ချင်းပြည်နယ်
ထန်တလန်မြို့ အတွက် အစိုးရမှ ချပေးသည့် လျှပ်စစ် မီတာဘုတ် ၃၀ ကို
သက်ဆိုင်ရာ လျှပ်စစ်မှူးက ဖ လမ်းမြို့သို့ ပို့ခိုင်း လိုက်ကြောင်း သိရသည်။
“ထန်တလန်မြို့နယ် လျှပ်စစ်မှူးကို လျှပ်စစ်မီတာဘုတ် ၃၀ လာယူခိုင်းတာ သူက ထန်တလန်မှာ ၀ယ်ယူနိုင်မည့် လူရှိမှာ မဟုတ်ဘူး၊ ဖလမ်း ကို ပေးလိုက်ကြပါ လို့ ပြောလိုက်တယ်” ဟု ဟားခါးမြို့မှ လျှပ်စစ် ၀န်ထမ်းတဦးက ပြောသည်။
ထန်တလန်မြို့ပေါ်တွင် တပတ် အတွင်း ၄ ရက်ခန့်သာလျှပ်စစ်မီး မီးရရှိကြောင်း၊ ထို့ ကြောင့် ကျောင်းသူ ကျောင်းသား များကျောင်းစာ ကြည့် ရေး အခက်ကြုံနေကြကြောင်း ပြည်တွင်း
ခိုနုမ်းထုန် သတင်း ထောက်ထံမှ သိရသည်။
“ မီတာဘုတ် တလုံးက ၆ သိန်းလောက်ပဲနော်၊ ၀ယ်နိုင်မ၀ယ်နိုင်က အရေးမကြီးဘူး၊ လျှပ်စစ်မီး ပုံမှန်ရရှိဖို့ပဲလိုတယ်” ဟု ထန်တလန်မြို့ပေါ် မှ ကုန်သည်တဦးက ပြောသည်။
လျှပ်စစ်မှူးသည် ၁၉၉၉ ခုနှစ် မှ ၂၀၀၆ ခုနှစ်အထိ ထန်တလန်မြို့တွင် တာဝန်ကျစဉ် အစိုးရမှ ခွဲတမ်း ချပေး သော လျှပ်စစ်မီတာ ဘောက် များကိုကိုယ်ကျိုး အတွက် ရောင်းစားပြီး အကြွေး တင်လွန်းသောကြောင့် ထန်တလန်မြို့မှ ပြောင်း ရွှေ့ ခံခဲ့ရသော်လည်း မီ တာဘောက် ခ အ ကြွေး ချေနိုင်အောင် ၂၀၀၇ ခုနှစ်တွင် ထန်တလန်မြို့သို့ ပြန်လည် တာဝန် ကျပြောင်း ရွေ့လာကြောင်း သိရသည်။
“ ပြည်နယ်မှ အရာရှိတွေ ရောက်ရှိလာတဲ့ အချိန်မျိုးမှာသာမီးကိုရရှိတယ်၊အဓိကနာတာက ကျောင်း သား၊ ကျောင်းသူတွေပေါ့” ဟု ကျောင်း ဆရာတဦးက ပြောသည်။
ထန်တလန်မြို့အတွက် လျှပ်စစ်မီးကို လိုင်ကွာ ရေအားလျှပ်စစ်မှ ၀ပ် ၅၀၀ အားဖြင့် သွယ်ယူကြောင်း ပြည်နယ်အစိုးရက ထန်တလန်မြို့နယ် အတွက် တနှစ်လျှင် မီတာဘုတ် ၃၀- ၄၀ ချပေးကြောင်း သိရသည်။

No comments:
Post a Comment