Friday, October 19, 2012

ဆီးရီးယားလေတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၄၀ ထက်မနည်းသေဆုံး

Friday, October 19, 2012
ဆီးရီးယားအစိုးရ လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ယခုသီတင်းပတ်အတွင်း လူ(၄၀)ထက် မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ နိုင်ငံမြောက်ပိုင်း ဒေသများတွင် ဗုံကြဲမှုများကြောင့် ကလေးများ အပါအဝင်(၄၃)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြား သွားခဲ့သည်။နိုင်ငံတကာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် လက်ခ်ဒါ ဘရာဟီမီက အစိုးရ အနေဖြင့် သူပုန်တပ်ဖွဲ့များနှင့် တိုက်ခိုက်နေမှုကို ယာယီဖြစ်စေ ဆိုင်းငံ့ပါရန် တိုက်တွန်း ပြောကြားထားသော်လည်း ယခုလို တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းဟု သိရသည်။ ဘရာဟီမီသည် ဒမတ်စကတ် မြို့တော်သို့
သောကြာနေ့တွင် ဆိုက်ရောက်လာမည် ဖြစ်သည်။(၁၉)လကျော် ကြာမြင့်နေသည့် ပြည်တွင်းစစ်အတွင်းဆီး ရီး ယား ပြည်သူမြောက်မြားစွာ သေကြေပျက်စီးခဲ့ရသည်။ ဧပြီလက နှစ်ဖက်အပစ်အခတ် ရပ်စဲရေးသဘော တူညီခဲ့သော် လည်း သက်တမ်း မှာ ရက်ပိုင်း သာခံပြီး တိုက်ပွဲများ ပြန်လည်စတင် လာခဲ့ သည် ။ အစိုးရဆန့် ကျင်ရေး အင် အားစုများက ဆီးရီးယား အစိုးရ သည် တော်လှန်ရေး တပ်ဖွဲ့များ ၏ မိသားစုများကို ဦး တည်ေ သာ စစ် ဆင်ရေးမျိုးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာကြောင်း စွပ်စွဲခဲ့သည်။ စစ်ပွဲများအတွင်းဆီးရီးယား တွင်လူပေါင်း (၂၈၀၀၀)မှ(၈၀၀၀၀)ထိသေကြေခဲ့ပြီးဖြစ်ကြောင်းလူ့အခွင့်အရေးလှုပ်ရှားသူများ ကဆို သည် ။ကြာ သပတေးနေ့ က ဆီးရီးယား အစိုးရပိုင်  SANA  သတင်းဌာနကတော်လှန်ရေးသမားများ ကို "အကြမ်း ဖက် သမားများ"ဟု သုံးနှုန်း ဖော်ပြသွားသည်။ အစိုးရက အကြမ်းဖက်သမားများသည် ဒီရာအက်ဇိုရာ ဒေသ
တဝိုက်ရှိ ရေနံပိုက်လိုင်းများကို ဖောက်ခွဲခဲ့သည်ဟုစွပ်စွဲပြောဆိုသွားကြောင်း သိရှိရသည်။
OA

No comments: