Monday, September 17, 2012

SEA Games ကျင်းပမည့် နေပြည်တော်က အားကစားရုံ (၈၅) ရာခိုင်နှုန်းပြီးစီး

 Monday, September 17, 2012 
၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက လက်ခံ ကျင်းပမှာ ဖြစ်ပြီး နေပြည်တော်မှာတည်ဆောက်နေတဲ့ အားကစားရုံကြီး (၃) ခုဟာအခုအခါ (၈၅) ရာခိုင်နှုန်းပြီးစီးနေပြီလို့ မလေးရှား Banama သ တင်း က ဖော်ပြပါ  တယ်။
တည်ဆောက်နေတဲ့ အားကစားရုံတွေကို ဇမ္ဗူသီရိ၊ ဇေယျာသီရိနဲ့ ဇမ္ဗူဒီပလို့ အမည်ပေးထားပြီး (၂၇) ကြိမ်မြောက် အ ရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲကို လူ သုံးသောင်းနှစ်ထောင် ဆန့်တဲ့ ဇမ္ဗူသီရီ အားကစားရုံမှာ ကျင်းပမယ်လို့ ဆိုပါတယ်။လူသုံးသောင်းကျော်ဆန့်တဲ့ ဇေယျာသီရိ အားကစားရုံမှာတော့ ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးမျိုး ကျင်းပမှာဖြစ်ပြီး ဒီနှစ် ဒီဇင်ဘာလမှာ အသင့်ဖြစ်နေဖွယ်ရာ ရှိတယ်လို့ သိရပါတယ်။

လာမယ့် ပြိုင်ပွဲမှာအိမ်ရှင်မြန်မာနိုင်ငံဟာ ဆုတံဆိပ် အများဆုံးရရှိဖို့မျှော်မှန်း ထားတယ်လို့လည်း မလေးရှား Banama သတင်း ကဖော်ပြပါတယ်။တစ်ချိန်က မြန်မာဟာ အားကစား အရာမှာ ဒေသတွင်းရဲ့ ကြယ်တစ် ပွင့်ဖြစ် ခဲ့ပေမဲ့ စစ်အစိုးရ အဆက်အဆက် နောက်ပိုင်းမှာ အဆင့်နိမ့်ကျသွားခဲ့ပါတယ်။
 
RFA
 

No comments: