Tuesday, October 23, 2012

မူဆယ်တွင် ဇုန်ငယ် ၁၁ ခု ပါဝင်မည့် ငါးခုမြောက် အထူးစီးပွားရေးဇုန် ဖော်ဆောင်မည်

TUESDAY, OCTOBER 23, 2012
မြန်မာနိုင်ငံတွင် နောက်ထပ် အထူးစီးပွားရေးဇုန်ကြီး တစ်ခုအဖြစ် မူဆယ်အထူးစီးပွားရေးဇုန် ဇုန်ငယ် ၁၁ ဇုန်ဖြင့် ဖွဲ့စည်းထူထောင်သွားရန် စီမံကိ
န်းအကြမ်းဖျင်းကို ရေးဆွဲထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြောကြောင်း ၁၇-၁၀-၂၀၁၂ ရက်က သိရသည်။လက်ရှိတွင် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်နှင့် ဧရာဝတီအထူးစီးပွားရေးဇုန်တို့ ဆောက်လုပ်ရန် အစီအစဉ်ရှိထားပြီးသား ဖြစ်ကာ ငါးခုမြောက်အဖြစ် ထပ်မံပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း သိရသည်။“Conceptual Plan တွေ ဆွဲပြီးသွားပါပြီ၊ မကြာခင် အကောင်အထည်ဖော်သွားဖို့ MIC ရဲ့ အတည်ပြုချက် စောင့်ဆိုင်းနေကြပါတယ်။ မူဆယ်SEZ ထဲမှာ ဇုန်ငယ် ၁၁ ဇုန် ပါဝင်ပါမယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အတည်ပြု ပြောကြားသည်။ အဆိုပါ SEZ မှာ တရုတ်နိုင်ငံ၏ ဈေးကွက်ကို ချိန်ထိုးနိုင်မည့် တစ်ခုတည်းသော နယ်စပ်အထူး စီးပွားရေးဇုန်ကြီး တစ်ခုဖြစ်ကာ ယင်းဇုန်အတွက်ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ ပါဝင်ရင်းနှီး မြှုပ်နှံကြလိမ့်မည်ဟု သိရသည်။ “ဇုန်ကြီးထဲက တချို့အပိုင်းတွေဖြစ်တဲ့ စီမံကိန်းလေးတွေ အများကြီး ရှိနေပါတယ်။ ဥပမာပြောရရင် ရွှေလီမြစ်ရဲ့ ဒီဘက်ကမ်း မူဆယ်ဘက်အခြမ်းမှာ အိမ်ရာစီမံကိန်းတွေရှိနေသလိုစက်ရုံတွေ အများကြီး တည်ဆောက်သွားဖို့ ရှိတယ်”ဟု ဝန်ကြီးချုပ် က ပြောကြား ခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ထုတ်ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထား ပါသည်။


Khit Lu Nge

No comments: