ပထမဆုံးပုဂ္ဂလိကပိုင်
DIL ကုန်သေတ္တာသိုလှောင်စခန်းနှင့် ကုန်သေတ္တာယာဉ်ရပ်နားစခန်းဖွင့်ပွဲအား
သြဂုတ် လ ၂၂ရက်နေ့က အဆိုပါ ယာဉ်ရပ်နားစခန်း တည်ရှိရာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင်
ပြုလုပ်ခဲ့ပါသည်။
ယင်းကုန်သေတ္တာသို လှောင်စခန်းနှင့်ကုန်သေတ္တာယာဉ် ရပ်နားစခန်းအား
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းပေါ်ရှိ နိုင်ငံတော်မှ လုပ်ငန်းလုပ်ကိုင်ရန်
သတ်မှတ်ပေးထားသည့်
မြေဧက ၅၀ ပေါ်တွင် ဒဂုံဆိပ်ကမ်းစက်မှုဇုန် လုပ်ငန်းရှင် ၁၀
ဦးနှင့် ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေးအသင်းမှ လုပ်ငန်းရှင် ၅ဦးတို့ပါဝင်သော
ဒဂုံဆိပ်ကမ်း အပြည်ပြည်ဆိုင်ရာ ထောက်ပို့လုပ်ငန်းဝန်ဆောင်မှု ကုမ္ပဏီလီမီတက်မှ
တည်ဆောက်ထားခြင်းဖြစ်သည်။ ယခုဖွင့်လှစ်သည့် ကုန်သေတ္တာသိုလှောင်စခန်းနှင့် ကုန်သေတ္တာယာဉ်ရပ်နားစခန်းတွင် ကုန်သေတ္တာအခွံ ၅၀၀၀ခန့်နှင့် ကုန်သေတ္တာတင်ယာဉ်အစီး ၈၀၀ခန့်ကို သိုလှောင်ထားရှိနိုင်မည်ဟု သိရသည်။
ယင်းကုန်သေတ္တာသိုလှောင်စခန်းအား ၂၄နာရီ ၀န်ဆောင်မှုစနစ်ဖြင့်
ကုန်သေတ္တာများအား တင်၊ ချပေးနိုင်ရန် စီစဉ်ထားပြီး၊ ကုန်သေတ္တာများ
ပြုပြင်ခြင်းဝန်ဆောင်မှုလုပ်ငန်းကိုလည်း ထည့်သွင်းထားသည်ဟု ဆိုသည်။
''အခုလက်ရှိ ဆိပ်ကမ်းတွေမှာရှိတဲ့ ကုန်သေတ္တာသိုလှောင်စခန်းတွေမှာ
ကွန်တိန်နာတွေက ၆ထပ်၊ ၇ထပ်ထားရှိထားတာဖြစ်တဲ့ ပြန်လည်ထုတ်ယူတဲ့နေရာမှာ
အချိန်ကြန့်ကြာမှုတွေ ဖြစ်နေပါတယ်။ ကျွန်တော်တို့ DIL ကုန်သေတ္တာ
သိုလှောင်စခန်းနှင့် ကုန်သေတ္တာယာဉ် ရပ်နားစခန်းမှာက ကွန်တိန်နာတွေကို ၃ထပ်အထိပဲ
ထားရှိမှာဖြစ်တဲ့အတွက် စောင့်ဆိုင်းကြန့်ကြာမှုမရှိဘဲ လျင်မြန်စွာ
တင်ချပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်''ဟု ဒဂုံဆိပ်ကမ်း အပြည်ပြည်ဆိုင်ရာ
ထောက်ပို့လုပ်ငန်းဝန်ဆောင်မှု ကုမ္ပဏီလီမီတက်မှဥက္ကဖြစ်သူ ဦးကျော်ညွန့်လွင်က
ပြောကြားခဲ့သည်။
DIL ကုန်သေတ္တာသိုလှောင်စခန်းနှင့် ကုန်သေတ္တာယာဉ်ရပ် နားစခန်းတွင်
လက်ရှိတွင် ကုန်သေတ္တာခွံများနှင့် ကုန်သေတ္တာယာဉ်များ ရပ်နားရန်နေရာအဖြစ်
ထားရှိရာမှ အနာဂတ်တွင် အနယ်နယ် အရပ်ရပ်မှ ပို့ကုန်များကို လက်ခံ
သိုလှောင်ထားရှိပြီး၊ ကုန်စည်များ ဖြည့်သွင်းခြင်းလုပ်ငန်းကို
ပူးတွဲဆောင်ရွက်နိုင်ရန် စီစဉ်ထားသည်ဟု သိရှိရပါသည်။
from-Eleven
No comments:
Post a Comment