Sunday, October 21, 2012

အမေရိကန်မှာအောင်ပွဲရနေတဲ့ ကချင်တိုင်းရင်းသား

အမေရိကန်နိုင်ငံ Mixed Martial Arts လက်ဝှေ့လောကမှာ နာမည်ကြီးလာနေတဲ့ ကချင်တိုင်းရင်းသား အောင်လ
အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း Delaware ပြည်နယ်မှာ ဒီလ (၁၄)ရက်နေ့က ပထမဦးဆုံး အကြိမ်ပြုလုပ်တဲ့ ကိုယ်ခံပညာပေါင်းစုံအသုံးပြုတိုက်ခိုက်ရတဲ့ (Mixed Martial Arts) ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ဖွား ကချင်တိုင်းရင်းသား အောင်လအင်ဆန်း အနိုင်ရရှိခဲ့ပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ကချင်တိုင်းရင်းသားတွေရဲ့ ဂုဏ်ကိုမြှင့်တင်ချင်တဲ့အတွက် ဒီပွဲကို အနိုင်ရအောင် ထိုးသတ်ခဲ့တာဖြစ်တယ်လို့ အောင်လအင်ဆန်း က RFA ကိုပြောပါတယ်။
သူအနိုင်ရရခြင်း ပြိုင်ပွဲစင်မြင့်ကိုကာထားတဲ့ သံကွန်ခြာစည်းဝိုင်းပေါ်တက်ပြီး ကချင်အမျိုးသားအလံ ကို လွှင့်ထူခဲ့ပါတယ်။ အဲဒီ Cage Fury Fighting Championship (CFFC) ပြိုင်ပွဲကရတဲ့ ဆုကြေးငွေ တချို့ကို ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ပေးပို့ကူညီလိုက်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် သူဟာကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်ရတဲ့သူတဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ပြန် ပြီး မြန်မာလက်ဝှေ့နဲ့ သိုင်းပညာကိုလည်း သင်ယူချင်တယ်လို့ အောင်လအင်ဆန်းက ပြောပါတယ်။ အမေရိကန် ပရိသတ်တွေက အောင်လအင်ဆန်း (Aung La Nsang)ကို မြန်မာပြည်က စပါးကြီးမြွေ (BurmesePython)လို့တင်စားခေါ်ဝေါ်ကြပါတယ်။သူဟာအမေရိကန်ပြည်ထောင်စု မေရီလန်း ပြည်နယ်   ဘော်လ်တီမိုးမြို့က Crazy 88 ကလပ်မှာ ကိုယ်ခံပညာပို့ချနေပါတယ်။

No comments: