Tuesday, October 30, 2012 အိန္ဒိယ နိုင်ငံတွင် ဝန်ကြီးသစ် ၂၂ ဦး ပါဝင်သော အစိုးရ အဖွဲ့သစ်ကို ဝန်ကြီးချုပ် မန်မိုဟန် ဆင်းက ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။အဆိုပါ အစိုးရ အဖွဲ့ဝင် ဝန်ကြီးသစ် ခုနစ်ဦး အနက် နှစ်ဦးမှာ အထက် လွှတ်တော်မှ ဒုတိယ ဥက္ကဋ္ဌ ကေရာ မန်ခန်းနှင့် အောက် လွှတ်တော်မှ ချန်ဒရက်ရှ် ကူးမာ ရီခါတော့ခ်ျ တို့ဖြစ်ပြီး ကျန်ငါးဦးမှာ အာဂျေမာကင်၊
ဒင်ရှာပါတယ်၊ အမ်အမ် ပါလစ်ရာဂျူး၊ ဟာရစ်ရှ် ရာဝပ်နှင့် အာရှဝါနီ ကူးမားတို့ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ၎င်းအဖွဲ့တွင် လွှတ်တော်မှ ပြောရေးဆိုခွင့် ရှိသူ မာနစ်ရှ် တီဝါရီ၊ ရုပ်ရှင်မင်းသား ဘဝမှ နိုင်ငံရေး သမား တစ်ဖြစ်လဲ ကေချီ ရန်ဂျီမီး၊ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ရှာရှီသာဂူးနှင့် အမျိုးသား ကွန်ဂရက် ပါတီခေါင်းဆောင် တာရစ် အန်နဝါ တို့လည်း ပါဝင်ကြောင်း သိရသည်။ အသစ်ပြောင်းလဲ ဖွဲ့စည်းလိုက်သောအစိုးရအဖွဲ့ဝင်ဝန်ကြီးများအနက်၁၅ဦးမှာအသက်အရွယ်ငယ်ရွယ်သော နိုင်ငံရေး သမား များ ဖြစ်ပြီး အစိုးရသစ်အား ''မျက်နှာသစ်နှင့် အတွေ့ အကြုံရှိ နိုင်ငံရေး သမားများ၏ ပေါင်းစပ် စုစည်းမှု''ဟု ဝန်ကြီးချုပ် မန်မို ဟန်ဆင်းက တင်စား ခေါ်ဝေါ်ထားကြောင်း သိရသည်။
မြ၀တီ
ဓာတ်ပုံ - AP

No comments:
Post a Comment