Tuesday, October 23, 2012

စစ်တွေတွင် ဘင်္ဂလီမူဆလင်များထံမှ လက်နက်မျိုးစုံဖမ်းဆီးရမိ ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိဟု ရခိုင်ပြည်နယ် ရဲမှူးကြီး အတည်ပြုပြောကြား

TUESDAY, OCTOBER 23, 2012

စစ်တွေ၊ အောက်တိုဘာ ၂၃ - ရခိုင် ပြည်နယ် စစ်တွေမြို့ရှိ သဲချောင်းကျေး ရွာနေ ဘင်္ဂါလီ မူဆလင် များထံပေးပို့ လိုက်သော လက်နက်မျိုးစုံဖမ်းဆီးရမိ သတင်းမှာ မှန်ကန်မှုလုံးဝမရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ မျိုးက အတည်ပြုပြောကြားသည်။...ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာ ၁၆ ရက်က ဘင်္ဂလီမူဆလင် ဘာသာဝင်များနေထိုင်သော အင်ဘာလာရပ်ကွက်တွင် နာရေးကိစ္စ တစ်ခု ဖြစ်ပွားခဲ့ပြီး ထိုနာရေးကိစ္စကိုသဲ ချောင်းရွာရှိ မူဆလင်ဘာသာဝင်များ အသုံးပြုသော သချိုင်းသို့ သွားရောက်မြှုပ်နှံပြီး အပြန်တွင် သဲချောင်းရွာမှ ဘင်္ဂါလီမူ ဆလင်ဘာသာဝင်များက ထည့်ပေး လိုက် သော M-19 လောင် ချာ ငါးလက်နှင့် အခြားလက် နက်မျိုးစုံကို သယ်ဆောင်လာ ကြောင်း ရခိုင်ပြည်သူ တစ်ဦး က စစ်တပ်သို့ ဖုန်းဆက် အကြောင်းကြားခဲ့ရာ မှ ဖမ်းဆီးရရှိခဲ့ကြောင်း အင်တာ နက်ပေါ်ရှိ Arakan Review ဝက်ဘ်ဆိုဒ် တွင် ဖော်ပြထား ချက်မှာ လုံးဝမ ဟုတ်မှန် ကြောင်း ပြည်နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ဆိုသည်။''အဲဒီသတင်းမှာဖော်ပြပါရှိတဲ့ အချက်တွေအားလုံးဟာ တစ်ခုမှမဟုတ်ပါ ဘူး။ အောက်တိုဘာ ၁၆ ရက်မှာ ဘင်္ဂါလီ မူဆလင်တွေနေထိုင်တဲ့ အင်ဘာ လာရပ်ကွက် (အောင်မင်္ဂလာရပ်ကွက်) အတွင်း နာရေးကိစ္စ တစ်ခုဖြစ်ပွား ခဲ့တယ်ဆို တာရယ်၊ M-19 လောင်ချာ ၅ လက်နဲ့ အခြားလက်နက်မျိုးစုံကို စစ်တပ်ကဖမ်း ဆီးရမိခဲ့တယ်ဆိုတာရယ်၊ လက်နက်တွေ ဖမ်းမိခြင်းနဲ့ ပတ်သက်လို့ မသင်္ကာ ဘင်္ဂလီ မူဆလင်ဘာသာဝင် ငါးဦးကို ဖမ်းဆီးစစ်ဆေးနေတယ် ဆိုတာတွေဟာ လုံးဝမဟုတ် ပါဘူး။ နောက်ပြီး 'စိန်' မုန့်တိုက်ပိုင်ရှင် ဘင်္ဂါလီမူဆလင်ဘာသာဝင် အိမ်ကိုရှာဖွေတဲ့အခါ လက်နက်တွေနဲ့ လက်နက်မှာအသုံးပြုတဲ့ ဒုံးရှည်တွေကိုရှာဖွေတွေ့ရှိခဲ့ တယ်ဆိုတာနဲ့ လုံထိန်းတပ်ဖွဲ့မှာရှိတဲ့ အရာရှိတစ်ဦးက ဝယ်ပေး တယ်ဆိုတဲ့ အချက်တွေဟာ အကုန်လုံးအမှားတွေ ချည်းပါပဲ။ ဒီဟာတွေဟာ ရခိုင်ပြည် နယ်အတွင်း မတည်မငြိမ်ဖြစ်အောင် ဖျက်လို ဖျက်ဆီးလုပ်လိုသူတွေက လူမျိုး ရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေအပေါ်အခွင့်ကောင်းယူပြီး ဆူပူအကြမ်း ဖက်မှုတွေဖြစ်ပေါ်လာအောင် မကောင်းတဲ့ရည်ရွယ် ချက်နဲ့ လှုံ့ဆော်ဖန်တီးဆောင်ရွက်ခြင်းသာဖြစ်တယ်လို့ ကျွန်တော်သုံးသပ်ယူဆမိပါတယ်''ဟု ယင်းက ပြော သည်။အဆိုပါသတင်းထွက်ပေါ်လာပြီးသည့်နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်လူမျိုးအကြား စိုးရိမ်ပူပန်မှုများ ပျံ့နှံ့ဖြစ်လာခဲ့ရကြောင်းသိရသည်။ ''ကျွန်တော်တို့ရွာမှာဆို အဲဒီ ဝက်ဘ်ဆိုဒ် မှာ ဖော်ပြထား တဲ့ အဲဒီသတင်းကို မိတ္တူတွေကူးပြီး လူတွေကို လိုက်လိုက်ဖြန့်နေကြပါ သေးတယ်။ ဒီလို ကာလမျိုးမှာ အသေအချာစုံစမ်းမေးမြန်မှုမရှိဘဲရေးထားတဲ့ အဲလို သတင်းအမှား တွေကို လိုက်ဖြန့်တော့ လူတွေလည်း ဘုမသိဘမသိ ယုံကြတော့တာပေါ့။ အခု ကာလ က ငြိမ်းချမ်းမှုကို လိုလားနေတဲ့အချိန်ပါ။ ဘာမဟုတ်တဲ့ ကောလဟာလ တစ်ခုကြောင့် ဆူပူမှုတွေ ထပ်ဖြစ်မှာကို လဲ အများကြီးစိုးရိမ်မိ ပါတယ်''ဟု ကျောက်တော်မြို့နယ် အပေါက်ဝကျေး ရွာမှ ကိုအောင် နိုင်ထွန်းကပြောသည်။ယင်းကိစ္စနှင့် ပတ်သက် ၍ ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးလှသိန်း က လည်း''ကောလာဟလဆိုတာမဟုတ်ဘူးလို့လဲပြောလို့မရသလို ဟုတ်တယ်လို့လဲ ပြောလို့မရပါဘူး။ ယုံသင့်မှယုံပါ။နောက်ပြီး အဲလိုသတင်းမျိုးတွေထွက် ပေါ်လာတိုင်း ကျွန်တော်တို့ပြည်နယ် အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်း စုံစမ်းကြစေလိုပါတယ်''ဟု ပြောသည်။


Yangon Media Group

No comments: