Monday, September 17, 2012

လူမှုရေးဖြင့် ရုပ်သံဖန်တီးမည် - နာရေးကူညီမှုအသင်း(ရန်ကုန်)

နေ့စဉ် တိုးတက်ပြောင်းလဲနေသည့်ကမ္ဘာကြီးပေါ်တွင် နေထိုင်နေကြသော ကျွန်တော်တို့သည် လူမှုရေး လုပ်ငန်းဖြစ်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကိုယ်စွမ်းဉာဏ်စွမ်း တတ်အားသရွေ့ ပါဝင်၍ တက်ကြွ စွာဖြင့် အများပြည်သူအတွက် ပေးဆပ်နေကြသလို နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး (အရေးပေါ်ကယ်ဆယ်ရေး) အစရှိသည့် လုပ်ငန်းရပ်များနှင့် လှုပ်ရှားမှုမှတ်တမ်း များအား ဒစ်ဂျစ်တယ်ဗီဒီယို နည်းပညာဖြင့် အများပြည်သူ ပြည်တွင်း/ပ အလှူရှင်များ ထံသို့ အရည်အသွေး
aကာင်းမွန်စွာဖြင့် ဖြန့်ချီပေးနိုင်ရန်အတွက် ရုပ်သံဖန်တီး ထုတ်လုပ်မှုသင်တန်း (Editing Training Course) အဖြစ် ဦးလင်းထွန်းဦး (ပေါ်ပြူလာဂျာနယ်)မှ အပါတ်စဉ် (စနေနေ့၊ တနင်္ဂနွေနေ့)များတွင် နံနက် (၈းဝဝ) နာရီမှ (၁ဝးဝဝ) နာရီအထိ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိ ကွန်ပြူတာသင်တန်းခန်းတွင် သင်တန်းကာလ (၃) လကြာမြင့်စွာ ပညာဒါနအဖြစ် ပေးဆပ်မည်ဖြစ်သည်။
သင်ကြားပို့ချရာတွင် ကွန်ပျူတာအခြေခံရှိပြီး ရုပ်မြင်သံကြားကြော်ငြာများ၊ ဗီဒီယို/ရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်မှု စိတ်ဝင်စားသူများ၊ ခေတ်ဟောင်း/သစ် ရုပ်သံနည်းပညာ၌ပါဝင်သည့် ဗီဒီယိုပုံရိပ်များ (Frame) ဖွဲ့စည်းမှုသီအိုရီများ၊ ဗီဒီယိုတည်းဖြတ်ခြင်းဆိုင်ရာ ဆော့ဝဲလ်များ၊ အရည်အသွေး ပြည့်မီသည့် HD Format များဖြင့် လက်ရကမ္ဘာ့အဆင့်မီ ရိုက်ကူးထုတ်လုပ်မှုများ အစရှိသည့် အခြေခံသင်ခန်းစာများ အား စာတွေ့အဖြစ် သင်ကြားပို့ချပေးမည်ဖြစ်ပြီး လက်တွေ့အဖြစ် “F.F.S.S (Ygn) Profile” Program ဖန်တီး၍ ဆရာ နှင့် အတူ သင်တန်းသား/သူများ အကောင်အထည်ဖော် ဖန်တီးခြင်းဖြင့် သင်ကြားပို့ချ သွားမည်ဖြစ် သည်။ ယခု သင်တန်းအမှတ်စဉ် ၁/၂ဝ၁၂ အနေဖြင့် သင်တန်းသား/သူ (၅) ဦးဖြင့်သာ ပို့ချမည် ဖြစ်ပေ သည်။

( မှတ်တမ်း-ဓာတ်ပုံ )

သတင်း-ဆောင်းပါး နှင့် ဓာတ်ပုံများ ပေးပို့လာသော
နာရေးကူညီမှုအသင်း(ရန်ကုန်) မှ  ဥက္ကဋ္ဌ ဦးကျော်သူ နှင့် စေတနာ့ ဝန်ထမ်းများ အားလုံးကို
အထူးကျေးဇူးတင်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)

No comments: