင်ငံ အလယ်ပိုင်းက Kandy မြို့မှာ အခုလို ပြစ်ဒဏ်ချမှတ်ခံရတာ
ဖြစ်ပါတယ်။
သူမရဲ့ အဖေါ်ဖြစ်သူ အမျိုးသားဟာ ဓါတ်ပုံထဲက
ဗုဒ္ဓဆင်းထုလို့ ထိုင်ပြီး သူမရဲ့ အနမ်းချွေနေတာကို ခံနေတာကလည်း ပတ်ဝန်းကျင်က
ဗုဒ္ဓဘာသာဝင်တွေကို စိတ်အနှောင့်အယှက် ဖြစ်စေလို့ သီရိလင်္ကာာာရဲ
တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
မဟုတ်တရုတ် ဓါတ်ပုံတွေ သီရိလင်္ကာကို
လာလည်တဲ့ ဧည့်သည်တွေဆီက ထပ်မထွက်လာဖို့ ရဲအရာရှိတွေကို သတိပေးထားတွေ
လုပ်ထားတယ်လို့ ဆိုပါတယ်။
No comments:
Post a Comment