အစိုးရသတင်းစာ ရောင်စုံနဲ့ တွေ့မြင်လာရစဉ်
အစိုးရချုပ်ကိုင်ထားတဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့
အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ New Light of Myanmar စတဲ့သတင်းစာတွေကို
ပြည်သူလူထုကြိုက်ပြောင်းလဲဖန်တီးထုတ်ဝေတဲ့အခါ အဆင်ပြေချော
မွေ့အောင်
အများပြည်သူဝန်ဆောင်မှုသတင်းစာအုပ်ချုပ်ရေးအဖွဲ့ ဆိုတဲ့အဖွဲ့
တည်ထောင်လိုက်တဲ့ အကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့ ဒီနေ့ထုတ်သတင်းစာ
တွေမှာဖေါ်ပြထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌါန ဒုတိယဝန်ကြီး ဦးရဲထွတ်က
အရင်ခေတ်ကသတင်းစာတွေဟာ နိုင်ငံတော်ပိုင် မီဒီယာတွေဖြစ်တဲ့အတွက်
အစိုးရအမြင်နဲ့ ပါလီမန်သတင်းတွေလောက်ပဲ အဓိကထားဖေါ်ပြခဲ့တာတွေ
ရှိတဲ့အကြောင်းနဲ့၊ အခုနောက်ပိုင်းမှာတော့ အစိုးရရဲ့မူဝါဒတွေကို
ထောက်ပြဝေဖန်နိုင်ခွင့်ရလာ နိုင်တယ် လို့ ပြောဆိုတဲ့အကြောင်း AFP
သတင်းမှာဖေါ်ပြထားပါတယ်။
သတင်းစာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးရဲနိုင်မိုးကတော့
အခုပြောင်းလဲထုတ်ဝေမယ့် သတင်းစာတွေ မှာ ပြောရေးဆိုခွင့်မရတဲ့ပြည်သူတွေ၊
တိုင်းရင်းသားတွေရဲ့ အသံတွေကြားရအောင်
ဦးစားပေးတာမျိုးတွေ
ဖြစ်လာနိုင်မယ်လို့ပြောဆိုကြောင်း AFP သတင်းကဆိုပါတယ်။
No comments:
Post a Comment