Tuesday, October 23, 2012

ဥပုဒ်စောင့်သော သစ်ကျုတ်နှစ်ကောင်

TUESDAY, OCTOBER 23, 2012
အာဖရိ ကျားသစ် (ချီတာ)ခေါ် သစ်ကျုတ်နှစ်ကောင် ၏ အမူအရာကို ဓာတ်ပုံဆရာ Michel Denis မှ ယခုကဲ့သို့ အမိအရိုက် ရိုက်ကူးနိုင်ခဲ့သည်။ ကင် ညာနိုင်ငံ ဆာဖီတောတွင်း တစ်နေရာတွင် ဖြစ် သည်။ယင်း သစ်ကျုတ်နှစ်ကောင်သည် အသက် ၁၈ လကတည်းက မိခင်မှ ခွဲထွက် ကာ နှစ်ဦးတည်း အတူနေ ထိုင်ကျက်စားသော သတ္တဝါများဖြစ်ကြ သည်။ အမဲအတူလိုက်ခြင်း၊ အတူဆော့ က စားခြင်းဖြင့် အ သက်ရှင် နေထိုင်ပြီး တစ်နေ့ အာဖရိက တောဆိတ်(Impala)အုပ်စုနှင့် ထိပ် တိုက် တွေ့ဆုံခဲ့သည်။ သစ်ကျုတ်တို့ရန် ကို ကြောက် လှန့်၍တစ်ဖွဲ့လုံး ထွက်ပြေးရာ အကောင်ပေါက်လေး တစ်ကောင် မှာ မလျင်မြန်ခဲ့ပေ။ ညီနောင်နှစ်ကောင် ၏ လက်အောက်သို့ ရောက်ရှိရလေတော့ သည်။သစ်ကျုတ် ညီအစ်ကိုတို့ အလွယ်တကူ ဖမ်းမိခဲ့သော်လည်း ၎င်းတို့၏ အပြုအမူ မှာ အံ့သြဖွယ်ရာ ဖြစ်ခဲ့ရသည်။ အကောင်မှာ ငယ်ရွယ်ပြီး အားနွဲ့ မှုကြောင့် သတ်စားခြင်း မပြုလုပ်ပဲ ယခုလို နွေးထွေးစွာ ပွတ်သပ်ပြီး ပြန် လွတ်ပေးခဲ့သည်။သားရဲတိရစ္ဆာန်မှန်လျှင် ရက်စက်သည်ဟု သိထားသောသဘာဝမှာယင်းသစ်ကျုတ် နှစ်ကောင်ကြောင့်ကမောက်ကမ ဖြစ်ခဲ့ရပြီး တော်ဆိတ်ကိုနွေးထွေး စွာ ဆက်ဆံသော သစ်ကျုတ်နှစ်ကောင်ပုံမှာ လူသိများထင်ရှားလာကြောင်း သိရသည်။

International news for myanma

No comments: