Wednesday, September 12, 2012

၁၁ နှစ်ပြည့်ပြီဖြစ်တဲ့ စက်တင်ဘာ ၁၁ ရက်နေ့


ဒီနေ့ဟာ ၂၀၀၁ ခုနှစ် စက် တင်ဘာ ၁၁ ရက်နေ့က အမေရိ ကန်ပြည်ထောင်စု ကမ္ဘာ့ ကုန် သွယ်ရေးမျှော်စင်f(World Trade Center)ကို အယ်လ်ကေဒါ အကြမ်းဖက်သမားများ လေ ယာဉ် လေးစီးကို အပိုင်စီးကာ အသေခံတိုက်ခိုက်ခဲ့တဲ့ (၁၁)နှစ် မြောက်နေ့ ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်ခဲ့လို့ အမေရိကန် ပြည်သူ ၃၀၀၀ ခန့် သေဆုံးခဲ့ရ တာကြောင့် ဒုတိယကမ္ဘာ စစ် နောက်ပိုင်း တစ်ကြိမ်တည်းနဲ့ အမေရိကန်မှာ လူအများဆုံး သေဆုံးခဲ့တဲ့ တိုက်ခိုက်ခံရတဲ့ အမေရိကန်ပြည်သူများ အရှိုက် ထိုး ခံခဲ့ရတဲ့နေ့လည်း ဖြစ်ပါ တယ်။
ထိုနေ့က သေဆုံးရသူများ အား အောက်မေ့ဖွယ် အခမ်း အနားကို မျှော်စင်ကြီးတည်ရှိရာ ဇီးရိုးဂရောင်း(Zero Ground)မှာ ကျင်းပနေကြပါတယ်။ ထူးခြား တာက ဒီနေ့အခမ်းအနားမှာ နိုင်ငံရေးအသိုင်းအ၀ိုင်းက ပုဂ်္ဂိုလ် တွေမပါဘဲ သေဆုံးသူမိသားစုဝင် များ၊ နယူးယောက်မြို့သူမြို့သား များက စီစဉ်ကျင်းပခဲ့ကြတာ ဖြစ် တယ်လို့ သိရပါတယ်။
ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို တက်ရောက် လာသူများအနေနဲ့ လောလော ဆယ် တိုင်းပြည်မှာ ဘတ်ဂျက်လို ငွေပြနေတယ်။ အလုပ်လက်မဲ့ တွေများနေတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းနေ တယ်။ ဒါ့ကြောင့် ဒေါ်လာဘီလီ ယံနဲ့ချီပြီး အကုန်အကျခံတည် ဆောက်နေတဲ့ ၉/၁၁ အထိမ်း အမှတ်ပြတိုက် တည်ဆောက်မှု ကို ရပ်ဆိုင်းထားဖို့ တောင်းဆိုခဲ့ ကြတယ်လို့ ဆိုပါတယ်။ သမ္မတ အိုဘားမားနှင့်ဇနီးတို့က ဝေါလ် ထရိတ်စင်တာ အတိုက်ခံရချိန် ဖြစ်သည့် နံနက် ၈ နာရီ ၄၅ မိနစ် ခန့်တွင်  အိမ်ဖြူတော်မှနေ၍ ဂါရ၀ပြုခဲ့ကြောင်း သိရသည်။

No comments: