နာမည်ကျော်
အီလက်ထရောနစ် ငွေပေးချေကတ်လုပ်ငန်း VISA Inc က ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့
ဝင်ရောက်လာမည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံနှင့်
မြန်မာနိုင်ငံဆိုင်ရာ VISA ရုံးမှ တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
''ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေအရ မြန်မာနိုင်ငံကို စီးပွားရေးအတွက်ပဲဖြစ်ဖြစ်၊ အပျော်ခရီးလာတာပဲဖြစ်ဖြစ်ဖြစ် လာရောက်ကြမယ့် နိုင်ငံတကာ
VISA ကတ် မြန်မာနိုင်ငံသို့ ၀င်ရောက်လာပါက Myanmar Payment Union
နှင့် ချိတ်ဆက်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများသာ အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း
Myanmar Payment Union အဖွဲ့ဝင်ဘဏ်များထံမှ သိရသည်။
VISA ကတ်ကဲ့သို့ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် ဂျပန် JCB ကတ်နှင့် တရုတ် CUP ကတ်တို့ကလည်း ပြင်ဆင်နေလျက်ရှိသည်။ မြန်မာဘဏ်များသည် အီလက်ထရောနစ် ငွေပေးချေမှုစနစ်ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစတင်ကာ အေတီအမ် ကတ်များဖြင့် ပြန်လည်စတင်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် Debit ကတ်အဖြစ် အသုံးပြုနိုင်မည့် MPU ကတ် စတင်ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။

No comments:
Post a Comment