Tuesday, September 18, 2012

ကလောင်အမည် မှူးဇော်ဖြင့် လူသိများသူ နိုင်ငံတော် သမ္မတရုံး ညွန်ချုပ် ဗိုလ်မှူးဇော်ဋ္ဌေးအား အခြေခံပညာ ဦးစီးဋ္ဌာနများတွင် ညွန်ချုပ်အအဖြစ် အသီးသီးပြောင်းလဲ တာဝန်ပေး

နိုင်ငံတော် သမ္မတရုံး၊ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ၂ ဦးအပါအ၀င် ညွှန်ကြားရေးမှူးချုပ် အချို့ ရာထူးပြောင်းရွှေ့
စက်တင်ဘာ ၁၈၊ ၂၀၁၂၊ YPI
နိုင်ငံတော် သမ္မတရုံး ညွန်ချုပ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွန်ချုပ် နှင့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ၂ ဦးအပါအ၀င် ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး ၁ဒါဇင်ကျော်ကို ရာထူးအပြောင်းအရွှေ့လုပ်ဆောင် လိုက်ကြောင်း ယနေ့ထွက်ရှိလာသည့် နိုင်ငံတော် ပြန်တမ်းအရ သိရှိရသည်။
ကလောင်အမည် မှူးဇော်ဖြင့် လူသိများသူ နိုင်ငံတော် သမ္မတရုံး ညွန်ချုပ် ဗိုလ်မှူးဇော်ဋ္ဌေးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွန်ချုပ်ဦးတင်မျိုးကြည်တို့အား အခြေခံပညာ ဦးစီးဋ္ဌာနများတွင် ညွန်ချုပ်အအဖြစ် အသီးသီးပြောင်းလဲ တာဝန်ပေးလိုက်ပြီး ဗဟိုဘဏ် ဒုဥက္ကဋ္ဌ နှစ်ဦးဖြစ်သည့် ဦးမောင်မောင်ဝင်းနှင့် ဦးနေအေးတို့ကို အခြားသော ဋ္ဌာနများတွင် ညွန်ချုပ်များအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်သည်ကိုတွေ့ရသည်။
ဦးသိန်းစိန် အစိုးရအဖွဲ့သက်တမ်း တစ်နှစ်ကျော်ကြာပြီးနောက် ယခင်လကုန်ပိုင်းက ၀န်ကြီး ဒုဝန်ကြီးများ ၃၀ ထက်မနည်း ပြောင်းလဲတာဝန်ပေးခြင်း နှုတ်ထွက်ခွင့်ပြုခြင်းတို့ လုပ်ဆောင်ပြီးနောက် ယခုလို ညွှန်ကြားရေးမှူးချုပ် အချို့ကို ပြောင်းလဲ တာဝန်ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ယခုနောက်ဆုံး ထုတ်ပြန်သည့် နိုင်ငံတော်ပြန်တမ်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ညွှန်ချုပ်အား အခြေခံပညာ ဦးစီးဋ္ဌာန အမှတ်(၁) ၏ ညွန်ချုပ်အဖြစ်၎င်း ပြောင်းလဲတာဝန်ပေးခဲ့သည်။
နိုင်ငံတော် သမ္မတရုံး ညွန်ချုပ် ဗိုလ်မှူးဇော်ဋ္ဌေးမှာ ကလောင်အမည် မှူးဇော်ဖြင့် ပြည်တွင်း သတင်းဂျာနယ်များတွင် နိုင်ငံရေး ဆောင်းပါးများ ရေးသားလေ့ရှိသကဲ့သို့ လူမှုကွန်ရက် ဖေ့စ်ဘွတ်တွင်လည်း Hmuu Zaw အမည်ဖြင့် သမ္မတရုံး၊ အစိုးရအဖွဲ့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ တင်ပြပေးသဖြင့် လူမှုကွန်ရက်သုံးစွဲသူများ အကြားထင်ရှားသူတဦးဖြစ်သည်။
ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန၏ ခေတ္တညွှန်ချုပ်ဖြစ်သူ ဦးတင့်ဆွေ မှာ ယခုပြန်တမ်းအရ ညွှန်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခံရသည်ကို တွေ့ရသည်။ ။


Reference and Credit to -Yangon Press International
Posted By Admin-KMO

No comments: