Tuesday, October 30, 2012
ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် မကြာမီကာလအတွင်း ၄င်းတို့အတွက် ဖွင့်လှစ်ပေးမည့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်တက္ကသိုလ်၌ အဆင့်မြင့်

ပညာများ သင်ယူဆည်းပူးနိုင်တော့မည်ဖြစ်ကြောင်း
အောက်တိုဘာ ၂၈ ရက်သတင်းများတွင် ဖော်ပြထားသည်။ ကင်ညာနိုင်ငံ ဒါဒက်ဘ်ဒုက္ခသည်စခန်းအနီး၌ ကင်ညာတာ တက္ကသိုလ် (ကေယူ) က တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးခဲ့ရာ ဒါဒက်ဘ်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ သာမက ဒေသခံ ကင်ညာနိုင်ငံသားများပါ အဆင့်မြင့်ပညာများ သင်ကြားခွင့် ရတော့မည်ဖြစ်သည်။ ဒါဒက်ဘ်ဒုက္ခသည်စခန်း၌ စစ်ပွဲများနှင့် အငတ်ဘေး ကြောင့် ခိုလှုံနေကြရသော ဒုက္ခသည်ပေါင်း ၅၀၀၀၀၀ ကျော်ရှိသည်။
ဒုက္ခသည်များ ပညာဆည်းပူးနိုင်မည့် တက္ကသိုလ်တစ်ခုကို ဖွင့်လှစ်ပေးနိုင် ခြင်းသည် အာဖရိကတိုက်၌ ပေါ်ေ ပါက်နေသော ရေရှည် စစ်ရေးပဋိပက္ခများချုပ်ငြိမ်းရေးအတွက်လက်တွေ့ကျသည့်နည်းလမ်းတစ်ရပ်ဖြ စ်ကြောင်း ပညာရေး ဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
ကင်ညာတာတက္ကသိုလ် ဒါဒက်ဘ်နယ်မြေကို တည်ထောင်နိုင်ရေးအတွက် ကနေဒါ ကင်ညာဖွံ့ဖြိုးရေးဆိုင်ရာ ပူးတွဲအဖွဲ့အစည်းဖြစ်သည့် ဒုက္ခသည် စခန်းများအတွက် နယ်စည်းမဲ့ အဆင့်မြင့်ပညာရေးအဖွဲ့ (ဘီအိတ်ခ်ျ
အီးအာရ်) သည် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ၊ ပညာရေးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရသည်။
ISNM

No comments:
Post a Comment