ကြိုတင်
ငွေပေးချေကတ် အသုံးပြုသော မိုဘိုင်းဖုန်း များတွင် အ သုံးပြုနိုင်ရန်
အတွက် ကျပ်ငါး ထောင်တန်ငွေဖြည့် ကတ်များကို အသုံးပြုနိုင်တော့မည်ဖြစ်ပြီး
ယခု လအတွင်းတွင် စတင်အ သုံးပြုနိုင်မည်ဖြစ်သည်ဟု မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ကျပ်ငါးထောင်တန်ငွေဖြည့်ကတ်များထွက်ရှိခြင်း
နှင့်ပတ်သက်၍ ဆက် သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီးက လည်း နေပြည်တော် တွင်ပြုလုပ်သွားသော
အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်ဟုသိရသည်။ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးက “မိုဘိုင်း ဖုန်းငွေဖြည့်ကတ်တွေကို ငါးထောင်
တန်ပဲထုတ်ပေးမှာပါ”ဟု ပြော သည်။
အဆိုပါ
ငွေဖြည့်ကတ်များ မှာ ပြည်တွင်းတွင် အသုံးပြုနေ သော
မိုဘိုင်းဖုန်းများအားလုံးအ တွက် ထုတ်လုပ်သွား မည်ဖြစ်ပြီး အသုံးပြုသူများ
အဆင်ပြေစွာ ဝယ် ယူနိုင်ရန်အတွက် ထုတ်လုပ်သွား ခြင်းဖြစ်သည်။ အဆိုပါငွေ
ဖြည့်ကတ်များကို ထုတ်လုပ်ပြီး ပါကလည်း ဈေးကွက် အတွင်းရှိ
မိုဘိုင်းဖုန်းဆိုင်များ အား လုံးတွင် ဝယ်ယူနိုင်ရန် စီစဉ်ပေး
မည်ဖြစ်သည်ဟုလည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။
ယင်းသို့ကျပ်ငါးထောင်တန်
ငွေဖြည့်ကတ်များ ထွက်ရှိလာခြင်း နှင့်ပတ်သက်ပြီး ပြည်တွင်းမိုဘိုင်း
ဖုန်းဆိုင်တစ်ဆိုင်က “ငါးထောင် တန် ငွေဖြည့်ကတ်ထွက်တာ ကောင်းပါတယ်။
အဲဒါငွေများများ မ ဖြည့်နိုင်တဲ့သူတွေအတွက် အ ဆင်ပြေပါတယ်။ တချို့ဆို ကတ်မ
ဖြည့်နိုင်လို့ ချက်ချင်းငွေမဖြည့်ရ သူတွေတောင် ရှိပါတယ်။ ငါး ထောင်ဆိုတာ
အဆင်ပြေတဲ့နှုန်း ထားတစ်ခုလို့ထင်ပါတယ်။ ဒီထက် နည်းရင်လည်း ခဏခဏဖြည့်နေ
ရမှာပါ။ ငါးထောင်ဆိုတာအများ ကြီးတော့ အဆင်ပြေပါတယ်” ဟု သုံးသပ်ပြောကြား
သည်။
မြန်မာ့
ဆက်သွယ်ရေးလုပ် ငန်းမှ ကြိုတင်ငွေဖြည့်ကတ်အ သုံးပြုရသော
မိုဘိုင်းဖုန်းများအ တွက် ရောင်းချပေးသော ကြိုတင် ငွေဖြည့်ကတ်များမှာ
လက်ရှိ အချိန်တွင် ကျပ်တစ်သောင်းတန် ငွေဖြည့်ကတ်က အနည်းဆုံးဖြစ် ပြီး
နှစ်သောင်း၊ သုံးသောင်း အထိရှိသည်။
နိုင်ငံခြားဖုန်းခေါ်
ဆိုလိုပါက အက်ဖ်အီးစီငွေဖြည့် ကတ်များကို ထည့်သွင်းရမည် ဖြစ်သည်။
လက်ရှိတွင် ကြိုတင်ငွေဖြည့် ကတ်အသုံးပြုနေသော မိုဘိုင်းဖုန်း များမှာ
ဂျီအက်စ်အမ်ဖုန်းများ၊ WCDMA 800 MHz ဖုန်းများ၊ CDMA 450 MHz ဖုန်းများ၊
WCDMA ဖုန်းများဖြစ်သည်။ ယခင်က အသုံးပြုသော ဘီလ်စနစ် သုံးဖုန်းများကိုလည်း
မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း ကကြိုတင် ငွေ ဖြည့်ကတ်အဖြစ်သို့ ပြောင်းလဲအ
သုံးပြုနိုင်ရန် ဆောင်ရွက်ပေးခဲ့ သည်။

No comments:
Post a Comment