Monday, 22 October 2012
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဆိုင် ရာဝက်ဘ်ဆိုက်တစ်ခုကို လွှင့်တင်သွားမည်ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။အဆိုပါဝက်ဘ်ဆိုက်၌ စီးပွားရေးလုပ်ငန်ဆိုင်ရာနည်းပညာများ၊ အကြံဥာဏ်များနှင့် သင်တန်းများ၊ စီမံခန့်ခွဲမှုရေးရာများနှင့်ပတ် သက်သည့်အချက် လွှင့်တင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။''၀က်ဘ်ဆိုက်မှာ လွှင့်တင်မယ့်၊ ထည့်သွင်းဖော်ပြမယ့် အချက်အလက်တွေ
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဆိုင်
ရေးဆွဲတာက ပြီးနေပါပြီ။ အင်တာနက်မှာ လွှင့်တင်ဖို့အတွက် ရေးဆွဲတာက တစ်လခွဲကြာမယ် လို့ပြောတယ်။ နောက်တစ်လခွဲ ကြာရင်တော့ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းဆိုင် ရာဝက်ဘ်ဆိုက်ကိုလွှင့်တင်နိုင်ပါ လိမ့်မယ်''ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့ပါ သည်။ဝက်ဘ်ဆိုက်လွှင့်တင်ပြီးပါက ပြည်တွင်းစီးပွားရေးလုပ်ငန်းဆို င်ရာ အချက်အလက်များအပြင် ပြည်ပ ရှိနိုင်ငံရပ်ခြားအဖွဲ့အစည်းများနှင့် အာဆီယံကုန်သည်စက်မှုလုပ်ငန်းအသင်းများ၏ စီးပွာရေးဆိုင်ရာ သတင်းအချက်အလက်များကိုလည်း တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment